Friday, January 4, 2008

လွတ်လပ်ရေးနေ့

လွတ်လပ်ရေးနေ့
ဒီနေ့ကတခြားနေ့တွေနဲ့ မတူဘူးဆိုတာကို အိပ်ယာကထ ကတည်းကသတိထားမိတယ်။
မနက်ခင်းထဲက လူကတက်ကြွလန်းဆန်းနေတာ တစ်နေ့လုံးပဲ။
ဘာလိုလိုနဲ့ ဒီနေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရတာ နှစ် ၆၀ ရှိခဲ့ပြီ။
အခုခေတ်ကလေးတွေက လွတ်လပ်ရေးနေ့ဆိုရင် ပျော်စရာနေ့ဆိုတာသာသိထားတယ်။ ဘာနေ့မှန်းသေချာသိကြတော့ဘူး။ ဒါကိုတော့ကျွန်တော် တော်တော်ဝမ်းနည်းတယ်။
တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်တွေအနေနဲ့ အသက်တွေပေးပြီးတိုက်ပွဲဝင်ကာ ဒီလိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်လုပ်ပေးခဲ့တာကိုတော့ သတိရသင့်တယ်။
ဒီပိုစ့်ဖြင့်လွတ်လပ်ရေးကိုကြိုဆိုရင်း အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုပါတယ်။
မြန်မာနိုင်ငံသားတွေသာမက တစ်ကမ္ဘာလုံးမှလူများ လွတ်လပ်သောအရသာကိုခံစားနိုင်ပါစေ။

ဒီနေ့တော့ကျွန်တော့ template စမ်းတာရပ်ပြီး december ကအတိုင်းပြန်ထားထားတယ်။
လွတ်လပ်ရေးနေ့မှာဘယ်သူမဆို လွတ်လပ်စွာလာလည်နိုင်ပါတယ်။

No comments:

Post a Comment