Tuesday, December 30, 2008

Remove Gtalk Remembered Password

ကျွန်တော်တို့ အင်တာနက်ဆိုင်မှာ gtalk singin လုပ်နေတုန်း remember password ဆိုတဲ့အမှန်ခြစ်လေးကို မဖြုတ်လိုက်မိဖူးဆိုပါတော့။

နောက်တစ်ယောက်ရောက်လာရင် ကိုယ် account ကိုသုံးလို့ရသွားလိမ့်မယ်။ အောက်မှာဖျက်နည်းလေးရေးထားပါတယ်။

၁) အရင်ဆုံး gtalk ကို exit လုပ်လိုက်ပါ။

၂) Start Menu > Run (Shortcut – Window Key + R) ထဲမှာ regedit ဆိုတာရိုက်လိုက်ပြီး Registry Editor ကိုဖွင့်လိုက်ပါ။
၃) MyComputer\HKEY_CURRENT_USER\Software\Google\Google Talk\Accounts ဆိုတာလေးကို ဖွင့်လိုက်ပါ။

၎) ကိုယ့် User Name ကို delete လုပ်ပစ်လိုက်ပါ။
၅) အခု Gtalk ကိုဖွင့်လိုက်ရင် User Name ရော Password ဘာဖျက်ပြီးသားဖြစ်နေပါပြီ။

ကျန်သေးတယ်...

Sunday, December 28, 2008

Lesson 1

ကျွန်တော်က ဒီဘလော့မှာ လူသစ်ပါ..
ကိုလီယိုကြီးကို နည်းနည်းခေါင်းစားပေးလိုက်တာ..သဘောကျသွားပုံရပါတယ်..
ဒါနဲ့..ကျွန်တော့်ကို author account တစ်ခုပေးပါတယ်..
ပြီးတော့ မင်း C++ တွေရေးတဲ့... ဟဲ..ဟဲ..
ကျွန်တော်ကလည်း...ရက်ဆားပဲပေါ့... :D
C++ နဲ့ပါတ်သက်လို့ကတော့. ကျွန်တော်လည်း သူ့ကို ခုမှစကိုင်တာပါ..
ဒီတော့ကာ..ကျွန်တော် လေ့ကျင့်ခန်းလုပ်တာတွေကိုပဲ ရေးပါတော့မယ်...
ခုမှ စတင်လေ့လာသူများကို ရည်ရွယ်ပါတယ်....
မသိတာမရှင်းတာရှိရင် ကိုလီယိုကြီးကို မေးမြန်းနိုင်ပါတယ်.... :P အဟီး....

No.i.
C++ ကို ကျွန်တော်လည်း ခုမှစတင်လေ့လာတုန်းပါ.. အဓိက မိန်းပွိုင့်တွေကိုပဲရေးပါမယ်..
ကျွန်တော်နားလည်သလောက်ပေါ့… )

၁. #include <iostream.h>
၂. int main()
၃. {
၎. cout << ” Hello WORLD !. \n”;
၅. return 0;
၆. }

လိုင်းနံပါတ် ၁. မှ #include သည် ဒီပရိုဂရမ်ရဲ့အညွှန်းပါ။ မည်သည့် C++ တွင်မဆို
မပါမဖြစ်ရေးရပါတယ်… <*****.h> ကတော့ ကိုယ်ရေးမဲ့ ပရိုဂရမ်အတွက်လိုအပ်သလို ပြင်ရေးပါမယ်.. <iostream.h>.. ကတော့ cout << “ ” ; အတွက် ရေးရတာပါ တနည်းဆိုရင် cout << “ “ ; ကွန်မန်းသုံးဖို့လိုတဲ့ ပရိုဂရမ်တိုင်း အတွက်ထဲ့ရေးရပါမယ်။

လိုင်းနံပါတ် ၂. မှ int main() ဆိုတာကလည်း မပါမဖြစ်ပါပဲ။ ပြီးရင် နောက်တစ်ကြောင်း
လိုင်းနံပါတ် ၃. မှာ .. { .. ရေးပါမယ်. C++ program ရဲ့ စည်းမျဉ်းပုံစံကကို

#include <*******.h>
int main()
{
……………………………;
……………………………;
…………………….;
return 0;
}

အဲလိုပါ..

လိုင်းနံပါတ် ၃. မှ.. { .. ပြီးရင် လိုင်းနံပါတ် ၄. က cout << ” Hello WORLD !. \n”; ကတော့ ပရိုဂရမ်ကို run ( ctrl + F9 ) နှိပ်လိုက်တာနဲ့ စကရင်ပေါ်မှာ ပေါ်လာစေချင်ရင် သုံးပါတယ်..ဒီရိုဂရမ်ကို run လိုက်တာနဲ့ Hello WORLD!. ဆိုတဲ့ စာတမ်း ထွက်လာပါမယ်.. မယုံရင် run ကြည့်လိုက်ပါ.. :P :P P မပေါ်လာရင် ကိုလီယိုကြီးကို
မေးကြည့်နော်... :P
cout << “ “ ; မှာ “ ” ထဲမှာရှိသမျှ စာတွေ သင်္ကေတတွေကို စကရင်မှာ ဖေါ်ပြပါတယ်.. ခြွင်းချက်အနေနဲ့ \n ရယ် \t ရယ်ကတော့ “ ” ထဲမှာ ထည့်ရေး ပင်မယ့်လည်း ပေါ်မည်မဟုတ်ပါ။ သီးသန့်ကွန်မန်းများဖြစ်ပါတယ်။ “\n” က နောက်တစ်ကြောင်းဆင်း ၊ Enter ကိုနှိပ်သလိုပါပဲ။ “\t” ကတော့ tab တစ်ချက်ခုန်ခိုင်းတာပါ။ Tab ကီးကိုနှိပ်သလိုပါပဲ… အိုကေနော်…

1. #include <iostream.h>
2. int main()
3. {
4. cout << ” Hello World!. \n”;
5. return 0;

အဲလိုလေးရေးပြီး run ကြည့်ပါဦး… ဘယ်လို error တက်လည်းဆိုတာ မှတ်ထားဖို့ပေါ့..
ဒီလိုတစ်လွဲလေးတွေ ရေးကြည့်မှ..အမှားကိုသိမယ်လေ.. error message တို့
warning message တို့ကိုမြင်ရမယ်လေ..မှတ်ထားလိုက်ပေါ့…
ဒါမှ နောင်တစ်ချိန်ကိုယ် ကိုယ်တိုင်ရေးတဲ့အခါ..အမှားကိုပြင်လို့ရတာပေါ့..
ဒီပြင်လည်း..မှားနိုင်သမျှ.မှားပြီးရေးကြည့်ပါဦး၊ ဒီပုစ္ဆာကိုပဲ..ဥပမာ..

1. include <iostream.h>
2. int main()
3. {
4. cout >> ” Hello World! \n”
5. return 0;
6. {

ဖေါ်ပြလာတဲ့ error & warning message တွေကိုတော့ အလွတ်တာမှတ်ထားလိုက်ပေတော့
:P :D :)

1. #include <iostream.h>
2. int main()
3. {
4. int x = 5;
5. int y = 7;
6. cout “\n”;
7. cout << x + y << “ ” << x * y ;
8. cout “\n”;
9. return 0;
10. }

အိုကေ…
ရေးမယ်.. run မယ်..
ကဲ..ဘာတွေဖြစ်လာမလည်း..လုံးဝန်းတဲ့ကမ္ဘာကြီး..အရောင်တွေညစ်နေပြီလား.. ;P.
error တက်မယ်ဆိုတာတော့ သေချာပေါက်ပြောရဲပါတယ်.. :P
ဖြေရှင်းကြည့်လိုက်ရအောင်လေ.. ဘယ်သူ့ကိုမှ မမေးကြေးပေါ့…
lesson 1 was ended. :) ..

ကျန်သေးတယ်...

Thursday, December 25, 2008

25 Dec 2008

ဒီနေ့တော့ The Web Show အောင်မြင်စွာနဲ့ပြီးသွားပါပြီ။
ပထမ ရသွားတာကတော့ ကိုမျက်လုံး ဖြစ်ပါတယ်။

မနက် ၇ နာရီထဲကနေအိမ်ကထွက်လိုက်တာ အခုမှဘဲပြန်ရောက်တော့တယ်။
မနက်က တေဇာအိမ်ကိုသွားတယ်။ နောက် cycodyno က စက်တွေကိုယူတယ်။
လမ်း ၅၀ ထိပ်က လက်ဖက်ရည်ဆိုင်မှာ နန်းကြီးသုပ်စားတယ်။ ပြီးတော့ MICT ကိုသွားတယ်။
အထဲမှာစက်ဆင်တာ တော်တော်လေးပင်ပန်းသွားတယ်။ ကံဆိုးချင်တော့ ဒီနေ့ web show ဆိုကာမှ ကော်နက်ရှင်ကမရဘူး။ Offline Webshow ဖြစ်သွားတယ်။ တော်တော်တော့ရီရတယ်နော်။
Offline ဆိုတော့လည်း လာကြည့်တယ်သူတွေကို အားနာစရာတော့ဖြစ်သွားတာပေါ့။

နေ့လည်စာကတော့ MICT က ကန်တင်းမှာ Sakura Tower မှာစားရတဲ့ဈေးနဲ့စားခဲ့ရတယ်။
ညနေ ၃ နာရီခွဲလောက်မှာ ပွဲကိုပြန်သိမ်းလိုက်ပါတယ်။

ဒီနေ့ ဓါတ်ပုံတွေကတော့ နောက်မှဘဲသူများတွေဆီကတောင်းပြီးတင်လိုက်တော့မယ်။

ကျန်သေးတယ်...

Sunday, December 21, 2008

The Web Show





ကျင်းပမည့်ရက်25 Dec 2008
ကျင်းပမည့်အချိန်မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ကျင်းပမည့်နေရာMICT Park Yangon




ကျန်သေးတယ်...

Friday, December 12, 2008

Reflexive Arcade က ဂိမ်းတွေကို အချိန်ကန့်သတ်ချက်မရှိအောင်

Reflexive Arcade က ဂိမ်းတွေကို အချိန်ကန့်သတ်ချက်ရှိအောင် ကျွန်တော်တို့ crack လုပ်ကြည့်ရအောင်

ဘာတွေလိုမလဲ
olly debugger

ကျွန်တော်ကတော့ lavender ဆိုတဲ့ game ကို crack လုပ်ပြထားတယ်။
အောက်မှာပုံတွေကိုလေ့လာကြည့်ပါ။


အရင်ဆုံး olly debugger ကိုဖွင့်လိုက်ပါ။
ပြီးရင် open နှိပ်ပြီး crack လုပ်ချင်တဲ့ game ကိုဖွင့်လိုက်ပါ။
ပြီးရင် ctrl + A တစ်ခါနှိပ်ပြီး analysis လုပ်လိုက်ပါ။

1) Right-Click လုပ်ပြီးအောက်မှာပြထားသလိုရွေးလိုက်ပါ။


2)နောက်ထပ်အသစ်ပေါ်လာတဲ့ window မှာ



3) bad ဆိုတာကိုရှာပါ


4) No unlock code when purchased - bad error for you. ဆိုတာကို Right-Click > Follow in Disassembler


5)အောက်မှာပြထားတဲ့နေရာမျိုးလေးကိုရောက်သွားမယ်။


6) JNZ Short ဆိုတာကို click လုပ် spacebar နှိပ်လိုက် ပြီးရင် ပေါ်လာတဲ့ box ထဲမှာ NOP ဆိုတာရိုက်၊ Fill with NOPs ဆိုတာကို အမှန်ခြစ်ထားပြီး Ok နှိပ်လိုက်


7) ပြီးသွားရင် step 1) ကနေ step 5) ထိပြန်လုပ်ပါ ဒီတစ်ခါမှာ expirein10.txt ဆိုတာကိုရှာပါ။ အောက်မှာပြထားတဲ့နေရာကိုတွေ့ရလိမ့်မယ်။ မတွေ့ရင် အပေါ်ကိုနည်းနည်း scroll လုပ်ပေးပါ။


Test AL,AL ဆိုတဲ့အောက်က JE Short ဆိုတာရယ်။ Test AH အောက် JNZ ဆိုတာကိုပြင်ရပါမယ်။
ကျွန်တော် highlight လုပ်ပြထားပါတယ်။

8) JE Short ကို Right-Click > Assemble >


JNZ ဆိုပြီးပြောင်းလိုက်ပါ။



JNZ Short ကိုတော့ NOP လုပ်လိုက်ပါ။



အောက်မှာပြထားသလိုလေးဖြစ်သွားပါမယ်။



9) Right-Click နှိပ် Copy to executable > All modification


10) box အသစ်တစ်ခုကျလားပြီးမေးရင် Copy All
11) Right-Click နှိပ် Save File
12) Overwrite လုပ်မှာလားဆိုရင် yes (backup file ကို olly က auto လုပ်ပေးလိမ့်မယ် ပူစရာမလိုဘူး)

အခုဆိုရင်ကိုယ့်ဖာသာကိုယ် crack လုပ်ထားတဲ့ ဖိုင်နဲ့ကစားလိုက်တော့။
အင်တာနက်ပေါ်မှာ crack ဖိုင်ရှာရတဲ့ ဒုက္ခတစ်ခုတော့ လျော့သွားပြီပေါ့။

ကျန်သေးတယ်...

Friday, November 14, 2008

Google G1 phone bug

ကျွန်တော်တို့ရဲ့အချစ်တော် google ကထုတ်လိုက်တဲ့ဖုန်းမှာ တော်တော်ဆိုတဲ့ bug တစ်ခုပါလာတယ်။
bug ကတော့သိပ်အဆိုးကြီးမဟုတ်ပါဘူး။ reboot ဆိုတဲ့ စာလုံး message မှာပါသွားရင် ဖုန်းကို reboot လုပ်လိုက်တာပါ။
ကျန်တဲ့ bug တွေကိုတော့ကျွန်တော်လည်းသိပ်နားမလည်ဘူး။
original link

ကျန်သေးတယ်...

How to Killed Gtalk Virus

Virus Information

Type

Worm

First Detected Date

Oct 5 2008

File Size

267,085 bytes

File Version

3.2.12.0

File Name(Main File)

Chrome.exe

MD5 Hash

52e5c8fbe013e98c4b90feeec2da8b33

Which Antivirus Detect it

AntiVir, Avast, AVG, BitDefender, CAT-QuickHeal, eSafe, F-Secure, Fortinet, GData, Ikarus, Kaspersky, McAfee, Panda, Prevx1, SecureWeb-Gateway, Sunbelt, Symantec, TrendMicro

ဘာတွေလုပ်သလဲ?
c:\windows\system32\usnsvc.exe, C:\windows\system32\chrome.exe နှင့် C:\windows\system32\setting.ini ဆိုတဲ့ဖိုင်သုံးခုကို ရေးလိုက်ပါတယ်။
C:\autoexec.bat ဆိုတဲ့ဖိုင်ကိုပြင်ရေးဖို့ကြိုးစားပါတယ်။ (အများအားဖြင့်ကပြင်ရေးလို့မရပါဘူး။ ၀င်းဒိုးက ပေးမပြင်လို့ပါ)

D:\chrome နဲ့ D:\autorun.inf ဆိုတာကိုလည်းရေးလိုက်ပါတယ်။
C: အောက်မဟုတ်တဲ့(flash drive အပါအ၀င်) ဘယ် folder အောက်ကိုမဆို virus file ၀င်ရေးပါတယ်။
ဥပမာ - d:\newfolder ဆိုတာရှိရင် d:\newfolder\newfolder.exe ဆိုပြီးရေးလိုက်မှာပါ။

ပြီးရင် registry editor, folder option, task manager စတာတွေကို သုံးလို့မရအောင်ပိတ်လိုက်ပါတယ်။ command prompt ကို စက္ကန့်ပိုင်းအတွင်းပြန်ပိတ်ပါတယ်။

ဘယ်လိုသတ်မလဲ?
ဘယ်လိုသတ်မလဲဆိုတာကိုကျွန်တော် bat ဖိုင်ရေးပြီးတာကြာပါပြီ။
ဒါပေမယ့် ကျွန်တော်တင်မယ်လုပ်လိုက်တဲ့နေ့မှာဘဲ ဗိုင်းရပ်စ် က upgrade ဖြစ်သွားတယ်။ အဲဒါနဲ့ code တွေနည်းနည်းပြင်ရင်း နောက်ကျသွားတာပါ။ နောက်ပြီးကော်နက်ရှင်ကြောင့်လည်းပါပါတယ်။ ကျွန်တော် blog ရေးမယ်လုပ်လိုက်တိုင်းကျကျသွားတယ်။

ရှင်းရှင်းလေးပါအောက်ကဖိုင်ကိုဒေါင်းလုပ်လုပ်ပါ။
zip ကို ဖြည်ပြီး gtalk.bat ဆိုတာကို run လိုက်ပါ။
http://h1.ripway.com/leojack/Download/Gtalk.zip
ပြီးရင် antivirus တစ်ခုခုကို install လုပ်ပြီး harddisk တစ်ခုလုံးကို scan လုပ်လိုက်ပါ။

Install မလုပ်ချင်ရင်
search ကိုခေါ်လိုက်ပါ။ > all files and folders
> file name မှာ *.exe
> Look in > Local Harddrives
> what size it is? > specify in size မှာ at most ဆိုတာရွေးထားပါ။

ပထမ virus version ဆိုရင် 261 kb ရှိတယ်။

ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 261 kb ဆိုတာတွေက folder ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။

ဒုတိယ virus version ဆိုရင် 482 kb
ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 482 kb ဆိုတာတွေက camera ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။

ကျန်သေးတယ်...

Tuesday, October 7, 2008

Fake Antivirus

မနေ့က antivir.com မှာ ထူးခြားတဲ့ သတင်းတစ်ခုတွေ့လိုက်ရတယ်။
ထူးထူးခြားခြား antivirus အတုတစ်ခုအကြောင်းရေးထားတာပါ။
အဲဒီ antivirus က Antivirus XP 2008 ပါ။ သူကဗိုင်းရပ်စ်တွေ စက်ထဲမှာမရှိဘဲနဲ့ စက်ထဲမှာရှိတယ်လို့ပြတယ်။ တစ်ချို့ဗိုင်းရပ်စ် ဖိုင်တွေကို Antivirus Signature နဲ့အတူထည့်ပေးလိုက်ပြီး သူ့ဖာသာသူ virus တွေ create လုပ်ပြီး ဗိုင်းရပ်စ်တွေ့တယ်လို့ပြောတယ်။ အဲဒီဗိုင်းရပ်စ်တွေကို ရှင်းဖို့ဆိုရင် license ၀ယ်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ဒီလိုမျိုး ၀ယ်သုံးမယ်သူမရှိတော့ ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမယ့် သူက တစ်ချို့ဗိုင်းရပ်စ်တွေလောက်ပဲကာပေးနိုင်တာဆိုတော့ မသုံးသင့်ပါဘူး။ သုံးလက်စရှိရင်တော့ Uninstall လုပ်လိုက်တော့နော်။ ပြီးရင်စိတ်ချရတဲ့ Antivirus ပြောင်းတင်လိုက်ပါ။
Antivirus XP 2008 ရဲ့ Forge Result ကိုအောက်မှာပြထားပါတယ်။



ကျန်သေးတယ်...

Wednesday, October 1, 2008

Rar File Hosting

အကုန်လုံးက အင်တာနက်ပေါ်မှာ ဖိုင်တွေ share လုပ်ဖို့ hosting တွေအမျိုးမျိုးသုံးကြတယ်။
တစ်ချို့ဆိုဒ်တွေက အလကားရပေမယ် တစ်ချို့ကျတော့ ပိုက်ဆံပေးရတယ်။
အခုပြောပြမယ် ဆိုဒ်ကတော့ အလကားရပြီးတော့ ဖိုင်တစ်ခုကို 350 MB လောက်ထိတင်လို့ရတယ်။
ဖိုင်တစ်ခုကို inactive ဖြစ်တဲ့အချိန် ၂ လ ဆိုရင်တော့ ဖျက်ပစ်ပါတယ်။
ဒီဆိုဒ်မှာမကောင်းတဲ့ အချက်က Rar ဖိုင်တစ်မျိုးဘဲပေးတင်တာပါ။


ကျန်သေးတယ်...

Sunday, September 7, 2008

FoxyProxy ကိုသုံးပြီး ကျော်ကြည့်ရအောင်

ကျွန်တော်တို့ အင်တာနက်ကြည့်လို့ပိတ်ထားတာတွေကို Freedom သုံးပြီးကျော်ကြည့်ကြတယ်။ ဒါပေမယ့် ကျော်ဖို့မလိုတဲ့ ဆိုဒ်တွေကိုဆိုရင် proxy မသုံးဘဲ ဒီတိုင်းကြည့်တာက ပိုမြန်တယ်။ Browser နှစ်ခုခွဲပြီးကြည့်ရင်လည်း အဆင်မပြေဘူး။ အလုပ်ရှုပ်ပါတယ်။ ဒီတော့ …

Firefox မှာ FoxyProxy ဆိုတဲ့ add-on ရှိတယ်။
ကိုယ်ကဘယ်ဆိုဒ်တွေကို ဘယ် Proxy နဲ့ ကျော်ကြည့်မလဲဆိုတာ ကြိုရွေးထားလို့ရတယ်။
နောက်ပြီး ဘာပေါ်လာရင် Proxy ကိုသုံးမယ်ဆိုပြီး ချိန်ထားလို့လဲရတယ်။
ကျွန်တော်က freedom နဲ့ setting ချိန်တာကိုပဲ ပြောပါမယ်။
FoxyProxy Addon သွင်းပြီးရင် Browser ရဲ့ ညာဖက်၊ အောက်ထောင့်မှာ မြေခွေးခေါင်းပုံ ပေါ်လာပါလိမ့်မယ်။
Ctrl + F2 ကိုနှိပ်လိုက်ရင် setting box ကျလာပါလိမ့်မယ်။
Proxies ဆိုတဲ့ tab အောက်မှာ Default ကိုရွေးထားပြီး Edit Selection နှိပ်လိုက်ပါ။
Proxy Detail ကို Click လုပ်လိုက်ပြီး FireFox ရဲ့ Tools > Option > Advance > Network > Settings အောက်ကအတိုင်း ချိန်လိုက်ပါ။


ပြီးရင် Ok.
နောက် Add new proxy ဆိုတာကိုနှိပ်လိုက်ပါ။
အသစ်ပေါ်လာတဲ့ Box မှာ General > Proxy Name ကို Freedom ဆိုပြီးရိုက်ထားလိုက်
Proxy Detail ကို Click လုပ်လိုက်ပြီး Host Name: 127.0.0.1 Port: 8080 ဆိုတာဖြည့်လိုက်ပါ။
အောက်မှာပုံပြထားပါတယ်။


(Port Number က freedom မှာဘယ်လိုချိန်ထားလဲဆိုတာမူတည်ပါတယ်။ Default ကတော့ 8080 ပါ။)
ပြီးရင် ကြိုတင်ပြီးရွေးထားချင်ရင် Patterns > Add New Pattern ကိုနှိပ်ပြီး Pattern Name ရယ် Url Pattern ကိုဖြည့်ထားလိုက်ပါ။White List ကိုရွေးပါ။ ပြီးရင် Ok ပေါ့။
ဥပမာ - Pattern Name: Gmail
Url Pattern : *mail.google.com/*
မရွေးထားချင်ရင် OK လုပ်လိုက်ပါ။ Box တစ်ခုပေါ်လာမယ် Ok ထပ်နှိပ်ပါ။
ကျွန်တော်တို့ မြင်နေကြစာသားလေး
Access Denied
The access to requested URL has been denied
ဆိုတာလေးပေါ်လာတာနဲ့ Proxy ကိုအဲဒီ tab အတွက်သုံးဖို့ ချိန်ရအောင်
၁။ FroxyProxy Option အောက်က AutoAdd tab ကိုနှိပ်လိုက်ပါ။
၂။ Enable ကိုအမှန်ခြစ်ပါ။
၃။ Reload Page ကိုအမှန်ခြစ်ထားပါ။ notify me ကိုအမှန်ခြစ်လိုရင်ခြစ်ပါ။ မခြစ်ထားလဲရပါတယ်။
၎။ Prompt for editing ကိုတော့ ဖြုတ်ထားပါ။
၅။ အောက် Drop Down List Box ထဲမှာ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးလိုက်ပါ။
၆။ Pattern to identify block website ဘေးက Define ကို Click လုပ်ပါ။
၇။ ဘန်းထားရင်ပေါ်လာတဲစာသားထဲက တစ်ကြောင်းလောက်ကိုကူးပြီး ရှေ့နောက် * (ခရေပွင့်) ခံလိုက်ပါ။
ဥပမာ- BaganNet ဆိုရင် *The access to requested URL has been denied*
၈။ အောက် Wild Card ကို ရွေးထားပေးပါ။ ပြီးရင် Ok။ ဆက်တင်ချိန်တာပြီးပါပြီ။
မျက်လုံးလဲညောင်းရောပေါ။ အညောင်းပြေ ပိတ်ထားတဲ့ ဆိုဒ်တွေဖွင့်ကြည့်လိုက်နော်။ ကျော်ဖို့အတွက် freedom ဖွင့်ဖို့လဲမမေ့နဲ့အုံး။

ကျန်သေးတယ်...

Monday, June 30, 2008

svchost.exe

ဒီဗိုင်းရပ်ကအသစ်ပါ သူကို Antivir တစ်မျိုးကလွဲရင် Kaspersky, Norton, AVG စတဲ့ Antivirus တွေကမသိပါဘူး။

ဗိုင်းရပ်ရှိနေတာကို ဘယ်လိုသိနိုင်မလဲ။
USB drive ထည့်လိုက်ပြီး Open လုပ်လိုက်ရင် Message Box တစ်ခုကျလာလိမ့်မယ်။
Message box ထဲမှာ Drive not ready. Drive door may be open ဆိုတဲ စာသားမျိုးကိုတွေ့ရလိမ့်မယ်။

ဘယ်လိုသတ်မလဲ
၁။ taskmanager ကိုဖွင့်လိုက်ပါ။
၂။ Process အောက် image name ကို click တစ်ချက်နှိပ်ပြီး sort လုပ်လိုက်ပါ။
၃။ svchost.exe ဆိုတဲ့ process ကို လိုက်ရှာလိုက်ပါ။ တွေ့ရင် User Name အောက်ကိုကြည့်ပါ။ System, Network Service, Local Service မဟုတ်တဲ့ ဟာကိုလိုက်ရှာလိုက်ပါ။
၎။ End Process ကိုနှိပ်လိုက်ပါ။
၅။ Command Prompt ကိုဖွင့်ပါ။ del %windir%\system32\restore\svchost.exe ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
၆။ Registry Editor ကိုဖွင့်ပါ။ HKey_Local_Machie\software\Microsoft\windows\currentversion\run ကိုသွားပါ။
data ဆိုတဲအောက်က လမ်းကြောင်းမှာ c:\windows\system32\restore\svchost.exe ဆိုတဲ့ value ကို delete လုပ်လိုက်ပါ။
၇။ Command Prompt ကိုဖွင့်ပါ။ del /a:sh *\svchost.exe ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
နောက်ပြီး del /a:sh *\autorun.inf ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
* က ကျွန်တော်တို့ USB drive ရဲ့ Drive letter ပါ။

ကွန်ပြူတာကို restart လုပ်ပြီးရင် ဗိုင်းရပ်မရှိတော့ပါဘူး။

ကျန်သေးတယ်...

မွေးနေ့

ဒီနေ့ကတော့ တစ်ကယ်ထူးခြားတဲ့နေ့ပါ။
ကျွန်တော့သူငယ်ချင်း အောင်စည်ဟိန်း (နော်ဝေ) နဲ့ ကျွန်တော့ အမေတို့ရဲ့မွေးနေ့ဖြစ်ပါတယ်။
ကျွန်တော့ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် အလုပ်ရှုပ်နေလို့ဘာမှ မလုပ်ဖြစ်ပါဘူး။

ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်းက ၂၀ ပြည့်ပါပြီ။ ကျွန်တော့အမေ အကယ်၍ အသက်ရှိခဲ့ ရင် ၅၀ ရှိပါပြီ။
ဟုတ်ပါတယ် ကျွန်တော့အမေဆုံးတာ ဒီနှစ်ဆို လေးနှစ်ပြည့်ခဲ့ပါပြီ။

သူငယ်ချင်း အောင်စည်ဟိန်း ရောက်ရှိနေသောနေရာ မှာပျော်ရွှင်နိုင်ပါစေ။

ကျန်သေးတယ်...

Wednesday, June 25, 2008

သူငယ်ချင်း တေဇာရဲ့မွေးနေ့

ဒီနေ့က ၂၄ ရက်နေ့ပါ။
ညနေဖက် ကျောင်းကပြန်ရောက်တော့ တေဇာ ဆီကဖုန်းဆက်တယ်လို့အိမ်ကပြောတယ်။
ဖုန်းဆက်ကြည့်တော့ မှသူ့မွေးနေ့မှန်းသိတာ။ (တော်တော်ကောင်းတဲ့သူငယ်ချင်းနော်)
ဒီတော့ကျွန်တော်လည်း အမြန်ပြေးရတာပေါ့။ (အစားနဲ့ပတ်သက်တော့လဲ...)
အဲဒီပွဲမှာကျွန်တော်နောက်အကျဆုံးဘဲ။ မြေနီကုန်းက YKKO မှာကျွေးတာပါ။ ကျွန်တော်ရောက်တော့ အကုန်စားပြီးနေကြပြီ။
မဘာညာ က တေဇာ အတွက် မွေးနေ့ကိတ်လက်ဆောင်ပေးပါတယ်။ တခြား ဘလော့ဂါတွေလဲများကြီးလာပါတယ်။
ကျွန်တော်သိတာကတော့ မပင့်ဂိုး နဲ့ မဘာညာ ဘဲရှိတယ်။

တေဇာ မွေးနေ့က ၂၅ ရက်နေ့မှပါ။ ကြိုကျွေးထားတာတဲ့။

တေဇာ ယခုမွေးနေ့ မှစ၍ တစ်ဘ၀လုံး လိုချင်သည်များရရှိပါစေ။

ကျန်သေးတယ်...

Wednesday, June 11, 2008

Run Shortcut

ကျွန်တော်တို့ run မှာ excel လို့ရိုက်လိုက်ရင် excel ပေါ်လာတယ်။
ကျွန်တော်က gamer ဆိုတော့ game ကို အဲဒီလို ရိုက်လိုက်ရင် ပေါ်လာစေချင်တယ်။
ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော် DOTA နဲ့ နမူနာပြပါမယ်။

အရင်ဆုံး registry editor ကိုဖွင့်ပါ။
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Currentversion\App Paths\ ကိုသွားပါ။
Right-Click ထောက်ပြီး New > Key ကို click လုပ်ပါ။
ပြီးရင် dota.exe ဆိုပြီး နာမည်ပေးလိုက်ပါ။
ညာဖက်က box ထဲက (default) ဆိုတာကို double-click လုပ်ပြီး frozen throne.exe (game ရဲ့ EXE) ကိုညွန်လိုက်ပါ။
ကျွန်တော်က e:\games\war3\frozenthrone.exe ဆိုပြီးထည့်လိုက်တယ်။
registry editor ကိုပိတ်နိုင်ပါပြီ။
ပြီးတော့ run မှာ dota လို့ရိုက်လိုက်ရုံနဲ့ game ကို ကစားလို့ရပါပြီ။
ဘယ် software ကိုမဆိုလုပ်လို့ရပါတယ်။

ကျန်သေးတယ်...

Wednesday, May 21, 2008

Support Strom Victim

We have make a team to help victim of strom in Ayerwaddy Division.
And we are currently accepting donation. Any kind of help or donation (cash, food or clothes) are welcome.

We found this team by help of some friends in Singapore.
One of our friend coming Ayerwaddy Division say that some village doesn't get help from Government and NGO.
We will try to help that village.

Our Main Goal is to help victim from Lat-put-tar. But we will also help village along the road to there.

If you are interested you can contact us at

Zin Lwin Lut

Room(206), Building 2,
Anawrahta Housing,
Botataung Pagoda Road,
Pazuntaung Township, Yangon.
Ph- 01-299269

ကျန်သေးတယ်...

Tuesday, May 20, 2008

WindowXp Auto Logon

WindowXP မှာ Password ခံထားတဲ့ account ကို အလိုလျှောက် logon လုပ်ခိုင်းလို့ရပါတယ်။
ဒီနည်းက အင်တာနက်ဆိုင်တွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အင်တာနက်ဆိုင်တွေမှာ Admin Account နဲ့ User Account ဆိုပြီးခွဲထားတတ်လို့ပါ။ အဲဒီလိုခွဲထားရင် Window တက်တိုင်း သုံးချင်တဲ့ User ကိုရွေးရပါတယ်။ မရွေးချင်လျှင် auto logon လုပ်လိုက်ပါ။ လွယ်ပါတယ်။ အောက်ကအဆင့်လေးတွေကို သေသေချာချာဖတ်ကြည့်ပါ။

1. Run မှာ regedit လို့ရိုက်ပြီး။ Registry Editor ကိုဖွင့်လိုက်ပါ။
taskmanager ရဲ့ application tab အောက်က New Task အောက်မှာ ရိုက်လည်းရပါတယ်။
2. HKEY_LOCAL_MACHINE\Software\Microsoft\Window NT\Currentversion\Winlogon ဆိုတဲ့ Key ကိုသွားပါ။
3. AutoAdminLogon ကို 1 ထားပေးပါ။
4. AutoLogonCount ကို Decimal ရွေးပြီး သုံးချင်တဲ့အရေအတွက်ရိုက်ပေးပါ။ 10 လို့ရိုက်လျှင် auto logon ၁၀ ခါသာလုပ်ပေးမှာပါ။
5. DefaultDomainName ကို ကိုယ့်ရဲ့ Domain Name ကိုရိုက်ပါ။ မသိလျှင် command prompt မှာ net localgroup လို့ရိုက်ပြီး ENTER ခေါက်လိုက်ပါ။ Aliases for \\YourDomainName ထွက်လိုပါလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ။ ကျွန်တော့အတွက်တော့ Workstation ပါ။

6. DefaultPassword နဲ့ DefaultUserName ကို ကိုယ်သုံးချင်တဲ့ User Name နဲ့ Password ရိုက်ထည့်ပါ။
7. ForceAutoLogon ကို 1 ထားပေးပါ။
8. IgnoreShiftOverride ကို 0 ထားပေးပါ။
9. LegalNoticeCaption ကို Window မတက်ခင်ပေါ်လာမဲ့ box ရဲ့ ခေါင်းစဉ်ပါ။ ပေါ်လာစေချင်တဲ့ စာတွေကို LegalNoticeText မှာရိုက်ထည့်ပါ။ တစ်ကယ်လို့ box မတက်လာစေချင်ရင်၊ ဘာမှာမရိုက်ထားပါနဲ့။

Note
Auto Logon ကိုအလုပ်မလုပ်စေချင်ရင် window boot လုပ်နေစဉ်မှာ SHIFT KEY ကိုဖိထားပါ။ User Name ပေါ်လာမှလွှတ်ပါ။

ကျန်သေးတယ်...

Friday, May 16, 2008

ပိတ်ထားတာလေးတွေပြန်ဖွင့်မယ်

တစ်နေ့က ကျွန်တော်မြို့ထဲရောက်တုန်း အင်တာနက်ဆိုင်တစ်ဆိုင်မှာသွားသုံးတယ်။ သုံးတဲ့သူတော်တော်များတယ်။ ကော်နက်ရှင်လည်းကောင်းတယ်။
ဒါပေမယ့် သူတို့ဆိုင်က ပိတ်ထားတာ (restriction) လုပ်ထားတာတော်တော်များတယ်။

အသုံးအများဆုံး program တွေသုံးလို့မရဘူး။
ဥပမာ - command prompt နဲ့ task manager.
command prompt မရှိရင် IP ကိုရှာရတာနဲနဲခက်တယ်။
task manager မရှိရင် application piority တွေ၊ Hang နေတဲ့ application တွေပိတ်လို့မရဘူး။

Settings တွေလည်းပြင်ခွင့်မရှိဘူး။ ဒါကတော့ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် windowXP မှာ start menu ကို classic startmenu ဆိုတော့ကျွန်တော်လည်းမသုံးတတ်ဘူး။ ဒါလေးဘဲပြင်လိုက်မယ် ၊ ဘာကြာတာမှတ်လို့ဆိုပြီး task bar ပေါ် right-click လုပ်တော့မရဘူး။
သူတို့ကမပြင်စေချင်လို့ထင်တယ် ဆိုပြီးထားလိုက်တယ်။ Pen Drive တပ်ပြီး ကျွန်တော့ drive ကို explore လုပ်ဖို့ My Computer ကို ဘယ်လိုမှရှာမရဘူး။
*ဒါကတော့တော်တော်ဆိုးတယ်.*

ဒါနဲ့တစ်ခြား Folder တစ်ခုကိုဖွင့်ပြီး e:\ လို့ရိုက်လိုက်တော့ ကျွန်တော့ Drive တက်လာတယ်။ ကျွန်တော်သုံးနေကျ OperaUSB 9.27 ကိုဖွင့်လိုက်တော့ command prompt is disable by your adminstrator တဲ့။ OperaUSB က အစမှာ command prompt လိုပါတယ်။ သူ့ရဲ့ဖိုင်ကို setting ချိန်ဖို့ပါ။
သူတို့ကိုပြောတော့ သူတို့ဆိုင်က browser ကိုသုံးပါတဲ့။ ကျွန်တော်က ကိုယ့် setting နဲ့ကိုယ်သုံးတာဆိုတော့ အဆင်မပြေဘူး။ (ဒေါသလည်းတော်တော်ထွက်သွားတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုမြန်မာနိုင်ငံသားဆိုတာကို သတိရလိုက်တော့...)
ကိုယ်ဖာသာကိုဘဲ ပိတ်ထားတာတွေကို ပြန်ဖွင့်လိုက်တယ်။

အရင်ဆုံးစက်တိုင်းမှာပါတဲ့
IE ကိုဖွင့်လိုက်တယ်။
%windir%\ လိုရိုက်ထဲပြီး ?:\windows\system32 ကိုသွားတယ်။
? ဆိုတာက window တင်ထားတဲ့ drive ပါ။
regedit.exe (registry editor) ကိုရှာမတွေဘူး။
ဒါနဲ့ regedt32 ကိုဖွင့်လိုက်တယ်။ သူတို့နှစ်ခုက အတူတူပါဘဲ။
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer] နဲ့
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\system] အောက်မှာ တန်ဖိုး 1 ဖြစ်နေတာတွေကို 0 လိုက်ပြောင်းလိုက်တယ်။
[HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer] နဲ့
[HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\system] အောက်မှာလည်းရှိသေးတာတွေကို 0 ထပ်ပြောင်းတယ်။
တော်တော်များများပွင့်သွားပြီ။ right-click မရသေးဘူး။ explore ကို restart လုပ်ပေးရမယ်။ ဒါပေမယ့် command prompt လိုတယ်။

[HKEY_CURRENT_USER\Software\Policies\Microsoft\Windows\System] အောက် DisableCMD ဆိုတာကို 0 ထားလိုက်ရင် command prompt ရပြီ။

?:\windows\system32 မှာ cmd.exe ဆိုတာကို ဖွင့်လိုက်။
ပြီးရင် tskill explorer.exe ဆိုပြီး explorer ကိုပိတ်လိုက်။
start explorer.exe ဆိုပြီး ပြန်ဖွင့်။
BINGO! အကုန်ပြန်ရပါပြီ။

(တစ်လက်စတည်း [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Run] အောက်ကိုသွားပြီး Keylogger ရှိမရှိပါ စစ်ခဲ့လိုက်တယ်။)

ကျွန်တော်အဲသည်လိုလဲ ဖွင့်ပြီးသုံးလဲသုံးရော ဆိုင်ကလူက ကျွန်တော့ကိုဘာမှမပြောပေမယ့် အနောက်ကနေတစ်ချိန်လုံးလာပြီး ကွက်ကြည့်ကွက်ကြည့်လုပ်သွားတယ်။ အရိုက်မခံရတာ တော်သေးတာပေါ့။

ကျန်သေးတယ်...

Wednesday, April 30, 2008

How to kill AutoIT.i Virus

ဒီ virus က တော်တော်သတ်ရခက်ပါတယ်။ သူကို သတ်လိုက်တာနဲ့ ကွန်ပြူတာကို restart လုပ်လိုက်ပါတယ်။
ဒီ ဗိုင်းရပ်ရှိနေကြောင်းကို ဘယ်လိုသိနိုင်ပါသလဲ?
၁) Folder Option ကိုမမြင်ရပါဘူး။
၂) Pendrive / thumbdrive / USB device တွေဖွင့်လိုက်ရင် My Document ဘဲတက်လာခြင်း
၃) Command Prompt ဖွင့် လိုက်ရင် သူ့အလိုလိုပြန်ပိတ်သွားခြင်း
၎) Registy Editor ခေါ်လို့မရခြင်း
၅) Task Manager ခေါ်လို့မရခြင်း ....

ဘယ်လိုသတ်မလဲ။
၁) ဒီဖိုင်ကို download လုပ်ပါ။ c:\ အောက်မှာသိမ်းထားပါ။ Right-click here and choose save target as to download
၂) ကွန်ပြူတာကို restart လုပ်ပါ။
၃) F8 key ကိုနှိပ်ပြီး safemode with command prompt ကိုရွေးပါ။
၎) command prompt မှ reg import c:\regsitry.reg ဆိုပြီးရိုက်လိုက်ပါ။
၅) regedit လို့ရိုက်ပြီး Regsitry Editor ကိုခေါ်ပါ။
၆) HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run ကိုသွားပါ။
၇) SYS1, SYS2, SYS3 နှင့် SYS4 ဆိုတဲ့တန်ဖိုးတွေကို delete လုပ်လိုက်ပါ။ Registry Editor ကိုပိတ်ပါ။
၈) command prompt မှာ
del %windir%\system32\system.exe
del %windir%\system32\bad1.exe
del %windir%\system32\bad2.exe
del %windir%\system32\bad3.exe
ဆိုတာတွေရိုက်ပါ။
shutdown -r -t 0 ဆိုပြီး ကွန်ပြူတာကို restart လုပ်ပါ။ USB drive တွေတပ်ထားရင်ဖြုတ်ထားပါ။
၉) ဗိုင်းရပ်အလုပ်မလုပ်တော့ပါဘူး။
Antivirus သွင်းပါ။ သွင်းပြီးရင် USB ပြန်တပ်နိုင်ပါတယ်။
၁၀) Antivirus နဲ့ USB drive နဲ့ Hard Disk တွေကို scan လုပ်ပါ။ ဒါဆိုရင် ဗိုင်းရပ်ဖိုင်မရှိတော့ပါဘူး။

ကျန်သေးတယ်...

Monday, April 21, 2008

TreatFire

TreatFire Behavior-Base Threat detection Program. It find malware by analysing Program Behavior unlike traditional antivirus which scan files with signature.
Virus can be missed if there is no signature for that virus. But TreatFire can found if it break it rule. If program break rule, TreatFire will suspend it and prompt to allow or deny.
In last year, there is a program Cyberhawk which is like TreatFire. Cyberhawk is from Symatec and TreatFire is from PC Tools. Both are good antivirus vendors.
TreatFire has two version, namely Free and Pro. Free version is not have on demand scan for know treat, which act like antivirus. Other functions are same.


TreatFire က Behavior-Base Threat detection Program.
သူက antivirus တွေနဲ့မတူဘူး။ antivirus တွေက ဖိုင်ကို signature တွေနဲ့တိုက်ကြည့်ပြီး စစ်တယ်။
TreatFire က ဖိုင်ရဲ့အလုပ်လုပ်ပုံကိုစောင့်ကြည့်တယ်။ ဥပမာပေးရမယ်ဆိုရင် antivirus တွေက ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကို လိုက်ဖမ်းတာဖြစ်ပြီး၊ TreatFire ကစောင့်ကြည့်နေတဲ့ လုံခြုံရေး တွေနဲ့တူတယ်။
TreatFire က Rule ကိုသုံးပြီးစောင့်ကြည့်တယ်။ ဖိုင်က rule ကိုကျော်သွားရင် ဖိုင်ကိုရပ်ထားပြီး ကိုယ့်ကိုအကြောင်းကြားတယ်။ Allow လုပ်မှဆက်ပြီး run တယ်။
2007 တုန်းက CyberHawk ဆိုပြီး software တစ်ခုထွက်ခဲ့တယ်။ CyberHawk က Symatec ကထုတ်တာ။ TreatFire က PC Tools ကထုတ်တာ။ သူတို့နှစ်ခုကွာခြားချက်က TreatFire မှာ Treat Signature ပါလာတာပါ။ ဖိုင်က rule ကိုဖောက်ခဲ့ရင် signature နဲ့စစ်ပြီးတော့ virus အမျိုးအစားကိုခွဲပေးတယ်။
Behavior Base ဖြစ်လို့ Antivirus တွေထက်လည်းပိုပေါ့တယ်။ နောက်ပြီး အလကားလည်းသုံးလို့ရတယ်။ Pro Version ကတော့ ပိုက်ဆံနဲ့ဝယ်သုံးရမယ်။ Pro Version နဲ့ Free Version က သိပ်မကွာပါဘူး။
ကျွန်တော်အခုဆိုရင် အိမ်မှာ antivirus တောင်ပိတ်ထားလိုက်ပြီ။

ကျန်သေးတယ်...

Friday, April 11, 2008

Free online file scan

I would like to introduce you to a site

Virus total is free online file(virus) scanner site. All you have to do is to upload files and wait for result. They will scan your files with 32 virus scanners. And post the result.
The following is my scan and result for one virus in my drive.




As you see only 19 of 32 virus scanner report this files as virus.
If we use 32 virus scanner on our computer to scan file, it will take a lot of time.
So I wish VirusTotal to stand forever.

ကျန်သေးတယ်...

Tuesday, April 8, 2008

Antivirus Software Review











































































































































































































































































Antivirus
Name
Signature False
Positive
Proactive
Defense
Respond
Time
Rookit
Detection
Total
Score
Antivir 5 4 4 5 4 4.4
Avast! 5 3 3 4 4 3.8
AVG 5 4 3 3 4 3.8
AVK 2008 5 3 4 5 2 3.8
BitDefender 5 3 5 4 4 4.2
ClamAV 1 2 2 5 1 2.2
Command 1 4 2 3 1 2.2
Dr Web 3 3 4 3 4 3.4
eTrust-VET 1 5 2 1 4 2.6
Fortinet 4 1 5 4 0 2.8
F-Prot 4 4 2 3 3 3.2
F-Secure 4 4 5 4 5 4.4
Ikarus 4 2 4 4 3 3.4
K7
Computing
1 3 2 2 1 1.8
Kaspersky 5 3 4 5 4 4.2
McAfee 4 5 4 2 4 3.8
Microsoft 4 5 2 1 3 3
Nod32 4 4 5 4 4 4.2
Norman 4 4 4 3 3 3.6
Panda 4 3 5 3 5 4
QuickHeal 1 3 3 3 2 2.4
Rising 4 3 3 3 3 3.2
Sophos 4 4 5 4 4 4.2
Symantec 5 5 4 3 5 4.4
Trend
Micro
5 4 4 4 5 4.4
VBA32 3 3 4 3 3 3.2
VirusBuster 1 4 2 3 3 2.6
WebWasher 5 3 5 5 0 3.6




The best antivirus is Antivir, F-Secure, Symantec and Trend Micro.
Antivir, Symantec and Trend Micro has good virus signature, basic need
for antivurs program, than F-Secure.
F-Secure programmer consider they do not need strong database as it's
behavioral analysis system is stronger than other.
Behavioral analysis is the only protection aganist Zero-day virus.
Although overall rating of symantec is good, they delay in relasing
their update when new virus comeout.
Second best antivirus is BitDefender, Kaspersky, Nod32 and Sophos.
BitDefender and Kaspersky give more false alarm. But they have good
signature of virus. These four program release their update frequently.
Defination
Virus Signature - Virus signature is heart of antivirus program.
Without this program cannot define what is virus and what is not.
Proactive Defense - Some of AV has this feature. This feature is to
protect aganist 0 (zero) day virus.
False Positive - False positive is one when AV program tell good
program as virus.
Respond Time - Respond time is define as the time interval between
updates.
Rootkit Detection - To detect rootkit, type of virus which give
attacker admin right.

ကျန်သေးတယ်...

Saturday, April 5, 2008

What Am I?

Am I girl or boy?
I am ...




You Are 70% Boyish and 30% Girlish



You are pretty evenly split down the middle - a total eunuch.

Okay, kidding about the eunuch part. But you do get along with both sexes.

You reject traditional gender roles. However, you don't actively fight them.

You're just you. You don't try to be what people expect you to be.

ကျန်သေးတယ်...

Friday, March 14, 2008

New Things which Microsoft Will release...

There are two new things which microsoft will release. They are...
1) Window 7 (the new generation of window blackcomb)
Microsoft is working to make window 7 for 3 year. And keep it as secrets. But the secrets is reveal by his employer.

2) Internet Explorer 8
A lot of feature is embedded in internet explorer 8. Security and Speed is improved. Only available in beta version.



မိုက်ခရိုဆော့ က အသစ်ထုတ်မယ့် ၂ ခု


ပထမတစ်ခုက
Window 7
Window 7 က window blackcomb ရဲ့ဗားရှင်းအသစ်ဖြစ်ပါတယ်။ ဒီဗားရှင်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲကစလုပ်ခဲ့ ပေမယ့် မထုတ်ဖြစ်သေးတာပါ။

နောက်တစ်ခုက
Internet Explorer 8
အခုလက်ရှိတော့ ဘီတာ ဗားရှင်းပဲ ရနိုင်သေးတယ်။ အသစ်တွေအများကြီးဖြည့်ထားတယ်။
IE 8 နဲ့ပတ်သက်ပြီးပို့စ် တစ်ခုလောက်ရေး အုံးမယ်။

ကျန်သေးတယ်...

Sunday, March 9, 2008

Make Your Own Proxy

Are you ever disappointed because of your ISP block useful website?
If so this post is just for you.
If you are under strict ISP who block all web-base email, social website and webproxy.
You have to look after new webproxy which has not been block. That is need too much time.

I think the problem will be solve if you own proxy web server.
Make it private and don't talk to anyone. It will be safe than other popular web proxy.
OK. How to make.

1. Download the File IPDisguise.zip
2. Upload files inside zip to your free web hosting server. (I used ehostix.com)
3. Complete. You can now used Your Private Web Proxy.

Note
I configure the files for Gmail User.

ကိုယ်ပိုင် proxy server လေးလုပ်ရအောင်


ကျွန်တော်တို့ gmail ကိုပိတ်ထားလို့ glite service တွေသုံးကြတယ်။ Glite ကသိပ်အဆင်မပြေဘူး။
webproxy တွေကြတော့လည်းအသစ်ပေါ်လိုက် ဘန်းလိုက်။ ကိုယ်ပိုင် ဆာဗာလေးရှိရင်အဆင်ပြေလိမ့်မယ်။
ဘယ်လိုလုပ်မလဲ။

၁။ ဒီဖိုင်ကို ဒေါင်းလုပ်လုပ်ပါ။ download
၂။ ဇစ်ထဲကဖိုင်တွေကို php version 4.3.0 နဲ့နောက်ပိုင်းတွေသွင်းထားတဲ့ webhosting မှာတင်ပါ။ ကျွန်တော်က (I used ehostix.com) ကိုသုံးပါတယ်။
၃။ တင်ပြီးရင်သုံးနိုင်ပါပြီ။

ကျွန်တော့ဖိုင်က Gmail အတွက်ပြင်ထားတာ။

ကျန်သေးတယ်...

Wednesday, March 5, 2008

သတိထားမိကြမယ်ထင်တယ်

ကျွန်တော်အောက်ကပိုစ့်မှာ english လိုရေးထားတယ်။
နောက်ပြီးအောက်မှာမှ မြန်မာလြိုပန်ရေးထားတယ်။
နောက်ပိုင်းဒီလိုဘဲရေးဖြစ်လိမ့်မယ်။
ပိုစ့်တိုင်းကို မြန်မာလိုရော အင်္ဂလိပ်လိုရောရေးပါမယ်။

ကျန်သေးတယ်...

Which Is Most Used Browser?

According to the w3schools statistics
January 2008



































Name Hit Percentage
Mozilla Firefox

37.2%

IE 6 32.0%
IE 7 21.2%
IE 5 1.5%
Safari (Konqueror) 1.9%
Opera 1.4%

Other Mozilla (Thunder Bird, Sea Monkey, etc)

1.3%


In Last Year


































Name Hit Percentage
IE 6 36.95%
Mozilla Firefox

34%

IE 7 19.13%
IE 5 1.8%
Opera 1.62%
Safari (Konqueror) 1.61%

Other Mozilla (Thunder Bird, Sea Monkey, etc)

1.33%


 


The most used browser is Internet Explorer and second is Firefox. Firefox trend goes upward due to new version, firefox 3.
But IE is on top and IE7 become more popular than IE6 in this year.
Other well-known browser such as Safari and Opera is not used as much as firefox and IE.


ဘယ် browser အသုံးအများဆုံးလဲ?


ဘယ် browser အသုံးအများဆုံးလဲဆိုတာ w3schools ကစာရင်းအရ
ဒီနှစ် ဇန်နဝါရီမှာ



































Name Hit Percentage
Mozilla Firefox

37.2%

IE 6 32.0%
IE 7 21.2%
IE 5 1.5%
Safari (Konqueror) 1.9%
Opera 1.4%

Other Mozilla (Thunder Bird, Sea Monkey, etc)

1.3%

ပြီးခဲ့တဲ့နှစ်တုန်းက

































Name Hit Percentage
IE 6 36.95%
Mozilla Firefox

34%

IE 7 19.13%
IE 5 1.8%
Opera 1.62%
Safari (Konqueror) 1.61%

Other Mozilla (Thunder Bird, Sea Monkey, etc)

1.33%


 



ဒီစာရင်းတွေအရ အသုံးအများဆုံးက Internet Explorer ဖြစ်ပြီးတော့ ဒုတိယက Firefox ဖြစ်ပါတယ်။
ဒီနှစ်အတွင်း Firefox version အသစ်ကြောင့် firefox သုံးတဲ့သူပိုများလာပေမယ့် IE ကိုတော့ယှဉ်မနိုင်သေးပါဘူး။
IE မှာလဲ IE 7 ကို IE 6 ထက်ပိုသုံးလာတာတွေ့ရပါတယ်။ Safari တို့ Opera တို့ကတော့ သိပ်မသုံးကြသေးပါဘူး။

ကျန်သေးတယ်...

Sunday, February 17, 2008

Valentine နေ့က Google ကသုံးသွားတဲပုံများ

Valentine နေ့က Google.com ကိုဖွင့်ကြည့်ရင်အောက်ကပုံတွေ တွေ့ရမှာပါ။






တစ်ကယ်လို့ကျွန်တော့မှာမရှိသေးတဲ့ပုံတွေ ရှိခဲ့ရင် ကျွန်တော့ဆီကို email မှ attach လုပ်ပြီးပို့ပေးပါ။

ကျန်သေးတယ်...

Thursday, February 14, 2008

Valentine နေ့

ဒီနေ့က ဗယ်လင်တိုင်း နေ့နော်။ မြန်မာလိုဆို ချစ်သူများနေ့ပေါ့။
ရည်းစားရှိတဲ့သူတွေက ကိုယ်ချစ်သူကို ချောကလက်တွေ ပန်းသီးတွေ ပေးရင်းစားရင်း။
ပျော်စရာဘဲနော်။
တစ်ကယ့် သမိုင်းကိုပြန်ကြည့်ရင်တော့ ဗယ်လင်တိုင်းနေ့က ပျော်စရာမဟုတ်ဘူး။
ဗယ်လင်းတိုင်းနေ့က St.Valentine ကိုအစွဲပြုပြီးခေါ်တာပါ။
သူက ခရစ်ယာန်တွေကို ရိုမန် အကျဉ်းထောင်ကနေထွက်ပြေးနိုင်အောင်ကူညီမှုနဲ့ သေမိန့် အပေးခံရတယ်။
ထောင်ထဲမှာနေရင်း ထောင်မှူးရဲ့သမီးနဲ့ချစ်သွားတယ်။ သူရဲ့နောက်ဆုံးဆန္ဒမှာ သူချစ်သူဆီစာရေးခွင့်ရလိုမှုသာဖြစ်တယ်။
သူကို သူရဲကောင်းအဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ သူအသတ်ခံရတဲ့နေ့ကို Valentine နေ့အဖြစ်သတ်မှတ်ထားခြင်းဖြစ်တယ်။
ကျွန်တော်တို့အခုလုပ်တာနဲ့တော်တော်လွဲနေတယ်နော်။

ဘာပဲဖြစ်ဖြစ် ဝမ်းနည်းစရာနေ့ထက်စာရင် ပျော်စရာကပိုကောင်းပါတယ်။

ကျန်သေးတယ်...

Tuesday, February 12, 2008

Valentine Day အတွက်

တစ်နေ့ကအင်တာနက်မှာ လျှောက်မွှေရင်းနဲ့ valentine day အတွက် flash တစ်ခုကိုတွေ့လို့ ဒေါင်းလုပ်လုပ်ထားတာတင်ထားလိုက်တယ်။



နောက်ထပ်လည်းရှာလိုက် အုံးမယ်။

ကျန်သေးတယ်...

စာလုံးသေးသည်ဟုပြောသူများအတွက် ဆိုတဲ့ပိုစ့် အားပြင်ဆင်ချက်

ကျွန်တော့ဘလော့မှာ သုံးထားတဲ့စာလုံးတွေသေးလို့မမြင်ရဘူးလို့ တချို့တွေ(အထူးသဖြင့် j)ပြောပါတယ်။
ဒါဆိုရင် zoom ဆွဲပြီးကြည့်လို့ရပါတယ်။
ctrl + + (zoom in)
ctrl + - (zoom out) လုပ်ပြီးကြည့်ပေးပါ။

ဖတ်ရှုရာတွင်အဆင်ပြေကြပါစေ

ဒါကအရင်ကရေးခဲ့တာပါ။
j က comment မှာရေးသွားတယ်။ အဲဒါက firefox မှာသာရတယ်တဲ့။
ဒါနဲ့ကျွန်တော်လည်းပြန်စမ်းရတယ်။
ဟုတ်ပါတယ်။ IE 6 ဆိုရင်မရပါဘူး။
Opera ဆိုရင် Ctrl နှိပ်စရာမလိုပဲ + or - ဆိုရင်ဖြစ်တယ်။
IE ဆိုရင် view အောက်က text size ကို medium ကနေ Large သို့ Largest ကိုပြောင်းပေးပါ။
ကျွန်တော်ပြောတာ လိုသွားလို့တောင်းပန်ပါတယ်။

ကျန်သေးတယ်...

Monday, January 28, 2008

ဒီနေ့ template က error တွေပြင်ထားတယ်

အရင်တုံးက ကျွန်တော့ blog က firefox 2.0 ဆိုရင် ဒီနေ့မြင်ရတဲ့အတိုင်းပေါ်ပေမယ့် တခြား browser တွေကဆိုရင် sidebar ကအောက်ကို ရောက်နေပါတယ်။ ကျွန်တော်က firefox 2.0 ကို သုံးတဲ့သူ ဆိုတော့ သတိမထားမိဘူး။ ပြီးခဲ့တဲ့လကမှကျွန်တော့ blog ကိုဖတ်တဲ့သူတစ်ယောက်ပြောမှ သိတာ ။ အပျင်းထူပြီးမပြင်ဘဲထားထားတာ။ ဒီနေ့တော့ပြင်လိုက်ပါပြီ။
Sidebar တချို့လင့်တွေကိုလည်းဖြုတ်လိုက်တယ်။
နောက်ထပ် အမှားတွေတွေ့ရင်လည်းထောက်ပြပေးပါ။

လီယိုဂျက်

ကျန်သေးတယ်...

အသုံးဝင်မဲ့ pay per click website

ကျွန်တော်အရင်တုန်းက adbux.org ကို ညွန်းခဲ့ဖူးတယ်။ အဲဒီ website ကအခုသုံးလို့ သိပ်အဆင်မပြေတော့ဘူး။
ကျွန်တော်အခု bux.to ဆိုတဲ့ website ကိုပြောင်းသုံးနေပါတယ်။

ကျွန်တော်တစ်ယောက်ရယ် သူငယ်ချင်း သုံးယောက်ရယ်ပါ။
လေးရက်အတွင်းမှာဘဲ ၁ ဒေါ်လာကျော်ကျော်ရလိုက်တာမို့မဆိုးဘူးဆိုပြီး ဒီပိုစ့်ကိုရေးလိုက်တာပါ။

Screen shot လည်းပြထားပါတယ်။




စိတ်ဝင်စားတယ်ဆိုရင်
၁။ www.paypal.com မှာ account တစ်ခုအရင်ဖွင့် country နေရာမှာမြန်မာမှလွဲလို့ ကျန်တာသုံးနိုင်ပါတယ်။ မြန်မာနိုင်ငံကဆိုရင် proxy သုံးပြီးမှဖွင့်လို့ရမယ်။ paypal က မြန်မာကို ဘမ်းထားလို့ပါ။
၂။ verify credit card ဆိုရင် cancel လုပ်။
၃။ ပြီးရင် http://bux.to/?r=leojack ကိုသွား
၎။ account ဖွင့်။ ပြီးရင် login လုပ်ပြီး surf ads ကိုသွား။
၅။ ကြော်ငြာတွေ ကို click နှိပ်။ တစ်ခုကို 0.01 $ ပေးပါတယ်။ တစ်နေ့ကို အနည်းဆုံး 14 ခုကနေ 20 ကြားအထိတွေရတတ်ပါတယ်။

တစ်လဘယ်လောက်ရမလဲ?
သင်တစ်နေ့ ကြော်ငြာ 14ခုဆိုရင် = 14 * 0.01 = 0.14
တစ်လဆိုရင် = 0.14 * 30 = 4.2
ဒါကတစ်ယောက်ထဲကြည့်တာနော်။ သူငယ်ချင်းတွေကို referal ဖြစ်အောင်လုပ်နိုင်ခဲ့ရင်...

တောင်းဆိုချက်
တစ်ကယ်လို့ အခုမှ account အသစ်ဆောက်မယ်ဆိုရင် referal နေရာမှာ leojack ဆိုတာကို ထည့်ပေးပါ။
referal က အကောင့်ပြီးရင် ပြင်လို့မရတော့ဘူး။ အသစ်မှာဘယ်သူမှ referal bonus မရမည့်အတူတူ ကျွန်တော့ကို ပေးပါလား :)

bux.to ကိုသုံးလို့မေးစရာရှိရင် cbox မှာလာပြောနိုင်ပါတယ်

ကျန်သေးတယ်...

Sunday, January 27, 2008

ကျွန်တော်အခု အိမ်ပြောင်းဖို့ကြိုးစားနေပါတယ်။

ကျွန်တော် blog ကို blogger ကနေပြီး တခြား web hosting တစ်ခုကို ပြောင်းမလို့လုပ်နေပါတယ်။
အခုရက်ပိုင်း blogger သုံးရတာသိပ်အဆင်မပြေဘူး။
Bagan ကဆို Banned ထားတယ်
MPT ကဆိုရင်လည်း Sign In လုပ်ရတာခက်တယ်
အဲဒါနဲ့စိတ်ညစ်ညစ်နဲ့ တခြား web hosting ကို ပြောင်းလိုက်တော့မယ်။

ကျွန်တော့ url က http://leojack.ehostix.com/blog ဖြစ်လိမ့်မယ်။
အခုထိတော့ side bar နဲ့ title ကုဒ်တွေမထည့်ရသေးဘူး။

ဆိုဒ်ပြီးရင်တွေ့ကြတာပေါ့

ကျန်သေးတယ်...

Saturday, January 26, 2008

အခုရက်ပိုင်းအင်တာနက်သုံးလျှင်သတိထားပါ

အခုရက်ပိုင်း အင်တာနက်မှာ gmail account ခိုးယူမှုတွေဖြစ်နေပါတယ်။
မိမိ account မပါသွားအောင်

၁။ Email သုံးတဲ့ password ကို အခြား social website တွေနဲ့ခွဲထားပါ။
၂။ မလိုအပ်လျှင် email account ကိုရိုက်မထည့်ပါနဲ့။
၃။ တကယ်လို့ ရိုက်ခဲ့ဖူးလျှင် password ကို ပြောင်းလိုက်ပါ။

ဘယ်လိုနည်းတွေနဲ့ခိုးယူတာလဲ။

Social website တွေက အဓိကပါ
အဲဒီ website တွေမှာ register လုပ်ပြီးလျှင် email contact list ကို import လုပ်ဖို့ဆိုပြီး email address နဲ့ password ကိုတောင်းပါတယ်။ အများအားဖြင့်တော့ ဒီ website တွေက ပြဿနာမရှိပါဘူး။ ဒါပေမယ့် အင်တာနက်ဆိုတာ ဘယ်သူကိုမှ ယုံလို့မရတဲ့နေရာမဟုတ်လား။

ကျန်သေးတယ်...

Saturday, January 12, 2008

I can't post today

I cannot post today.
The file which I put my blog post is corrupt. I can't recover it. All I have to do is re-write it.

ကျန်သေးတယ်...

Friday, January 4, 2008

လွတ်လပ်ရေးနေ့

လွတ်လပ်ရေးနေ့
ဒီနေ့ကတခြားနေ့တွေနဲ့ မတူဘူးဆိုတာကို အိပ်ယာကထ ကတည်းကသတိထားမိတယ်။
မနက်ခင်းထဲက လူကတက်ကြွလန်းဆန်းနေတာ တစ်နေ့လုံးပဲ။
ဘာလိုလိုနဲ့ ဒီနေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးရတာ နှစ် ၆၀ ရှိခဲ့ပြီ။
အခုခေတ်ကလေးတွေက လွတ်လပ်ရေးနေ့ဆိုရင် ပျော်စရာနေ့ဆိုတာသာသိထားတယ်။ ဘာနေ့မှန်းသေချာသိကြတော့ဘူး။ ဒါကိုတော့ကျွန်တော် တော်တော်ဝမ်းနည်းတယ်။
တိုင်းရင်းသားအာဇာနည်ခေါင်းဆောင်တွေအနေနဲ့ အသက်တွေပေးပြီးတိုက်ပွဲဝင်ကာ ဒီလိုပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်လုပ်ပေးခဲ့တာကိုတော့ သတိရသင့်တယ်။
ဒီပိုစ့်ဖြင့်လွတ်လပ်ရေးကိုကြိုဆိုရင်း အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုပါတယ်။
မြန်မာနိုင်ငံသားတွေသာမက တစ်ကမ္ဘာလုံးမှလူများ လွတ်လပ်သောအရသာကိုခံစားနိုင်ပါစေ။

ဒီနေ့တော့ကျွန်တော့ template စမ်းတာရပ်ပြီး december ကအတိုင်းပြန်ထားထားတယ်။
လွတ်လပ်ရေးနေ့မှာဘယ်သူမဆို လွတ်လပ်စွာလာလည်နိုင်ပါတယ်။

ကျန်သေးတယ်...