အရင်တုံးက ကျွန်တော့ blog က firefox 2.0 ဆိုရင် ဒီနေ့မြင်ရတဲ့အတိုင်းပေါ်ပေမယ့် တခြား browser တွေကဆိုရင် sidebar ကအောက်ကို ရောက်နေပါတယ်။ ကျွန်တော်က firefox 2.0 ကို သုံးတဲ့သူ ဆိုတော့ သတိမထားမိဘူး။ ပြီးခဲ့တဲ့လကမှကျွန်တော့ blog ကိုဖတ်တဲ့သူတစ်ယောက်ပြောမှ သိတာ ။ အပျင်းထူပြီးမပြင်ဘဲထားထားတာ။ ဒီနေ့တော့ပြင်လိုက်ပါပြီ။
Sidebar တချို့လင့်တွေကိုလည်းဖြုတ်လိုက်တယ်။
နောက်ထပ် အမှားတွေတွေ့ရင်လည်းထောက်ပြပေးပါ။
လီယိုဂျက်
Monday, January 28, 2008
ဒီနေ့ template က error တွေပြင်ထားတယ်
Posted by Leojack at 6:33 PM 0 comments
Labels: My Blog
အသုံးဝင်မဲ့ pay per click website
ကျွန်တော်အရင်တုန်းက adbux.org ကို ညွန်းခဲ့ဖူးတယ်။ အဲဒီ website ကအခုသုံးလို့ သိပ်အဆင်မပြေတော့ဘူး။
ကျွန်တော်အခု bux.to ဆိုတဲ့ website ကိုပြောင်းသုံးနေပါတယ်။
ကျွန်တော်တစ်ယောက်ရယ် သူငယ်ချင်း သုံးယောက်ရယ်ပါ။
လေးရက်အတွင်းမှာဘဲ ၁ ဒေါ်လာကျော်ကျော်ရလိုက်တာမို့မဆိုးဘူးဆိုပြီး ဒီပိုစ့်ကိုရေးလိုက်တာပါ။
Screen shot လည်းပြထားပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်
၁။ www.paypal.com မှာ account တစ်ခုအရင်ဖွင့် country နေရာမှာမြန်မာမှလွဲလို့ ကျန်တာသုံးနိုင်ပါတယ်။ မြန်မာနိုင်ငံကဆိုရင် proxy သုံးပြီးမှဖွင့်လို့ရမယ်။ paypal က မြန်မာကို ဘမ်းထားလို့ပါ။
၂။ verify credit card ဆိုရင် cancel လုပ်။
၃။ ပြီးရင် http://bux.to/?r=leojack ကိုသွား
၎။ account ဖွင့်။ ပြီးရင် login လုပ်ပြီး surf ads ကိုသွား။
၅။ ကြော်ငြာတွေ ကို click နှိပ်။ တစ်ခုကို 0.01 $ ပေးပါတယ်။ တစ်နေ့ကို အနည်းဆုံး 14 ခုကနေ 20 ကြားအထိတွေရတတ်ပါတယ်။
တစ်လဘယ်လောက်ရမလဲ?
သင်တစ်နေ့ ကြော်ငြာ 14ခုဆိုရင် = 14 * 0.01 = 0.14
တစ်လဆိုရင် = 0.14 * 30 = 4.2
ဒါကတစ်ယောက်ထဲကြည့်တာနော်။ သူငယ်ချင်းတွေကို referal ဖြစ်အောင်လုပ်နိုင်ခဲ့ရင်...
တောင်းဆိုချက်
တစ်ကယ်လို့ အခုမှ account အသစ်ဆောက်မယ်ဆိုရင် referal နေရာမှာ leojack ဆိုတာကို ထည့်ပေးပါ။
referal က အကောင့်ပြီးရင် ပြင်လို့မရတော့ဘူး။ အသစ်မှာဘယ်သူမှ referal bonus မရမည့်အတူတူ ကျွန်တော့ကို ပေးပါလား :)
bux.to ကိုသုံးလို့မေးစရာရှိရင် cbox မှာလာပြောနိုင်ပါတယ်
Posted by Leojack at 3:10 PM 0 comments
Labels: ကြော်ငြာ
Sunday, January 27, 2008
ကျွန်တော်အခု အိမ်ပြောင်းဖို့ကြိုးစားနေပါတယ်။
ကျွန်တော် blog ကို blogger ကနေပြီး တခြား web hosting တစ်ခုကို ပြောင်းမလို့လုပ်နေပါတယ်။
အခုရက်ပိုင်း blogger သုံးရတာသိပ်အဆင်မပြေဘူး။
Bagan ကဆို Banned ထားတယ်
MPT ကဆိုရင်လည်း Sign In လုပ်ရတာခက်တယ်
အဲဒါနဲ့စိတ်ညစ်ညစ်နဲ့ တခြား web hosting ကို ပြောင်းလိုက်တော့မယ်။
ကျွန်တော့ url က http://leojack.ehostix.com/blog ဖြစ်လိမ့်မယ်။
အခုထိတော့ side bar နဲ့ title ကုဒ်တွေမထည့်ရသေးဘူး။
ဆိုဒ်ပြီးရင်တွေ့ကြတာပေါ့
Posted by Leojack at 2:28 PM 0 comments
Saturday, January 26, 2008
အခုရက်ပိုင်းအင်တာနက်သုံးလျှင်သတိထားပါ
အခုရက်ပိုင်း အင်တာနက်မှာ gmail account ခိုးယူမှုတွေဖြစ်နေပါတယ်။
မိမိ account မပါသွားအောင်
၁။ Email သုံးတဲ့ password ကို အခြား social website တွေနဲ့ခွဲထားပါ။
၂။ မလိုအပ်လျှင် email account ကိုရိုက်မထည့်ပါနဲ့။
၃။ တကယ်လို့ ရိုက်ခဲ့ဖူးလျှင် password ကို ပြောင်းလိုက်ပါ။
ဘယ်လိုနည်းတွေနဲ့ခိုးယူတာလဲ။
Social website တွေက အဓိကပါ
အဲဒီ website တွေမှာ register လုပ်ပြီးလျှင် email contact list ကို import လုပ်ဖို့ဆိုပြီး email address နဲ့ password ကိုတောင်းပါတယ်။ အများအားဖြင့်တော့ ဒီ website တွေက ပြဿနာမရှိပါဘူး။ ဒါပေမယ့် အင်တာနက်ဆိုတာ ဘယ်သူကိုမှ ယုံလို့မရတဲ့နေရာမဟုတ်လား။
Posted by Leojack at 3:10 PM 0 comments
Saturday, January 12, 2008
I can't post today
I cannot post today.
The file which I put my blog post is corrupt. I can't recover it. All I have to do is re-write it.
Posted by Leojack at 11:25 PM 0 comments
Friday, January 4, 2008
လွတ်လပ်ရေးနေ့
လွတ်လပ်ရေးနေ့
ဒီနေ့ကတခြားနေ့တွေနဲ့ မတူဘူးဆိုတာကို အိပ်ယာကထ ကတည်းကသတိထားမိတယ်။
မနက်ခင်းထဲက လူကတက်ကြွလန်းဆန်းနေတာ တစ်နေ့လုံးပဲ။
ဘာလိုလိုနဲ့ ဒီနေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရတာ နှစ် ၆၀ ရှိခဲ့ပြီ။
အခုခေတ်ကလေးတွေက လွတ်လပ်ရေးနေ့ဆိုရင် ပျော်စရာနေ့ဆိုတာသာသိထားတယ်။ ဘာနေ့မှန်းသေချာသိကြတော့ဘူး။ ဒါကိုတော့ကျွန်တော် တော်တော်ဝမ်းနည်းတယ်။
တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်တွေအနေနဲ့ အသက်တွေပေးပြီးတိုက်ပွဲဝင်ကာ ဒီလိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်လုပ်ပေးခဲ့တာကိုတော့ သတိရသင့်တယ်။
ဒီပိုစ့်ဖြင့်လွတ်လပ်ရေးကိုကြိုဆိုရင်း အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုပါတယ်။
မြန်မာနိုင်ငံသားတွေသာမက တစ်ကမ္ဘာလုံးမှလူများ လွတ်လပ်သောအရသာကိုခံစားနိုင်ပါစေ။
ဒီနေ့တော့ကျွန်တော့ template စမ်းတာရပ်ပြီး december ကအတိုင်းပြန်ထားထားတယ်။
လွတ်လပ်ရေးနေ့မှာဘယ်သူမဆို လွတ်လပ်စွာလာလည်နိုင်ပါတယ်။
Posted by Leojack at 10:35 PM 0 comments
Saturday, December 29, 2007
New Year Counter
အခုဆိုရင် new year ရောက်ဖို့
တစ်ကယ်လို့ ဒီ flash ကိုကြိုက်ရင်
<embed type="application/x-shockwave-flash" src="http://h1.ripway.com/leojack/NewYear.swf" pluginspage=" http://www.macromedia.com/go/getflashplayer" height="100" width="210"></embed>
ဆိုပြီးသွင်းလိုက်ရုံပဲ
Posted by Leojack at 10:13 PM 0 comments
Wednesday, December 26, 2007
လျှို့ဝှက်နည်းနဲ့စာပို့မလား?
ဒီနည်းက NTFS file system မှာသာအလုပ်လုပ်ပါတယ်။ AFS (alternate file steam)လို့ခေါ်တယ်။
ဖိုင်တစ်ခုအောက်ထဲမှာတခြားဖိုင်ကိုဖွက်ထားတာပါ။ တခြား software တွေသွင်းစရာမလိုဘဲ command prompt အောက်ကနေလုပ်လို့ရပါတယ်။
၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ဖိုင်ရှိတဲ့နေရာကိုသွားပါ။
၂။ original file တစ်ခုရွေးပါ။ ဥပမာ- text.txt, picture.bmp, photo.jpg. (ကျွန်တော် text.txt ကိုရွေးလိုက်တယ်။)
၃။ ပြီးရင် command prompt မှာ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်။
၎။ ဖိုင်အသစ်ဖွင့်မှာလားဆိုရင် yes ။ ပြီးရင် ကိုပြောချင်တာတွေရိုက်ထည့်။ ပြီးရင်ဖိုင်ကို ပိတ်လိုက်တော့။
ဖိုင်ဆိုဒ်ကမပြောင်းဘူး။ တွေ့လား။
အဲဒီဖိုင်ကို ပိုချင်တဲ့သူဆီသာပို့လိုက်တော့။
ဘယ်လိုဖွင့်မလဲ?
၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ပို့လိုက်တဲ့ ဖိုင်ရှိတဲ့နေရာကိုသွားပါ။
၂။ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်ရင်... လျှို့ဝှက်စာလေးပွင့်လာလိမ့်မယ်။
မှတ်ချက်
text.txt နေရာမှာကြိုက်တာသုံးလို့ရပါတယ်။
hidden.txt နေရာမှာ ပို့မယ့်သူနဲ့ လက်ခံမယ်သူ နှစ်ယောက်သာသိထားတဲ့ စကားလုံးမျိုးဆိုရင် ပိုကောင်းပါမယ်။
သူကပြန်ဖွင့်မယ့် password အဖြစ်သုံးမှာပါ။
ဒီနည်းက စာကိုဘဲဖွက်လို့ရပါတယ်။
တစ်ကယ်လို့ ဖိုင်ကိုချုံ့ပြီးပေးချင်ရင် winrar ကိုသုံးပါ။ winrar ရဲ့ advance tab အောက်က save files security နဲ့ save files streams ဆိုတာလေးကို check လုပ်ပေးပါ။
ဒီနည်းနဲ့ ကိုယ့်ရည်းစားကို ဘယ်သူမှမရိပ်မိအောင်ချိန်းလို့ရတယ်နော်။
Posted by Leojack at 11:04 PM 0 comments
Marry Christmas
အားလုံးကို Marry Christmas ပါ
အမှန်ကမနေ့ကလုပ်ရမှာ။ မနေ့က flash တစ်ခုကို edit လုပ်နေတာ မပြီးသေးတာနဲ့ ....
ရေးလို့ပြီးရော Internet ဆိုင်တွေလဲပိတ်ပြီ။
flash ကိုတင်ထားပေးတယ်။
date ပြောင်းပြီး စမ်းကြည့်ပါလား။
Posted by Leojack at 10:37 PM 0 comments
Monday, December 24, 2007
စာလုံးသေးသည်ဟုပြောသူများအတွက်
ကျွန်တော့ဘလော့မှာ သုံးထားတဲ့စာလုံးတွေသေးလို့မမြင်ရဘူးလို့ တချို့တွေ(အထူးသဖြင့် j)ပြောပါတယ်။
ဒါဆိုရင် zoom ဆွဲပြီးကြည့်လို့ရပါတယ်။
ctrl + + (zoom in)
ctrl + - (zoom out) လုပ်ပြီးကြည့်ပေးပါ။
ဖတ်ရှုရာတွင်အဆင်ပြေကြပါစေ
Posted by Leojack at 9:32 AM 1 comments
