Saturday, December 29, 2007

New Year Counter

အခုဆိုရင် new year ရောက်ဖို့


တစ်ကယ်လို့ ဒီ flash ကိုကြိုက်ရင်

<embed type="application/x-shockwave-flash" src="http://h1.ripway.com/leojack/NewYear.swf" pluginspage=" http://www.macromedia.com/go/getflashplayer" height="100" width="210"></embed>

ဆိုပြီးသွင်းလိုက်ရုံပဲ

ကျန်သေးတယ်...

Wednesday, December 26, 2007

လျှို့ဝှက်နည်းနဲ့စာပို့မလား?

ဒီနည်းက NTFS file system မှာသာအလုပ်လုပ်ပါတယ်။ AFS (alternate file steam)လို့ခေါ်တယ်။
ဖိုင်တစ်ခုအောက်ထဲမှာတခြားဖိုင်ကိုဖွက်ထားတာပါ။ တခြား software တွေသွင်းစရာမလိုဘဲ command prompt အောက်ကနေလုပ်လို့ရပါတယ်။

၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ဖိုင်ရှိတဲ့နေရာကိုသွားပါ။

၂။ original file တစ်ခုရွေးပါ။ ဥပမာ- text.txt, picture.bmp, photo.jpg. (ကျွန်တော် text.txt ကိုရွေးလိုက်တယ်။)
၃။ ပြီးရင် command prompt မှာ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်။
၎။ ဖိုင်အသစ်ဖွင့်မှာလားဆိုရင် yes ။ ပြီးရင် ကိုပြောချင်တာတွေရိုက်ထည့်။ ပြီးရင်ဖိုင်ကို ပိတ်လိုက်တော့။
ဖိုင်ဆိုဒ်ကမပြောင်းဘူး။ တွေ့လား။

အဲဒီဖိုင်ကို ပိုချင်တဲ့သူဆီသာပို့လိုက်တော့။

ဘယ်လိုဖွင့်မလဲ?
၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ပို့လိုက်တဲ့ ဖိုင်ရှိတဲ့နေရာကိုသွားပါ။
၂။ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်ရင်... လျှို့ဝှက်စာလေးပွင့်လာလိမ့်မယ်။

မှတ်ချက်
text.txt နေရာမှာကြိုက်တာသုံးလို့ရပါတယ်။
hidden.txt နေရာမှာ ပို့မယ့်သူနဲ့ လက်ခံမယ်သူ နှစ်ယောက်သာသိထားတဲ့ စကားလုံးမျိုးဆိုရင် ပိုကောင်းပါမယ်။
သူကပြန်ဖွင့်မယ့် password အဖြစ်သုံးမှာပါ။
ဒီနည်းက စာကိုဘဲဖွက်လို့ရပါတယ်။
တစ်ကယ်လို့ ဖိုင်ကိုချုံ့ပြီးပေးချင်ရင် winrar ကိုသုံးပါ။ winrar ရဲ့ advance tab အောက်က save files security နဲ့ save files streams ဆိုတာလေးကို check လုပ်ပေးပါ။

ဒီနည်းနဲ့ ကိုယ့်ရည်းစားကို ဘယ်သူမှမရိပ်မိအောင်ချိန်းလို့ရတယ်နော်။

ကျန်သေးတယ်...

Marry Christmas

အားလုံးကို Marry Christmas ပါ
အမှန်ကမနေ့ကလုပ်ရမှာ။ မနေ့က flash တစ်ခုကို edit လုပ်နေတာ မပြီးသေးတာနဲ့ ....
ရေးလို့ပြီးရော Internet ဆိုင်တွေလဲပိတ်ပြီ။
flash ကိုတင်ထားပေးတယ်။
date ပြောင်းပြီး စမ်းကြည့်ပါလား။


ကျန်သေးတယ်...

Monday, December 24, 2007

စာလုံးသေးသည်ဟုပြောသူများအတွက်

ကျွန်တော့ဘလော့မှာ သုံးထားတဲ့စာလုံးတွေသေးလို့မမြင်ရဘူးလို့ တချို့တွေ(အထူးသဖြင့် j)ပြောပါတယ်။
ဒါဆိုရင် zoom ဆွဲပြီးကြည့်လို့ရပါတယ်။
ctrl + + (zoom in)
ctrl + - (zoom out) လုပ်ပြီးကြည့်ပေးပါ။

ဖတ်ရှုရာတွင်အဆင်ပြေကြပါစေ

ကျန်သေးတယ်...

စာမေးပွဲအောင်စာရင်းထွက်ပါပြီ။

ကျွန်တော်တို့ကျောင်းအောင်စာရင်းမနေ့ညကထွက်ပါတယ်။
အောင်ပါတယ်။ roll no တော့ မပြောတော့ဘူး။
အခန်းရှိလူစာရင်းရဲ့ သုံးပုံနှစ်ပုံ ကျော်တယ်။

ကျန်သေးတယ်...

Saturday, December 22, 2007

ဆိုးတဲ့ကံကတော့ တစ်ကယ်မပြောချင်တော့ဘူး

ဒီ ဒီဇင်ဘာကတော့ တစ်ကယ်ကံအဆိုးဆုံးဘဲ။ ဟိုတစ်ခါကတော့ဖျားတယ်။ အခုတော့ မရှိမဲ့ရှိမဲ့ pen drive လေးတောင်ပျက်သွားတယ်။ ပြန်ဝယ်နိုင်အောင်ကြိုးစားနေပါတယ်။ template ကိုစမ်းကြည့်ဖို့ဘာနဲ့သယ်ရမလဲမသိဘူး။

ကျန်သေးတယ်...

Wednesday, December 19, 2007

Website တစ်ခုအကြောင်း

ဒီနေ့တော့ http://www.network-tools.com/ ဆိုတာနဲ့မိတ်ဆက်ပေးမယ်။
Trace အကြောင်းလေးဘဲ အဓိကပြောမယ်။
ကိုယ့်ဆိုဒ်ကိုလာပြီး cbox မှာလာအော်သွားသူုတွေကို ဘယ်နိုင်ငံကနေသုံးနေတာလဲလို့ ကြည့်နိုင်ပါတယ်။
www.cbox.ws ထဲကို login လုပ်။
Messages ဆိုတဲ့နေရာကိုသွား။
ကိုရှာချင်တဲလူရဲ့ IP address ကို network-tool.com မှာရိုက်ထည့်။ trace ကိုရွေးပြီး submit ကိုနှိပ်လိုက်ရင်တွေ့ပါပြီ။

ကျွန်တော်နှစ်ယောက်ကို စမ်းကြည့်လိုက်တယ်။ တေဇာ(ဘလင့်)နှင်းပွင့်ဖြူလေး
ခွင့်ပြုတယ်မဟုတ်လား။
တေဇာ ကမြန်မာနိုင်ငံကပါ။
နှင်းပွင့် က ကမ္ဘောဒီယားကပါ။
အဖြေမှန်ရဲ့လား။

တစ်ခုတော့ရှိတယ်။ proxy သုံးပြီးလာသူတွေဆိုရင်တော့မှန်မှာမဟုတ်ဘူး။

ကျန်သေးတယ်...

ကံဆိုးလိုက်တဲ့ကျွန်တော်

ကျွန်တော်အလုပ်တွေ နဲနဲ အားသွားတာနဲ့ ပိုစ့်အသစ်တွေတောင်မရေးရသေးဘူး၊ ဖျားတာပါဘဲ။ ပင်ပန်းလို့ထင်ပါတယ်။ Sunday လောက်ထဲကဖျားတာ ဒီနေ့မှကောင်းတော့တယ်။

ကျန်သေးတယ်...

Sunday, December 16, 2007

Site ကို ပြန်ဖွင့်ထားပါတယ်။

ကျွန်တော်နဲနဲ အလုပ်ရှုပ်နေတာနဲ့ post မတင်ဖြစ်ဘူး။
အိမ်မှာအားရင် X'mas အတွက် template တစ်ခုလုပ်မယ်ဆိုပြီးလုပ်နေတယ်။
template ပြင်ထားလို့ site ကိုပိတ်ထားတာရော ပိုစ့်အသစ်မရှိရင်လာနေကြသူတွေတောင် ကျွန်တော့လိပ်စာကိုမေ့သွားမှာစိုးတာနဲ့ ဆိုဒ်ကို ပြန်ဖွင့်ထားလိုက်ပါတယ်။ ပြင်တာတော့မပြီးသေးဘူး။
Template ကိုအစမ်း offline run ကြည့်တော့ ဘာမှ error မပြပေမယ့်...
တကယ် တင်ကြည့်တော့ error တွေတက်နေတယ်။
ကျွန်တော်ထည့်ထားတဲ့ effect တွေကို mozilla မှာမမြင်ရဘဲ IE မှာသာတွေ့ရတယ်။
ဒါဘာဖြစ်လို့လည်းဆိုတာသိရင်ပြောပြပေးကြပါ။

ကျန်သေးတယ်...

Font လေးတွေကြည့်လို့ကောင်းအောင်

Font တွေကို ကြည့်လို့ပိုကြည်လင်ပြတ်သားနေအောင် WindowXP မှာပြင်လို့ရပါတယ်။
အရင်ဆုံး desktop မှာ right-click လုပ်ပြီး properties ကိုဝင်ပါ။
Appearance Tab အောက်ကိုသွားပြီး Effect ကို click လုပ်ပါ။
Use the following method to smooth ...
ကို check လုပ်ထားပြီး Clear Type ကို Drop down menu မှရွေးပြီး OK နှိပ်လိုက်ပါ။
နောက်ထပ် OK ထပ်နှိပ်လိုက် ရင်...
ဘာတွေကွာသွားလဲဆိုတာ အောက်ကပုံနှစ်ပုံကိုယှဉ်ကြည့်ရင်သိနိုင်ပါတယ်။




မပြင်မီ
ပြင်ပြီး

ကျန်သေးတယ်...

Monday, December 10, 2007

Dial Up User များအဆင်ပြေစေမယ့် Proxy Software

ကျွန်တော်တစ်နေ့က ဘကြီးဆီမှ dial-up နဲ့သုံးတော့ blogger ကိုပိတ်ထားတာတွေ့ရတယ်။
သုံးနေကြ freedom software ကိုသုံးဖို့ကလည်း dial-up ဆိုတော့ download လုပ်ဖို့အဆင်မပြေဘူး။
ဒါနဲ့တစ်ခါတွေ့ဖူးတဲ့ ultrasurf ဆိုတဲ့ software ကိုသတိရလိုက်တယ်။

download လုပ်ရတာအရမ်းအဆင်ပြေတယ်။ dial-up တောင်မှ ၅ စက္ကန့်ဘဲကြာတယ်။
130kb ဘဲရှိတာကိုး။
http://www.wujie.net/downloads/ultrasurf/u.zip ဒီကနေယူလိုက်ပါ။

zip ကိုဖြေ လိုက်ရင် 138 kb ရလိမ့်မယ်။
ဘယ်လိုသုံးမလဲ။
၁။ bagan ကို connect လုပ်လိုက်ပါ။
၂။ ပြီးရင် ultrasurf ကိုဖွင့်လိုက်ပါ။
၃။ Manual setting ကိုရွေးပြီး proxy address ရိုက်ထည့်လိုက်ပါ။
၎။ သုံးတဲ့ browser ရဲ့ proxy adddress ကို localhost port 9666 ပြောင်းလိုက်ပြီးရင်သုံးလို့ရပါပြီ။

ကျန်သေးတယ်...

Monday, December 3, 2007

ဝင်းဒိုးတင်လျှင်သတိပြုရန်

ဒါကတော့ကျွန်တော်ကိုယ်တိုင်ကြုံဖူးတာလေးတွေပါ။
ပထမဆုံးပြဿနာက drive တွေကိုမှားပြီး format ချတတ်တာပါ။
ဒုတိယကတော့ partition မှားပြီးတင်မိတာ။ ဒါမျိုးကပြဿနာသိပ်မရှိပါဘူး။ ကျွန်တော်ပထမရေးခဲ့တဲ့ပိုစ့်ကအတိုင်း ပြန်ဖျက်လိုက်ပါ။

ဒီပြဿနာကတော့ဘာလို့ ကြုံမှန်းမသိဘူး။ window service pack upgrade လုပ်ရင်းနဲ့ hang သွားတာ။ နောက်ထပ်ထပ်တင်တော့ ကျွန်တော့ခွေက window ခွေမဟုတ်ဘူးလို့အတင်းငြင်းတာပါဘဲ။ (ကျွန်တော့ခွေက လည်း pirated version လေ)။

ကျန်သေးတယ်...

ခရီးသွားနေလို့မသုံးဖြစ်တာပါ။

ကျွန်တော်တို့စာမေးပွဲဖြေပြီးတာနဲ့ ပုဂံကိုတန်းသွားလိုက်လို့ ဘာမှမတင်နိုင်ဘူးဖြစ်သွားတယ်။ လာကြည့်သူများကိုတောင်းပန်ပါတယ်ဗျာ။
ပြန်မယ့်နေ့မှာ ကျွန်တော့သူငယ်ချင်းတွေ လက်ကမြင်းလိုက်တာ ရိုက်ထားတဲ့ပုံအားလုံးပျက်သွားတယ်။
CD ခုတ်ထားတာလောက်ပဲကျန်တယ်။
ပြန်ရှာလို့ရရင် ခရီးသွားမှတ်တမ်းအနေနဲ့ ရိုက်ထားတဲ့ရှုခင်းဓါတ်ပုံတွေကို တင်ပေးပါမယ်။

ကျန်သေးတယ်...

Thursday, November 15, 2007

စာမေးပွဲရက်အတွင်းမှ ဒိုင်ယာရီ

ကျွန်တော်စာမေးပွဲဖြေစဉ်အတွင်းက ဒိုင်ယာရီထဲမှာရေးထားတာတွေပါ။



၁ရက် နိုဝင်ဘာ

ဒီနေ့က အင်္ဂလိပ်စာ။ ဖြေတာအားလုံးကွက်တိဘဲ။ အဖြေတွေအကုန်လုံးကို By Heart ကိုကျက်ထားတာ။ ခေါင်းစဉ်မြင်တာနဲ့တန်းရေးရုံဘဲ။ အင်္ဂလိပ်စာကို ကျက်ပြီးဖြေတာ ဒီနှစ်တစ်နှစ်ဘဲရှိသေးတယ်။
ညမှာတော့သူငယ်ချင်းအိမ်မှာစာသွားလုပ်တယ်။

၂ရက် နိုဝင်ဘာ
သခ်ာၤ။ သင်ချာ ဆိုတဲ့အတိုင်း သင်လေ ချာလေ။ ဟုတ်တယ်။ သင်ထားတာများလေ မှတ်ရတာများလေ ခေါင်းထဲရှုပ်လေဘဲ။
ညကစာလုပ်ထားလို့ အဆင်ပြေတယ်။

၃ရက် နိုဝင်ဘာ
Advance Theory of Structure။ ဒီနေ့ကတော့ ဖြေလို့တော်တော်ကောင်းတယ်။ Sample Question ထဲက Workout တွေအများဆုံးမေးသွားတယ်။
ကျွန်တော်ကလည်း Workout တွေဘဲလုပ်ထားတာ။ တော်သေးတယ်။

၎ရက် နိုဝင်ဘာ
ဒီနေ့တော့ပိတ်တယ်။ Sunday လေ။

၅ ရက် နိုဝင်ဘာ
Design of Timber Structure။ ခက်တာတွေကြည့်ထားတာ လွယ်တာတွေချည်းမေးထားတယ်။
တော်သေးတယ် ၃ ပုဒ်လောက်ရလိုက်တယ်။

၆ ရက် နိုဝင်ဘာ
Design of Steel Structure။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်လိုက်ပြီ။ ဒီနေ့တော့လွယ်တာတွေပါကြည့်ထားတယ်။
တကယ်ဘဲလွယ်တာတွေပါလာတယ်။ လွယ်တာမှတော်တော်လွယ်တာ။

၇ ရက် နိုဝင်ဘာ
Engineering Geology။ ကျက်စာပါ။ ဒီနေ့က အားလုံးထက်အမှတ်တရဖြစ်တဲ့နေ့ပါ။
ကျွန်တော်တို့စီးလာတဲ့ ကျောင်းကြိုပို့ယာဉ်က ဘရိတ်ပေါက်ပြီးကားနှစ်စီးကို ဆင့်တိုက်တာပါ။ ပုဇွန်တောင်စာတိုက်မှာ ကား ၄ စီးဆင့်တိုက်တယ်ဆိုတာကိုကြားလိုက်ရမှာပေါ့။ ကျွန်တော်တို့ကားရယ် တိုက်လိုက်တဲ့ကားနှစ်စီးရယ် ပေါင်းသုံးစီး။ နောက်တစ်စီးက ကျွန်တော်တို့ပထမတိုက်လိုက်တဲ့ကားက ရှေ့ကားကိုထပ်တိုက်တာ။
ကျောင်းသူကျောင်းသားတွေ ထဲမှာ မိန်းကလေး တစ်ယောက်မှန်စ နဲနဲရှသွားတာကလွဲရင် ကျန်တာထိခိုက်မှုမရှိပါ။ ကျွန်တော်တို့တစ်တွေကားဌားသွားကြတယ်။ ကျောင်းအုပ်ကြီးကတော့ ကျွန်တော်တို့ဌားလာတဲ့ ကားတွေအတွက် လေးသောင်း ရှင်းလိုက်ရတယ်။
ဒီနေ့လည်းဖြေနိုင်ပါတယ်။ စာမေးပွဲခန်းထဲမှာ ခေါင်းမူးလာလို့ ခဏအိပ်လိုက်ရသေးတယ်။ အခန်းစောင့်ဆရာမက ကျွန်တော့ကို ရေဝယ်တိုက်တယ်။ ရေဖိုးပြန်ပေးလည်းမယူဘူး။ ဆရာမရဲ့ ကျေးဇူးကို ဒီပိုစ့်လေးဖြင့်မှတ်တမ်းတင်ပါတယ်။

၈ ရက် နိုဝင်ဘာ
ဒေပါဝါယီနေ့ဆိုတော့ပိတ်ပြန်တယ်။ ဒေပါဝါယီဆိုတာစာလုံးပေါင်းမှားရင် ဆောရီးနော်။

၉ ရက် နိုဝင်ဘာ
Astronomy Photogrammetry Analysis and Adjustment of Survey Measurement။ (ရှည်လိုက်တဲ့နာမည်။) အသေအချာလုပ်ထားတာတောင် formula တွေမေ့လို့။ နောက်က ကောင်မလေးဆီက ကြည့်လိုက်ရတယ်။ ;)သုံးရက်ဆက်တိုက်ပိတ်တယ်။

၁၀ ရက် နိုဝင်ဘာ
ဒီနေ့တော့အေးဆေး စာလဲမလုပ် ဘာမှမလုပ်။ အဲပိုစ့်တွေရေးတယ်။ ဝက်ဆိုဒ်ကြည့်တယ်။

၁၁ ရက် နိုဝင်ဘာ
ဒီနေ့ ညီမလေးတစ်ယောက်မွေးနေ့။ သွားစားလိုက်တယ်။ မွေးနေ့လက်ဆောင်တော့မပေးဖူး။ မဝယ်ရသေးလို့။ အပြန်သူငယ်ချင်းအိမ်မှာ စာသွားလုပ်တယ်။

၁၂ ရက် နိုဝင်ဘာ
ဒီနေ့တော့ စာလုပ်တယ်။ (ရှူးတိုးတိုး အိမ်ကတွေသိသွားအုံးမယ်။ဘလော့တွေလည်းလိုက်ဖတ်လိုက်သေးတယ်။)

၁၃ ရက် နိုဝင်ဘာ
ဒီနေ့ဘာသာဖြေလိုက်မှကိုယ့်ကိုယ်ကို အရမ်းတော်မှန်းသိသွားတယ်။ ဖော်မြူလာမေ့သွားလို့ရမ်းထည့်လိုက်တာမှန်သွားတယ်။ ဒီနေ့ဘာသာ ၆ ပုဒ်မှာ ၄ ပုဒ်ပဲ ဖြေနိုင်တယ်။ မေးခွန်းကို နှစ်ရွက်ဝေလိုက်ထဲက သေပြီလို့သိလိုက်ပြီ။ ဆရာကမကြည့်နဲ့လို့မှာထားတဲ့အခန်းထဲကနှစ်ပုဒ်တောင်မေးသွားတယ်။ ဒီနေ့ဘာသာက တစ်မေဂျာလုံး ကွဲကြတယ်။
ဒီနေ့အပြန်ဖယ်ရီပေါ်မှာ ဂစ်တာတီးပြီးသီချင်းတွေအော်ဆိုခဲ့ကြတယ်။ သံလျှင်တံတားအဆင်းမှာကားတာယာကွဲသွားတယ်။ ဘာသာတင်ကွဲတာမဟုတ် တာယာပါကွဲတာ။ ဖယ်ရီက ကျွန်တော်တို့ကိုစာတိုက်အထိလိုက်ပို့ပေးတယ်။ ပုဇွန်တောင်စာတိုက်ကနေ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တာနဲ့အိပ်တာပဲ။

ဒီပိုစ့်လေးနဲ့ အောက်ပါသူများကို Tag ပါတယ်။
တေဇာ နှင့်ကျန်တဲ့စာမေးပွဲဖြေထားသူများ။

ကျန်သေးတယ်...

My Voodoo

တေဇာကကျွန်တော့ကို Voodoo ဆွဲဖို့တက်ထားတယ်။ သူတက်တော့ကျွန်တော်ဆင်း အဲ ကျွန်တော်ဆွဲရတာပေါ့။ စာမေးပွဲရှိလို့နည်းနည်းနောက်ကျသွားတယ်။ ကိုယ့်ပုံကို ပြန်ဆွဲကြည့်မှာပဲ ကိုယ့်ကိုယ်ကို ရုပ်ဆိုးမှန်းသိတော့တယ်။
ကျွန်တော့ရဲ့ထုံးစံအတိုင်း ပင်မိုးပြာလေးကို ဂျင်းနက်ပြာလေးနဲ့ဆွဲထားပါတယ်။ ရှူးဖိနပ်က ခြေထောက်မဆွဲတတ်လို့ဆွဲထားတာ။


မလှရင်မပြောနဲ့နော်။

ကျန်သေးတယ်...

Monday, November 12, 2007

တရုတ်နှင့် hacking

အရင်တုန်းက အမေရိကန်ရဲ့ Pentagon စစ်ဌာနကို တရုတ်က ဟက်ကင် လုပ်ခဲ့တယ်လို့ကျွန်တော်ရေးခဲ့သေးတယ်။
အခုလည်း ဂျာမနီက သူတို့ကို ဟက်ကင် လုပ်ခဲ့သူကလည်းတရုတ်ပါလို့ Hans Elmar Remberg ကပြောခဲ့ပါတယ်။
ဂျာမနီအစိုးရရုံးတွေထဲကို spyware တွေထည့်သွားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့လဲပြောကြားခဲ့ပါတယ်။
Hans Elmar Remberg က တရုတ်က ဟက်ကင်လုပ်ကာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး နှင့် နည်းပညာ အချက်အလက်တွေကို ရယူပြီး သူတို့နိုင်ငံကို တခြား အင်အားကြီးနိုင်ငံများနဲ့ အမှီလိုက်နိုင်အောင်ကြိုးစားခဲ့ခြင်းသာဖြစ်လိမ့်မယ်လို့ပြောကြားခဲ့ပြီး။
တရုတ်နိုင်ငံမှာ အဆိုပါ ဟက်ကင်များကိုသူတို့လုပ်ခဲ့ခြင်းမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

ကျန်သေးတယ်...

Monday, October 29, 2007

ကျွန်တော့ဆိုဒ်ကိုလာသူများသို့

ရေးဖို့ အကြောင်းတွေအများကြီးစုပြီးပြီ။
စာမေးပွဲက နောက်လ ၁ ရက်နေ့မှာဖြေရမှာမို့ ပိုစ့်အသစ်တွေမလုပ်နိုင်တာကိုခွင့်လွတ်ပေးကြပါ လို့ တောင်းပန်ပါရစေ။

အားပေးမှုအတွက်ကျေးဇူးတင်လျက်
လီယိုဂျက်

ကျန်သေးတယ်...

Window Uninstall လုပ်ခြင်း

Window ကိုပုံမှန်ဆိုရင် Uninstall လုပ်စရာမလိုပါဘူး။ တစ်ခါတစ်လေကျရင် ပထမဝင်းဒိုးကအလုပ်မလုပ်တော့တဲ့အခါမှာ ယာယီအနေနဲ့နောက်ထပ်တစ်ခုတင်ကြပါတယ်။ ပထမ ဝင်းဒိုးကိုပြင်ပြီးရင် ဒုတိယ(ယာယီ)ဝင်းဒိုးကို သုံးစရာမလိုတော့ပါဘူး။ ဒါဆိုရင် နေရာလွတ်တွေအတွက် (သို့) Boot တက်ရင်ဝင်းဒိုးရွေးရတဲ့ ဒုက္ခကိုလည်းရှင်းပြီးသားဖြစ်တာပေါ့။

အောက်ကစာတွေကို သေသေချာချာဖတ်ပြီး နားလည်မှသာလုပ်ပါလို့ပြောချင်ပါတယ်။ လုပ်တာကိုင်တာတစ်ခုခုမှားသွားရင် ပြန်ပြင်ဖို့သိပ်မလွယ်ဘူး။

၁။ အရင်ဆုံးဖျက်ချင်တဲ့ ဝင်းဒိုးမဟုတ်တဲ့ ဝင်းဒိုးကို boot လုပ်လိုက်ပါ။
၂။ ဝင်းဒိုးအတွင်းရောက်လျှင် My Computer (သို့) Folder တစ်ခုခုကို ဖွင့်လိုက်ပါ။
၃။ Tools > Folder Option ကိုဖွင့်ပါ။

Photo Sharing and Video Hosting at Photobucket

၎။ Show Hidden Files and Folder ကိုရွေးပါ။ Hide protected operation system files (recommended) ဆိုတာကို Uncheck အမှန်ခြစ်ဖျောက်လိုက်ပါ။ Yes or No မေးရင် Yes ကိုရွေးပါ။

Photo Sharing and Video Hosting at Photobucket

အခုဆိုရင်အရေးကြီးတဲ့ ဝင်းဒိုးဖိုင်တွေကိုမြင်နေရပါပြီ။
Window ကိုဘယ်လိုတင်ထားခဲ့လဲ ဆိုတဲ့ပေါ်မှမူတည်ပြီး လုပ်ကိုင်ပုံအနည်းငယ်ကွာပါမယ်။

ပထမနှင့်ဒုတိယဝင်းဒိုးကို မတူတဲ့ Partition ပေါ်မှတင်ထားခဲ့ရင်
ဥပမာ- ပထမဝင်းဒိုးကို C မှာတင်ပြီး၊ ဒုတိယဝင်းဒိုးကို D မှာတင်ထားခဲ့ရင်
ဖျက်မယ့်ဝင်းဒိုးရဲ့ Partition အောက်က Windows, Documents and Settings, Program Files ဆိုတဲ့ Folder တွေကို ဖျက်လိုက်ရုံပါပဲ။

တူညီတဲ့ Partition ပေါ်မှာ Overwrite မလုပ်ပဲတင်ထားခဲ့ရင်
ပထမဝင်းဒိုးကိုဖျက်လိုလျှင် Window၊ ဒုတိယဝင်းဒိုးကိုဖျက်လိုလျှင် Window.0 ကိုဖျက်ပါ။
Documents and Settings အောက်ကဆိုလျှင် ပထမဝင်းဒိုးကိုဖျက်လိုပါက Administrator, All User, ဖျက်လိုတဲ့ User နာမည်တွေကိုဖျက်ပါ။ ဒုတိယဝင်းဒိုးကိုဖျက်လိုပါက Administrator.0, All User.0 နဲ့ ဖျက်လိုတဲ့ User နာမည်တွေကိုဖျက်ပါ။

ပြီးလျှင် boot.ini ဆိုတာကိုရှာပြီးဖွင့်လိုက်ပါ။ အများအားဖြင့် C drive အောက်မှရှိတတ်ပါတယ်။
ဒါမျိုးလေးတွေ့ရပါလိမ့်မယ်။ ဒါက Window ကို Partition တစ်ခုထဲမှာ Overwrite မလုပ်ဘဲတင်ထားတာပါ။

Photo Sharing and Video Hosting at Photobucket

ကျွန်တော်ဖျက်ချင်တာက ဒုတိယဝင်းဒိုးဖြစ်တဲ့အတွက်
[operation system] အောက်က
multi(0)disk(0)rdisk(0)partition(1)\WINDOWS.0="Microsoft Windows XP Professional" /fastdetect /NoExecute=OptIn
ဆိုတဲ့စာကြောင်းကိုဖျက်လိုက်ပါမယ်။
ပြီးရင်
default= ဆိုတာကို
multi(0)disk(0)rdisk(0)partition(1)\WINDOWS ပြောင်းလိုက်ပါမယ်။

Operation System မှာပေါ်တဲ့ပုံစံက Boot မလုပ်ခင် ရွေးရတဲ့ပုံစံနဲ့တူပါတယ်။
ဒုတိယဝင်းဒိုးက အပေါ်မှာဖြစ်ပြီး အဲဒီဝင်းဒိုးကိုဖျက်ချင်ရင် Boot.ini မှာ အပေါ်ကစာကြောင်းကိုဖျက်ရမှာပါ။

default ကို ကျန်တဲ့ဝင်းဒိုးရဲ့ လမ်းကြောင်းကိုပေလိုက်ရုံပါဘဲ။

ဒါတွေအားလုံးပြင်ပြီးသွားရင် အဆင့် ၄ မှာပြင်ခဲ့တာတွေကို ပုံမှန်ပြန်ထားလိုက်ပါ။
Do not show hidden files and folder ကိုရွေး Hide operation system files ကို check လုပ်ရုံပါ။

Window Uninstall လုပ်ခြင်းပြီးပါပြီ။

ကျန်သေးတယ်...

Sunday, October 21, 2007

XML အကြောင်းတစေ့စောင်း

XML ဆိုတာကို ဘလော့ဂါ တိုင်းသိကြမှာပါ။
ဒါနဲ့ပတ်သတ်တဲ့ ဘလော့တစ်ခုကျွန်တော်လုပ်ထားတယ်။ ကျွန်တော်သိသလောက်ရေးသွားပါမယ်။
ဆရာနဲ့စနစ်တကျသင်ထားတာမဟုတ်ဘဲ စာအုပ်တွေ၊ Online Tutorial တွေ ကြည့်ပြီးတတ်လာသူမို့ အမှားပါလျှင် ထောက်ပြပေးကြဖို့မေတ္တာရပ်ခံပါတယ်။
လိပ်စာက understanding-xml.blogspot.com ပါ။

ကျန်သေးတယ်...

Wednesday, October 17, 2007

Saturday, October 13, 2007

သတိ

အားလုံးသတိထားကြပါ။

ရေးရမှာပျင်းတာနဲ့ screenshot ဘဲတင်လိုက်တယ်။

ကျန်သေးတယ်...

Thursday, October 11, 2007

Counter-Strike Waypoint ဆွဲခြင်း

Counter-Strike ဆိုတဲ့ဂိမ်းကိုတော့ ယောကျာ်းတော်တော်များများဆော့ဖူးကြပါတယ်။
Multiplayer Mode ကို LAN သို့ Online မှာဆော့လို့ရတယ်။ အိမ်မှာဆိုရင်တော့ Botနဲ့ဆော့လို့ရတယ်။
Bot မှာ PotBot, Real Bot, ParaBotသုံးမျိုးရှိတယ်။
ParaBot က experience base ဖြစ်လို့ Waypoint မလိုဘူး။

console command ကို BOLD လုပ်ထားပါတယ်။

PodBot 2.6 အတွက်ဆိုရင်
အရင်ဆုံး console ခေါ်ပြီး waypoint on ရိုက်လိုက်ပါ။ ဘာမှပေါ်မလာရင် waypoint မရှိသေးပါဘူး။
bind l "waypoint add" ဆိုပြီး Key bind လုပ်ထားလိုက်ပါ။ waypoint add command က ခဏခဏသုံးရမှာမို့လို့ပါ။
roundtime ကို 8 min ထားလိုက်ပါ(sv_roundtime 8)။ restart တခါလောက် round လိုက်(sv_restartround 1)။

အရင်ဆုံး Primary Waypoint တွေကို စနေရာချပါမယ်။
Counter Base မှာနေပြီး l ကိုတခါနှိပ်ပါ။ Counter-Terroist Important Waypoint ဆိုတာထည့်ပါ။
Terroist Base မှာနေပြီး l ကိုတခါနှိပ်ပါ။ Terroist Important Waypoint ဆိုတာထည့်ပါ။
Bomb map ဆိုရင် bomb base မှာ map goal waypoint ကိုထားပါ။ အချိန် ၄ မိနစ်အထက်ကျန်သေးရင် autowaypoint on ရိုက်လိုက်ပါ။ map တစ်ခုလုံးကို လှေခါး, ladder (လှေခါးထစ်,stairs မဟုတ်ပါ)မတက်ဘဲ၊ မခုန်ဘဲသွားပါ။
ပြီးရင် autowaypoint off ရိုက်လိုက်ပါ။
အသေးစိတ်ထပ်ထည့်ချင်သေးရင် ချောင်းစားလို့ရတဲ့နေရာတွေမှာ l ကို နှိပ်ပြီး ကြည့်ရမယ့်နေရာအစမှာကို ချိန်ထားပြီး camp waypoint start ကိုထားပါ။ နောက်ထပ်ကြည့်ရမယ့်နေရာရှိရင်အဲဒီကိုလှည့်ပြီး camp waypoint end ထားလိုက်ပါ။

အကုန်ပြီးရင် waypoint check လုပ်ကြည့်ပြီး error ရှိမရှိကြည့်ပါ။ error မရှိရင် waypoint save ဆိုပြီးသိမ်းလိုက်။ waypoint load ဆိုပြီးပြန်ခေါ်။ ပြီးရင် bot ထည့်လို့ရပါပြီ။
error ရှိသေးရင် ပြင်လိုက်ပါ။ ဒါမှမဟုတ်ရင် waypoint save nocheck ဆိုပြီးသိမ်းလို့ရပါတယ်။ ဒါပေမယ့် ဒီနည်းကိုကျွန်တော်အားမပေးပါဘူး။

PODBot waypoint ဆွဲနည်းပြောပြတဲ့သူငယ်ချင်း ASH ကိုကျေးဇူးတင်ပါတယ်။

RealBot 2 AI
waypoint draw ရိုက်ပြီး waypoint ကိုခေါ်လိုက်ပါ။ တွေရရင် bot ထည့်ကြည့်ပါ။ မရရင်
အရင်ဆုံး waypoint init ဆိုပြီးမြေပုံမှာရှိတဲ့ waypoint အားလုံးကိုရှင်းပစ်လိုက်ပါ။
ဘာမှာတွေ့ရတော့မှာမဟုတ်ပါဘူး။
1. waypoint start လုပ်ပါ။
2. bind mouse1 "waypoint add" ဆိုတာလေးရိုက်လိုက်ပါ။
3. Bomb & Defuse mission ဆိုရင် T-Base မှ Bomb Base A ကိုသွားပါ။
သွားနေရင်းက ၂ စက္ကန့်ကိုတခါလောက် mouse click လုပ်သွားပါ။
4. Bomb Base မှ CT-Base ကိုသွားပါ။ ၂ စက္ကန့်ကိုတခါလောက် mouse click လုပ်သွားပါ။
5. CT-Base မှ T-Base ကိုပြန်လာပါ။ ၂ စက္ကန့်ကိုတခါလောက် mouse click လုပ်ပေးပါ။
6. T-Base မှ Bomb Base B ကိုသွားပါ။ ၂ စက္ကန့်ကိုတခါလောက် mouse click လုပ်ပေးပါ။
7. Bomb Base မှ CT-Base ကိုသွားပါ။ ၂ စက္ကန့်ကိုတခါလောက် mouse click လုပ်သွားပါ။
8. တံခါးရှိရင် bind l "waypoint door" ရိုက်ထားပါ။
9. တံခါးပိတ်ထားတဲ့အချိန်တံခါးနားမှာရပ်ပြီး click တစ်ခါလုပ်ပါ။ တံခါးဖွင့်ပြီး click တစ်ခါလုပ်ပါ။ l ကိုနှိပ်ပါ။
10. အထဲကိုဝင်သွားပါ။ တံခါးပိတ်တဲ့အချိန်ကို စောင့်ပါ။ တံခါးပိတ်ပြီးရင် တံခါးနားရပ်ပြီး နောက်ထပ် click တစ်ခါလုပ်ပါ။
အောက်ကစာလုံးပုံကိုကြည့်ပါ။

ပထမအဆင့်
* click လုပ်ရန်နေရာ


===-----------===
* \_________တံခါး

ဒုတိယအဆင့်
| _________တံခါး
|
|
=== $ ===

$ click လုပ်ရန်နှင့် l နှိပ်ရန်နေရာ

တတိယအဆင့်

* click လုပ်ရန်နေရာ

*
===-----------===
\_________တံခါး

11. bind mouse1 "+attack" ပြန်လုပ်လိုက်အုံး။ မဟုတ်ရင်သေနတ်ပစ်လို့ရမှာမဟုတ်ပါဘူး။
12. အကုန်ပြီးသွားရင် waypoint end လုပ်ပြီးခဏစောင့်ပါ။ calculate လုပ်နေပါလိမ့်မယ်။ precalculation ပြီးသွားရင် bot ထည့်လို့ရပါပြီ။ Real Bot ကလည်း experience သုံးပါတယ်။ Bot များများ တစ်ဖက် ၈ ယောက်စီ လောက်ထည့်ပြီး မိနစ် ၃၀ လောက် ကစားလိုက်ပါ။
13. ကစားပြီးရင် restart လုပ်လိုက်ပါ။
14. နောက်ထပ် မိနစ် ၃၀ လောက်ထပ်ကစားလိုက်ရင် error မရှိသလောက်နည်းတဲ့ Real Bot Waypoint ကိုရပါပြီ။

ပြောဖို့မေ့သွားတယ်။ waypoint မဆွဲခင် အရင်ဆုံးကိုယ့်နာမည်ကိုပြောင်းလိုက်အုံး။ waypoint save လုပ်တဲ့အချိန်မှာ ဆွဲတဲ့အချိန်မှာသုံးခဲ့တဲ့နာမည်ကိုပါမှတ်သွားပြီး နောက်တခါ အဲဒီ မြေပုံကို load လုပ်လိုက်ရင် waypoint created by ဆိုပြီးအဲဒီနာမည်ကိုပြတာ။ credits သဘောမျိုးပေါ့။

ကျန်သေးတယ်...

Blog Site အသစ်တစ်ခု

ကျွန်တော်ဘလော့ဆိုဒ် နောက်တစ်ခုတွေ့ထားပါတယ်။ သူက xml base မဟုတ်ဘဲ html & css base template ဖြစ်ပါတယ်။ Template ကိုလည်းပြင်ခွင့်ရှိပါတယ်။ ဒါကတော့ www.blogsome.com
ကျွန်တော့ လိပ်စာကတော့ leojack.blogsome.com အခုလက်ရှိတော့ ဘာမှမရှိသေးပါဘူး။ တကယ်လို့ blogger ကို ဘမ်းလိုက်ရင်အဲဒီ မှာရေးပါမယ်။

ကျန်သေးတယ်...

အမေရိကန်နှင့်တရုတ်

ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းတရုတ်နိုင်ငံမှ အမေရိကန်ရဲ့ Pentagon စစ်ဌာနကို July လ ထဲမှာ Hacking လုပ်သွားကြောင်း အမေရိကန်အစိုးရမှထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အမေရိကန်မှပြောကြားသည်မှာ သူတို့အား Hacking လုပ်ခဲ့သည့် အဖွဲ့အစည်းသည် တရုတ်ပြည်၏ ပြည်သူ့လွတ်မြောက်ရေးတပ် People Liberation Army မှဖြစ်သည်ဟုပြောကြားခဲ့ပြီး၊ တရုတ်ပြည်မှ ထိုသတင်းကိုငြင်းဆိုထားကြောင်းသိရပါသည်။
ကိုးကား-http://www.darknet.org.uk/2007/09/pentagon-hacked-by-chinese-military/

ကျန်သေးတယ်...

ကျွန်တော်နှင့် အင်တာနက်

အခုဆိုရင်အင်တာနက်မသုံးရတာ ၂ ပတ်ရှိသွားပြီ။ ၁ ပတ်ကို ၂ ခါလောက် PAC မထိုင်ရရင်မနေတတ်သူမို့ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်ကပြောတော့ Optic Wire ပျက်နေလို့ဆိုလားဘဲ။ ဒါနဲ့ကျွန်တော်လည်းပြန်မေးလိုက်ပါတယ်။ မင်း ဝါယာပျက်ချိန်က အပူချိန်ပေါ်မှာမှီခိုတယ်ထင်တယ်လို့။
ဘာလို့လဲဆိုတော့ နေထွက်ချိန် ဆိုရင် connection ကဒေါင်းသွားပြီး။ အိပ်ခါနီး မှပြန်တက်လာတတ်တယ်။
ဒါမှမဟုတ် ညမထွက်ရအမိန့်ကြောင့် ညကျမှအိမ်ကိုပြန်လာတာလား လို့ဝေခွဲမရဖြစ်နေလို့သိသူများပြောပေးကြပါ။

ကျန်သေးတယ်...

Sunday, September 23, 2007

စာမေးပွဲရက်ရွှေ့ထားပါတယ်။

ကျွန်တော်တို့စာမေးပွဲကို နိုင်ငံတွင်းတည်ငြိမ်မှုမရှိသေးလို့ရက်ရွှေ့ထားပါတယ်။
နိုဝင်ဘာထဲမှာဖြေရမယ်လို့ပြောပါတယ်။ ရက်တော့မသတ်မှတ်ရသေးဘာဘူး။
ဒါကြောင့် ပိုစ့်များကို connection ကောင်းလျှင်ကောင်းသလို လာတင်ပါမယ်။

ကျန်သေးတယ်...

Saturday, September 22, 2007

Virtual PC

Virtual PC ဆိုတာကိုမြန်မာလိုပြန်ရင်တော့ ကွန်ပြူတာ အတုပေါ့။
အတုဆိုတာက အစစ်မဟုတ်ပင်မဲ့ အစစ်နဲ့ဆင်တူအောင်လုပ်ထားတာပါ။

ကွန်ပြူတာအတုဆိုတာက ကျွန်တော်တို့ရဲ့ကွန်ပြူတာမှာပဲ နောက်ကွန်ပြူတာတစ်လုံးနဲ့တူအောင် Software တစ်ခုနဲ့လုပ်ထားတာပါ။
နိုင်ငံခြားက ကွန်ပြူတာ Hacker (Cracker လို့ပြောရင်ပိုမှန်မယ်) တွေက သူတို့ Crack လုပ်ချင်တဲ့ Software Virtual PC ထဲမှာသာ သုံးကြည့်ကြတယ်။

Virtual PC ဖြစ်လို့လုပ်တာကိုင်တာတစ်ခုခုအမှားအယွင်းဖြစ်သွားရင် ဟာ့ဒစ်ကို Format လုပ်ဖို့မလိုဘူး။ မှားသွားတဲ့ Virtual PC ကိုဖျက်လိုက်ပြီးတော့ Backup လုပ်ထားတဲ့ Virtual PC ကို ကော်ပီကူးပြီးပြန်သုံးရုံပဲ။

ကျွန်တော်သိခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုရှိတယ်။
Thesis လုပ်နေတဲ့မိန်းကလေး(အစ်မ)တစ်ယောက်က သူသုံးမယ့် Software က 15days Trial Version ဖြစ်နေလို့ 15 ရက်သုံးပြီးတိုင်း Format တစ်ခါချရတယ်။ တကယ်လို့ Virtual PC ကိုသာသုံးခဲ့မယ်ဆိုရင်...
အချိန်အကန့်အသတ်နဲ့သုံးရတဲ့ Software တွေကို Install မလုပ်ခင် Virtual PC ကို Backup လုပ်ထားလိုက်။ Software တွေကို Install လုပ်ပြီးအချိန်ကုန်တဲ့အထိသုံး။ ရလာတဲ့ Data တွေကို Share Folder ထဲမှာထား။ Trial ပြည့်သွားရင် Virtual PC ကိုဖျက်လိုက်။ Backup လုပ်ထားတာကိုကော်ပီကူးပြီးပြန်ထား။ Software Install ပြန်လုပ်။ အချိန်ကုန်တဲ့အထိသုံး။...

အဲဒါဆိုရင် ကွန်ပြူတာကို Format ချမယ့်အစား Virtual PC ကိုဖျက်ပြီးပြန်ထားရုံပဲ။ Format ချလိုက်ရင်တခြား Software တွေပါပြန်တင်ရလိမ့်မယ်။ Virtual PC ကိုသုံးရင်ဒီပြဿနာကင်းလိမ့်မယ်။

Virus လို့ထင်တဲ့ program တွေကို လည်း Virtual PC ထဲမှာစမ်းကြည့်နိုင်ပါတယ်။ တကယ့်ကွန်ပြူတာကိုမထိခိုက်ပါဘူး။ Sharing Setting ကိုတော့ပြန်ချိန်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ Virtual Network မှတဆင့် တကယ့်ကွန်ပြူတာထဲကိုရောက်သွားနိုင်လို့ပါ။

Virtual PC နှစ်မျိုးရှိတယ်။ တစ်ခုက
Microsoft က
http://www.microsoft.com/downloads/details.aspx?FamilyId=04D26402-3199-48A3-AFA2-2DC0B40A73B6&displaylang=en

နောက်တစ်ခုက VMWare က
http://www.vmware.com

စမ်းသုံးကြည့်နိုင်ပါတယ်။ ကိုယ့် Memory က 512 ဆိုရင်ပိုကောင်းလိမ့်မယ်။

ကျန်သေးတယ်...

ဖိုင်ကိုဖျက်မရဘူးလား?

ကွန်ပြူတာထဲမှာ ဖိုင်တွေရေးတာ ဖျက်တာကတော့လူတိုင်းလုပ်ဖူးကြတယ်။
တစ်ခါတစ်လေကြရင် ဖိုင်ဖျက်လိုက်တဲ့အခါမှာ ဒါမျိုး box ကိုတွေ့ရတတ်တယ်။



ကျွန်တော်တို့ကဒီဖိုင်ကိုလည်း သုံးမနေဘူး။ ဒါပေမယ့်ဖျက်လို့မရဘူး! ဘယ်လိုလုပ်မလဲ???

၁။ Restart လုပ်ပြီးဖိုင်ကိုဖျက်ကြည့်ပါ။

၂။ Start Menu အောက် Run အောက်မှာ cmd.exe လိုရိုက်ပြီး Command Prompt ဖွင့်လိုက်ပါ။
ဒါမှမဟုတ် All Programs အောက်မှာ Accessories ထဲမှာ Command Prompt ကိုတွေ့နိုင်ပါတယ်။
Command Prompt ထဲမှာ del ဆိုတာရိုက်လိုက်ပါ။ပြီးရင် space တစ်ခါခြားထားပါ။ ဖျက်မဲ့ဖိုင်ကို Mouse နဲ့ဆွဲယူသွားပြီး Command Prompt Window ထဲမှာလွှတ်ချလိုက်ပါ။ ဒါမျိုးလေးဖြစ်လာလိမ့်မယ်။

Microsoft Windows XP [Version 5.1.2600]
(C) Copyright 1985-2001 Microsoft Corp.

C:\Documents and Settings\Leojack>del "E:\Crackerd.exe"
\_________ဖျက်မယ့်ဖိုင်နာမည်
Enter မနှိပ်ခင် Task Manager ( [Ctrl+Alt+Del] နှိပ်ပြီး) အရင်ဖွင့်ပါ။
Process Tab အောက်ကိုသွားပါ။
explorer.exe ကိုရှာပြီး End Process လုပ်ပါ။ မေးလာရင် OK လုပ်ပါ။ Taskmanager နဲ့ Command Prompt မှလွဲပြီးကျန်တဲ့ဖိုင်တွေပျောက်ကုန်လိမ့်မယ်။
Command Prompt ကိုသွားပြီး Enter နှိပ်လိုက်ပါ။ ဘာပြဿနာမှမရှိဘဲပျက်သွားရင် ဒါမျိုးပေါ်လာလိမ့်မယ်။

Microsoft Windows XP [Version 5.1.2600]
(C) Copyright 1985-2001 Microsoft Corp.

C:\Documents and Settings\Leojack>del "E:\Crackerd.exe"

C:\Documents and Settings\Leojack>

အခု explorer.exe ကိုပြန်ဖွင့်ဖို့လိုသေးတယ်။
Task Manager ကိုပြန်သွားပါ။ Application tab အောက်က New Task ဒါမှမဟုတ် File > New Task ကိုရွေးပါ။
ပေါ်လာတဲ့ box ထဲမှာ explorer.exe လိုရိုက်ထည့်ပြီး ok ကိုနှိပ်လိုက်ပါ။
အားလုံးပြီးသွားပါပြီ။

ကျန်သေးတယ်...

Tuesday, September 11, 2007

စာမေးပွဲနီးလာလို့

ကျွန်တော်စာမေးပွဲနီးလာလို့ပိုစ့်တွေသိပ်တင်နိုင်မှာမဟုတ်ဘူး။
ဒီကြားထဲမှာတတ်နိုင်သလောက်တော့လာတင်ပါမယ်။
နောက်လ ၁၁ ရက်နေ့မှာစာမေးပွဲပြီးပါမယ်။
လာရောက်ဖတ်သူများအားကျေးဇူးတင်လျက်...

ကျန်သေးတယ်...

Security Camera အတုတဲ့

အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကင်မရာရှေ့မှာတော့ဘယ်သူမှ မခိုးရဲဘူး။ ဒါပေမယ့်အတုကပိုဈေးပေါတယ်။
Screenshot ပါပြထားတယ်။

ကျန်သေးတယ်...

ကျွန်တော်ဖတ်ဖူးတဲ့ပုံပြင်တစ်ပုဒ်

မြန်မာလိုထက်အင်္ဂလိပ်လိုက ပိုကောင်းလို့ဘာသာမပြန်တော့ဘူး။ ဘယ်သူရေးတာလဲတော့မမှတ်မိတော့ဘူး။

In one apartment, five friends named Brain, Fool, Mad, Nobody and Somebody are living. In one day while Brain is bathing, Somebody and Nobody are fighting with each other. Accidently Nobody get killed. Mad see this and phone the police station.

Police - This is from police station. What can I do for you?
Mad - I want to report about murder case.
Police - What! Who kill whom.
Mad - Somebody kill nobody.
Police - Are you kidding? Don't you have a brain.
Mad - Yes, we have. But Brain is bathing right now.
Police - YOU! ARE YOU MAD.
Mad - Yes I'm Mad.
Police - YOU FOOL.
phone hung up.
Mad say I am not fool. Fool is reading story.


ပုံပြင်လေးကတော့ဒါပါပဲ။ ကျွန်တော်လဲဖတ်ပြီးအရူးဖြစ်သွားတာပါပဲ။ သူများတွေလဲကိုယ့်လိုရူးပါစေဆိုပြီး.... ဒီပိုစ့်ကိုတင်တာ။
ပျော်ရွှင်နိုင်ပါစေ။

ကျန်သေးတယ်...

Thursday, September 6, 2007

ကွန်ပြူတာကိုဘယ်လိုပိတ်မလဲ။

ကျွန်တော်သိသလောက်နည်းတွေကိုရေးထားပါတယ်။ နောက်ထပ်သိသေးရင် comment ထားခဲ့ပေးပါ။


၁။ လူတိုင်းသိပြီးသားနည်းပါ။
Start Menu အောက်က Photo Sharing and Video Hosting at PhotobucketTurn Off Computer ဆိုတဲ့ခလုတ်ကိုနှိပ်တာပါ။

၂။ ဒီနည်းနဲ့ဆိုရင်ဖွင့်ရ ပိတ်ရတာ အရမ်းမြန်တယ်။ သိပြီးသားပဲနေမှာပါ။
ပထမနည်းအတိုင်း Start Menu အောက်က Turn Off Computer နှိပ်။
Photo Sharing and Video Hosting at Photobucket
ဒီလို Box ပေါ်လာရင် Shift ခလုတ်ကိုဖိလိုက်
Photo Sharing and Video Hosting at Photobucket
ဒါမျိုးပြောင်းသွားလိမ့်မယ်။ အဲဒီပြောင်းသွားတဲ့ခလုတ်ကိုနှိပ်လိုက်ရင် ပိတ်သွားမယ်။

တကယ်လို့ Shift နှိပ်လို့မပြောင်းသွားရင် အောက်ကအတိုင်းပြင်လိုက်ပါ။
Control Panel အောက်က Power Options ကိုသွားပါ။
Hibernate ဆိုတဲ့ ခေါင်းစဉ်အောက်က Enable Hibernation ဆိုတာကို အမှန်ခြစ်ပေးပါ။ OK နှိပ်လိုက်ရင်ရပါပြီ။

၃။ ဒီနည်းကကွန်ပြူတာ ရပ်သွား (Hang) ရင်အသုံးဝင်တယ်။
ကွန်ပြူတာဖွင့်ရင်နှိပ်တဲ့ Power ခလုတ်ကို ၅ စက္ကန့်လောက်ဖိထားလိုက်ပါ။

၎။ ဒါကတော့အရှင်းဆုံးနည်းပဲ။
ပလပ်ခေါင်းကို ပလပ်ပေါက်ကနေဆွဲသာဖြုတ်လိုက်။ ဖြစ်လာမယ့်ပြဿနာတွေကျွန်တော်နဲ့မဆိုင်ဘူးနော်။

ကျန်သေးတယ်...

Firewall, Antivirus နဲ့ Antispy Software ကောင်း/မကောင်း

PC Security Test ဆိုတဲ့ Software ကအားလုံးအတွက် အသုံးဝင်လိမ့်မယ်ထင်တယ်။
Photo Sharing and Video Hosting at Photobucket


ဒီ Software က ကိုယ့်ရဲ့ Firewall, Antivirus နဲ့ Antispy Software တွေဘယ်လောက်ကောင်းတယ်ဆိုတာ စစ်ပေးလိမ့်မယ်။

သုံးရတာလည်းလွယ်တယ်။ Firewall, Antivirus နဲ့ Antispy Software တွေကို ဖွင့်ထားပြီးတော့ Standard Test အောက်က Start ကိုနှိပ်လိုက်။ Virus တွေ့တယ်ဆိုရင် Delete လုပ်လိုက်ရုံပဲ။ (ဗိုင်းရပ် ဆိုတာကလဲ ကိုယ့်စက်ကိုဒုက္ခ မပေးတဲ့ ဗိုင်းရပ်မျိုးပါ။) မတွေ့ရင်တော့ Windows ဆိုတဲ့ Folder ကိုစစ်လိုက်ပါ။ အားလုံးပြီးသွားတဲ့အခါ Result ကိုနှိပ်လိုက်ရင် ကိုယ့် Software ဘယ်လောက်ကောင်းတယ်ဆိုတာ သိရမှာပေါ့။



ဒါကတော့ ကျွန်တော့ရဲ့ Result ပါ။ ကျွန်တော်က Kaspersky Internet Security 6.0 သုံးပါတယ်။
သူသုံးခဲ့တဲ့ ဗိုင်းရပ်တွေကို Test ပြီးသွားရင်သူ့ဖာသာသူရှင်းသွားပါတယ်။ ကျွန်တော့အိမ်ကစက်မှာ Internet Connection မရှိလို့ Anti-Hacking ကိုတော့စစ်လို့မရဘူး။

အောက်ကလင့်မှာ အခမဲ့ ရယူနိုင်ပါတယ်။

http://www.pc-st.com/us

ကျန်သေးတယ်...

Portable Software

Portable Software ဆိုတာဘာတွေလဲဆိုတော့
၁။ ကိုယ်သွားလေရာကို ဥပမာ- USB (Universal Serial Bus) Drive နဲ့ သယ်သွားလို့ရမယ်။

၂။ သုံးမယ့်စက်တိုင်းမှာ သွင်းစရာ(Installation) မလိုဘူး။

၃။ ကိုယ့်ရဲ့ ဆက်တင် (settings) တွေ သုံးခဲ့တဲ့ပုံစံ (history) တွေကိုလည်း USB ထဲမှာပဲထားမယ်။


Portable Software မှဘာအကျိုးကျေးဇူးတွေရနိုင်သလဲ?

၁။ သုံးမယ့်စက်တိုင်းမှာ သွင်းစရာ(Installation) မလိုတဲ့အတွက် အချိန်ကုန်သက်သာမယ်။

၂။ ကိုယ့်ရဲ့ ဆက်တင် (settings) တွေ USB ထဲမှာပဲထားလို့ ခဏခဏပြင်စရာမလိုဘူး။ သုံးခဲ့တဲ့ပုံစံ (history) တွေကိုလည်း USB ထဲမှာပဲထားလို့ ကိုယ်သုံးခဲ့တဲ့ ဝက်ဆိုဒ်တို့ စကားဝှက် (Password) တို့ကိုတခြားလူမသိနိုင်ဘူး။

ဒါကြောင့် အင်တာနက်ကဖီး (Cyber Café) တွေကနေတဆင့်ကြည့်ကြသူများ ကိုယ့်မှာ USB Drive လေးရှိရုံနဲ့အဆင်ပြေစေမှာပါ။

http://www.portableapps.com Portable Software မှာတော်တော်များများရှိပါတယ်။

အောက်မှာအသုံးဝင်တဲ့ ပရိုဂရမ်လေးတွေ ရေးထားပါတယ်။
http://en.wikipedia.org/wiki/List_of_portable_software မှာကြည့်လို့ရပါတယ်။

၁။ Mozilla FireFox Portable ကျွန်တော်တို့သုံးနေတဲ့ Install လုပ်ရတဲ့ Mozilla FireFox နဲ့ သယ်သွားလို့ရတာ မရတာကလွဲရင် ကျန်တာအကုန်တူတူပါဘဲ။

၂။ Opera@USB ဒါလည်းအတူတူပါဘဲ။ ဒါပေမယ့် ဒီဟာက portableapps.com ကမဟုတ်ဘဲ opera.com မှဖြစ်ပါတယ်။ ဒီကနေရယူနိုင်ပါတယ် http://my.opera.com/opera-usb/

၃။ FDM (Free Download Manager) ဒါက Download Manager Software ပါ။ သူကနည်းနည်းထူးခြားတယ်။ အရင်ဆုံးစက်တစ်ခုမှာ Install လုပ်ရမယ်။ ပြီးရင် File>Create Portable Version ကို Click လုပ်၊ ကိုယ်ထားချင်ထားတဲ့ USB Drive ကိုညွှန်းလိုက်။ ပြီးရင် OK ပေါ့။ USB Drive ကိုတိုက်ရိုက်မညွှန်းဘဲ ကိုယ့်ရဲ့စက်ထဲ (hard disk) မှာပဲအရင်ထားပြီး USB Drive ပေါ်ကို Copy လုပ်လည်းရပါတယ်။ ဒေါင်းလုပ်ကိုဒီမှာယူပါ။
http://www.freedownloadmanager.org

၎။ 7-zip Portable
ဖိုင်တွေကိုတော့ Download လုပ်ပြီးပြီ။ USB ထဲထည့်ခါနီး နေရာလွတ် (Free Space) ကလည်းမရှိ ဖိုင်တွေလည်းမဖျက်ချင်ပြန်ဘူး။ ဒါဆိုနောက်ဆုံးနည်းက ဖိုင်ချုံ့တဲ့နည်းပါ။ 7-zip က ဖိုင်တွေကို 7z, zip, tar ဆိုတဲ့ extension တွေအဖြစ်ချုံပေးနိုင်ပါတယ်။ သူ့ရဲ့ချုံ့အားက WinRar ထက်ကောင်းတယ်။ 001, 7z, arj, bz2, cab, cpio, deb, gz, iso, lzh, rar, rpm, tar, z နှင့် zip ဆိုတာတွေကိုလည်းဖြည်ပေးနိုင်ပါတယ်။
ဒီပရိုဂရမ်ကို http://www.portableapps.com မှာရရှိနိုင်ပါတယ်။

၅။ Clamwin-Antivirus Portable
ဒါကတော့ ဗိုင်းရပ်စ်သတ်တဲ့ပရိုဂရမ်ပါ။ ဒီပရိုဂရမ်မှာအားနည်းချက်တော့ရှိတယ်။ အဲဒါကတော့ဖိုင်တွေကို သူအလိုလျောက်စစ်တဲ့နည်းစနစ် Real Time Protection / Scanning မပါဝင်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် စက်တစ်ခုလုံးမှာ Antivirus မသွင်းထားတာထက်စာရင်တော့ တော်ပါသေးတယ်။ နောက်ပြီးအခြားစက်တခုမှာ ဗိုင်းရပ်စ်ဝင်နေပြီး အဲဒီဗိုင်းရပ်စ်က Antivirus သွင်းခွင့်မပေးရင် ဒီပရိုဂရမ်ကအဆင်ပြေစေမှာပါ။
ဒီပရိုဂရမ်ကိုလည်း http://www.portableapps.com မှာရရှိနိုင်ပါတယ်။

ကျန်သေးတယ်...

ကျွန်တော်တို့သုံးနေကြ အင်တာနက်ကဖီးမှာ Microsoft Word မရှိရင်...

ကျွန်တော်ဟိုတနေ့ကဆို အင်တာနက်ကဖီးမှာ Microsoft Word မရှိလို့ရိုက်ထားတဲ့ပိုစ့်တွေမတင်လိုက်ရဘူး။
တခြားသူတွေဆီမှာလည်း ဒါမျိုးပြဿနာရှိမယ်ထင်တယ်။ ကျွန်တော်အခုအဖြေတွေ့သွားပြီ။ ဆိုင်ကို Install လုပ်ခိုင်းမဲ့အစား ကိုယ့် USB Drive မှာ Portable Application တွေသွင်းထားလိုက်ရုံဘဲ။


Abiword Portable



အားသာချက်
ဒီ Software က 18MB လောက်ဘဲနေရာယူတယ်။ သူ့ပုံစံက Microsoft Word နဲ့တော်တော်တူတယ်။
.abw , .abt, .doc, .html, .mht,.rtf, .txt, .text, .zabw, .odt စတဲ့ extension တွေနဲ့ သိမ်းလို့ရတယ်။

အားနည်းချက်
.doc extension နဲ့ သိမ်းပြီး Microsoft Word မှာဖွင့်လို့ရပေမယ့် Microsoft Word နဲ့သိမ်းထားတဲ့ .doc extension ကိုတော့မဖွင့်နိုင်ဘူး။ Recovery စနစ်မပါဝင်ပါ။

OpenOffice Portable



အားသာချက်

ဒီ Software က Microsoft Office 2003 ရဲ့ ဖိုင်တော်တော်များများကိုဖွင့်ပေးနိုင်တယ်။
Recovery စနစ်ပါသည်။

Open Office Microsoft Office
Text Document = Word
Spread Sheet = Excel
Presentation = Power Point
Database = Access
Drawing က Microsoft Office ရဲ့ Drawing Tools Bar နဲ့တော်တော်ဆင်တယ်။

Save လုပ်နိုင်တဲ့ extension ကလည်းတော်တော်များတယ်။ ချမရေးပြတော့ဘူး။

အားနည်းချက်

189MB အထိနေရာယူတယ်။ 256MB USB Drive ဆိုရင်တောင်သူ့ထည့်ထားရင် တခြားဖိုင်တွေထည့်ဖို့နေရာမရှိတော့ဘူး။ 512MB နှင့်မှအဆင်ပြေလိမ့်မယ်။

ဒီ Software နှစ်ခုလုံးကို http://www.portableapps.com ကနေအခမဲ့ရနိုင်ပါတယ်။

ကျန်သေးတယ်...

CD Drive တွေကို နာမည်ပြောင်းနည်း

ကျွန်တော်တို့တွေ Hard Disk တွေ USB Drive တွေကိုနာမည်တွေ (Label) အမျိုးမျိုးပေးကြတယ်။
CD Drive ကို နာမည်ပြောင်းတဲ့နည်းတစ်ခုကို ကျွန်တော်အမှတ်မထင် တွေ့ခဲ့ရတယ်။
ဒီနည်းက registry editor သုံးဖို့လိုပါတယ်။


၁။ အရင်ဆုံး startmenu ထဲက run မှာ regedit ဆိုတာရိုက်ထည့်ပြီး registry editor ကိုဖွင့်လိုက်ပါ။

၂။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\DriveIcons ဆိုတာကို ရောက်အောင်သွားလိုက်ပါ။

၃။ DriveIcons ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။


၎။ key အတွက် နာမည်ကို ကိုယ်ပြင်ချင်တဲ့ CD Drive ရဲ့ Drive Letter ဥပမာ- F လို့ပေးလိုက်ပါ။

၅။ F ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။ နာမည်ကို DefaultLabel လို့ပေးလိုက်ပါ။


၆။ DefaultLabel ကိုဘယ်ဖက်မှာရွေးထားပြီး ညာဖက်က (Default) ကို ကလစ် နှစ်ချက်နှိပ်ပါ။



၇။ ပေါ်လာတဲ့ box ထဲမှာ ကိုပြောင်းချင်တဲ့နာမည်ကို ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။

၈။ My Computer ကိုသွားပြီးကြည့်လိုက်ရင် နာမည်ပြောင်းသွားတာတွေ့လိမ့်မယ်။



၉။ တကယ်လို့မပြောင်းရင် ကွန်ပြူတာကို restart ချလိုက်ပါ။

၁၀။ Restart မလုပ်ချင်ရင် Task Manager မှ Explorer.exe ကို Processes အောက်မှာရှာပြီး End Process လုပ်လိုက်ပါ။ Task Manager မှလွဲပြီးကျန်တာအားလုံးပျောက်သွားလိမ့်မယ်။ ပြီးရင် Application အောက်က New Task ကိုနှိပ်လိုက်ပါ။ အသစ်ပေါ်လာတဲ့ box ထဲမှာ explorer.exe ဆိုတာရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ Files တွေပြန်ပေါ်လာလိမ့်မယ်။ CD Drive နာမည်လည်းပြောင်းသွားလိမ့်မယ်။

ကျန်သေးတယ်...

Sunday, September 2, 2007

No post on this day

I am too disappointed to say that x_x

But the computer I used this day have no Microsoft Office and Zawgyi Install.
So I could not post today.

ကျန်သေးတယ်...

Sunday, August 26, 2007

ကြော်ငြာကိုကြည့်ပြီး ပိုက်ဆံရမယ့်အစီအစဉ်

အရင်တုန်းကဆို ကြော်ငြာကို click လုပ်ရင် ကြော်ငြာတင်ထားတဲ့လူဘဲ ပိုက်ဆံရတယ်။
အဲဒီလိုကြော်ငြာမျိုးကို click လုပ်တဲ့လူ စိတ်ဝင်စားတဲ့လူ မရှိသလောက်ရှားတယ်။
အခုစနစ်က ကြော်ငြာဖတ်သူကို ပိုက်ဆံပြန်ပေးတဲ့စနစ်ဖြစ်တယ်။ ဒါမျိုးဆိုရင်တော့ စိတ်ဝင်စားမယ်ထင်တယ်။

ဘာတွေလိုသလဲ…
Email Account တစ်ခု နှင့် Paypal Account တစ်ခု ရှိရင်ရပါပြီ။
paypal.com မှာရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဆိုရင်တော့ Proxy သုံးဖို့လိုမယ်။ paypal.com ကမြန်မာ IP ကို ပိတ်ထားလို့။ ဒီလောက်ကတော့ မြန်မာနိုင်ငံသားတွေဘဲ Freedom ရှိတယ်လေ။ ကျော်တာခွတာလောက် အေးဆေး။ Account Name ကို မြန်မာနာမည် မသုံးဖို့နဲ့ နိုင်ငံကိုမြန်မာဟုမရွေးဖို့လိုပါတယ်။ address, state, province, postal-code တို့ကိုတော့ထည့်ချင်တာသာထည့်ပါ။ Credit Card မရှိလည်းပြဿနာမရှိပါဘူး။ Credit Card နဲ့ Verification မလုပ်ဘဲနဲ့ $1000 အထိစုထားလို့ရတယ်။
Paypal Account ရပြီဆိုရင်တော့ အောက်ကပုံကို Click လုပ်ပါ။

Click လုပ်ပြီးရောက်သွားတဲ့ Page မှာ Register လုပ်။

Email Verification လုပ်ပြီးလျှင် Login ကို My Adbux နှိပ်ပြီးလုပ်။ Form မှာလိုတာလေးတွေထပ်ဖြည့်။
ငွေချေတဲ့နည်းမှာ Paypal ကိုသုံးပါ။ Paypal ဆိုတဲ့ဘေးမှာ Paypal မှာ SignUP လုပ်ထားတဲ့ Email ကိုဖြည့်ပါ။
ကြော်ငြာ ကို Browse Ads နှိပ်ပြီးပေါ်လာတဲ့စာမျက်နှာက Link ကိုနှိပ်ပါ။ စာမျက်နှာအသစ်ပေါ်လာပါမယ်။ ပေါ်လာတဲ့စာမျက်နှာကအချိန်ကုန်ပြီး ဒေါ်လာပုံလေးပေါ်လာတဲ့အထိဖွင့်ထားရပါမယ်။ ပုံပေါ်လာပြီဆိုရင်တော့ Page ကိုပိတ်လို့ရပါပြီ။ link မှာအစိမ်းရောင်အမှတ်အသားလေးပြောင်းသွားရင် ဒီ link ကနေ ပိုက်ဆံရပြီးဖြစ်ပါတယ်။ ပိုက်ဆံ 10$ ပြည့်ရင် တစ်ခါ ပို့ခိုင်းလို့ရပါတယ်။

ပိုက်ဆံများများရကြပါစေ။

ကျန်သေးတယ်...

Saturday, August 25, 2007

Speeding Up Computer Using Notepad

ဒီနည်းကို Metacafe ကရတာလုပ်ရတာလွယ်ပါတယ်။

အရင်ဆုံး Notepad ကိုဖွင့်ပါ။

mystring=(80000000)

သုည 7 လုံးပါ။

ပြီးရင် ram.vbe ဆိုပြီး save လုပ်လိုက်ပါ။

နောက်ဆုံး Files ကို Run လိုက်ရင်ရပါပြီ။

http://www.metacafe.com/watch/763708/video/R/CFD_1002/

ကျန်သေးတယ်...

Sunday, August 19, 2007

Saturday, August 11, 2007

သူငယ်ချင်း တေဇာ အတွက်

Hidden Unhidden Program

ဒီ Program က Hidden ဖြစ်နေတဲ့ Files Folder တွေမြင်ဖို့ ဖျောက်ဖို့ကို Folder Option ကို Access လုပ်စရာမလိုအောင်လုပ်ထားတာ

Download

ကျန်သေးတယ်...

Tweak အတွက် Program

ဒီ Program က အရင်တင်ထားတဲ့ Tweak တွေကိုစုထား ပြီးရေးထားတာ။
Download ကိုဒီမှာယူပါ။

ကျန်သေးတယ်...

Sunday, August 5, 2007

ကွန်ပြူတာ speed မြန်နေအောင် ဘယ်လိုလုပ်မလဲ။

ကွန်ပြူတာ speed မြန်နေအောင်

၁။ Defragment ကိုပုံမှန်လုပ်ပါ။

၂။ Registry Cleaning Tools ကိုသုံးပါ။

၃။ Startup Program တွေနဲနိုင်သမျှနဲအောင်ထားပါ။ Startup Program များလေ စက်နှေးလေပဲ။

၎။ prefetch files တွေကို တစ်လတစ်ခါရှင်းပါ။
Startmenu>run မှာ prefetch ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Folder တစ်ခုပွင့်လာလိမ့်မယ်။ အဲဒီ folder ထဲက files တွေအားလုံးကို ဖျက်ပစ်လိုက်၊ ပြီးရင် restart လုပ်လိုက်။
ကွန်ပြူတာ မြန်လာလိမ့်မယ်။

အောက်က Tweak လေး တွေလဲ စမ်းကြည့်ပါအုံး။ (ဒါတွေကို Website တစ်ခုမှာတွေ့တာ။ အကုန်လုံးနီးပါး Registry ပြင်တာတွေပဲ။

note- Registry ကိုပြင်ရန် Startmenu>Run မှာ regedit ကိုရိုက်ပြီးဖွင့်ပါ။

Startmenu ဖွင့်ချိန်မြန်အောင်

HKEY_CURRENT_USER \ Control Panel \ Desktop \ MenuShowDelay ရဲ့ တန်ဖိုး မူလ 400 ကို 5 သို့ 0 ပြောင်းလိုက်ပါ။

Swap File (Page File)

သင့်ရဲ့ကွန်ပြူတာမှာ memory က 512MB အထက်ဆိုရင် Swap File (Page File) ကို disable လုပ်လိုက်ရင်ပိုမြန်လာ လိမ့်မယ်။ ဒါပေမယ့် memory အစားတဲ့ ဂိမ်းတွေဆော့လို့တော့မကောင်းဘူး။

Swap File (Page File) ကို disable လုပ်ရန်

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management က
DisablePagingExecutive ရဲ့တန်ဖိုးကို 0 က 1 ပြောင်းလိုက်ပါ။

Shutdown Speed မြန်အောင်

HKEY_CURRENT_USER\CONTROL PANEL\DESKTOP က
AutoEndTasks တန်ဖိုး 0 ကို 1 ပြောင်း ပြီးရင်
WaitToKillAppTimeout တန်ဖိုး 20000 ကို 3500 ပြောင်း လိုက်ပါ။

shutdown speed မြန်လာတာတွေရလိမ့်မယ်။

Boot တက်တာမြန်အောင်

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction က Enable တန်ဖိုး N ကို Y ပြောင်းပါ။

Write Caching

Write Caching သုံးပြီး စက်ကိုမြန်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် UPS မခံထားရင် မသုံးသင့်ဘူး။ ဘာလို့လဲဆိုတော့ Data ကို RAM ထဲမှာပဲထားပြီး အချိန်တစ်ခု(သို့) RAM ပြည့်သွားမှ ဟာ့ဒစ် ပေါ်ကိုရေးလို့။ မီးပျက်သွားရင် RAM ပေါ်က Data အကုန်သွားပြီ။
Write Caching ကို ဒီလိုလုပ်ပါ။
Device Manager ကိုဖွင့် > Disk Drive အောက်က Hard Disk ကို Right-click လုပ်ပြီး properties ကိုသွားပါ။
Policies Tab အောက်က Enable write caching on the disk ကို tick လုပ်ပါ။ ဒါဆိုရပါပြီ။

MFT (Master Files Table) Size ပြင်ခြင်း

MFT (Master Files Table) Size ပြင်ပြီးတော့လဲ စက်မြန်အောင်လုပ်လို့ရပါတယ်။
HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်မှာ key အသစ် NtfsMftZoneReservation ကို REG_DWORD အနေနဲ့ အသစ်ဖွင့်ပါ။
တန်ဖိုးကို 2 ထားပါ။ MFT (Master Files Table) Size ပြင်ခြင်း ပြီးပါပြီ။

DOS-Program တွေမသုံးဘူးဆိုရင်

HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်က NtfsDisable8dot3NameCreation တန်ဖိုး 0 ကို 1 ပြောင်းလိုက်ပါ။ Speed မြန်လာပါလိမ့်မယ်။

နောက်ထပ်သိရင်ထပ်ရေးပါ့မယ်။

ကျန်သေးတယ်...

I will post blog now.

နောက်ကျသွားတယ်။


Blogspot မှာ Member ဝင်ထားတာတော့ကြာပြီ။
Website တစ်ခုစမ်းရေးကြည့်နေတာနဲ့ Blog မရေးဖြစ်ဘူး။
ကျွန်တော့ရဲ့ ဝက်ဆိုက်က http://mystic7.789mb.com
လာလည်နော်။

ကျန်သေးတယ်...

Monday, April 9, 2007

Mystic 7

hello
I'm Leojack.

I'm testin' html code.
So this blog will not have a lot post.

Thanks,
leojack

ကျန်သေးတယ်...