Saturday, May 2, 2009

Postcard from Beijing Virus

အခုအင်တာနက်ပေါ်မှာအောက်မှာပြထားတဲ့အတိုင်း forward mail တွေတွေ့နေရပါတယ်။ ရေးထားတာကတော့...

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။ အဲဒါကိုဖွင့်လိုက်ရင် Hard disk Drive sector ကို burn တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။ ၀င်လာလို့ကတော့ပြင်လို့ရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက McAfee company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsign out လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီ mail ကိုကိုယ့်သူငယ်ချင်းတွေဆီ forward လုပ်ပေးပါ ။

ဆိုပြီးတော့ပါ။ ဒါနဲ့ကျွန်တော်ရှာကြည့်တော့ တစ်ကယ်မဟုတ်ပါဘူး။ Hoax တစ်ခုပါတဲ့။
တစ်ကယ့်ဗိုင်းရပ်စ်မဟုတ်သလို တစ်ကယ်လဲမရှိပါဘူး။
စိတ်ပူစရာမလိုတော့ဘူးပေါ့။
Microsoft, Norton နှင့် McAfee တို့ကလဲ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘာမှမပြောထားပါဘူးတဲ့။

Ref:
wiki.answers.com
www.snopes.com

No comments:

Post a Comment