Tuesday, May 26, 2009

Media Stream Server (MMS) ကဖိုင်တွေကို ဒေါင်းလုပ်လုပ်မလား

Stream Server ကရုပ်ရှင်တွေ၊ သီချင်းတွေကို ကျွန်တော်တို့က online မှာဘဲကြည့်လို့ နားထောင်လို့ရပါတယ်။
ကိုယ်ပိုင်သိမ်းထားချင်တယ်ဆိုရင်တော့ Offline Explorer နဲ့သိမ်းထားလို့ရပါတယ်။
သူ့မှာ version လေးခုရှိပါတယ်။ Professional နဲ့ Enterprise ကဘဲ mms ကို download လုပ်လို့ရပါတယ်။

Install လုပ်ခြင်း
၁။ အရင်ဆုံး Offline_Explorer_Enterprise.rar ကို Download လုပ်ပြီး install လုပ်လိုက်ပါ။
---Warning---
Copyright Law ရှိသောနိုင်ငံမှာနေသူများ ဝယ်သုံးကြပါ။
ဝယ်မသုံးနိုင်သူတွေနှင့် ဝယ်ခွင့်မရှိသောနိုင်ငံမှ User များအတွက် crack ကိုထည့်ပေးထားခြင်းဖြစ်ပါတယ်။

၂။ Patch run ပြီး OE.exe ကိုရှာပြီး patch လုပ်လိုက်ပါ။
၃။ Keygen ကိုဖွင့်ပါ။ Username နဲ့ Version ကိုရွေးလိုက်ပြီး generate လုပ်ပါ။
၎။ Offline Explorer ကို run ပြီး Help အောက်က register ကိုနှိပ်ပြီး ခုနက generate လုပ်ထားတဲ့ serial number ကို ဖြည့်လိုက်ပါ။
၅။ Proxy Server သုံးပါက Option အောက်က Proxy Server မှာ ဖြည့်ပေးပါ။

Download လုပ်ခြင်း
၁။ Download a Web site to your hard disk ဆိုတာကို click လုပ်ပါ။
၂။ ပေါ်လာတဲ့ screen မှာ project url မှာ လင့်ကိုဖြည့်ပါ။
ဥပမာ - mms://streamserver.site.com/stream/file.mp3 ဆိုတာမျိုးပါ။
၃။ Project Name ကိုမိမိကြိုက်နှစ်သက်သလိုဖြည့်ပါ။ Next ကိုနှိပ်ပါ။
၎။ Level Limit ကို အမှန်ခြစ်ဖြုတ်ပါ။ Next ကိုနှိပ်ပါ။
၅။ Next ထပ်နှိပ်ပါ။
၆။ Load Only Starting URL ကိုရွေးပြီး Next ကိုနှိပ်ပါ။
၇။ Download Project Now ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါလျှင် စပြီးဒေါင်းလုပ်လုပ်ပါပြီ။

Note - Download လုပ်ထားတဲ့ ဖိုင်တွေက Default Setting အရ c:\download ဆိုတဲ့ folder ထဲမှာရှိပါတယ်။

No comments:

Post a Comment