Wednesday, December 26, 2007

လျှို့ဝှက်နည်းနဲ့စာပို့မလား?

ဒီနည်းက NTFS file system မှာသာအလုပ်လုပ်ပါတယ်။ AFS (alternate file steam)လို့ခေါ်တယ်။
ဖိုင်တစ်ခုအောက်ထဲမှာတခြားဖိုင်ကိုဖွက်ထားတာပါ။ တခြား software တွေသွင်းစရာမလိုဘဲ command prompt အောက်ကနေလုပ်လို့ရပါတယ်။

၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ဖိုင်ရှိတဲ့နေရာကိုသွားပါ။

၂။ original file တစ်ခုရွေးပါ။ ဥပမာ- text.txt, picture.bmp, photo.jpg. (ကျွန်တော် text.txt ကိုရွေးလိုက်တယ်။)
၃။ ပြီးရင် command prompt မှာ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်။
၎။ ဖိုင်အသစ်ဖွင့်မှာလားဆိုရင် yes ။ ပြီးရင် ကိုပြောချင်တာတွေရိုက်ထည့်။ ပြီးရင်ဖိုင်ကို ပိတ်လိုက်တော့။
ဖိုင်ဆိုဒ်ကမပြောင်းဘူး။ တွေ့လား။

အဲဒီဖိုင်ကို ပိုချင်တဲ့သူဆီသာပို့လိုက်တော့။

ဘယ်လိုဖွင့်မလဲ?
၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ပို့လိုက်တဲ့ ဖိုင်ရှိတဲ့နေရာကိုသွားပါ။
၂။ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်ရင်... လျှို့ဝှက်စာလေးပွင့်လာလိမ့်မယ်။

မှတ်ချက်
text.txt နေရာမှာကြိုက်တာသုံးလို့ရပါတယ်။
hidden.txt နေရာမှာ ပို့မယ့်သူနဲ့ လက်ခံမယ်သူ နှစ်ယောက်သာသိထားတဲ့ စကားလုံးမျိုးဆိုရင် ပိုကောင်းပါမယ်။
သူကပြန်ဖွင့်မယ့် password အဖြစ်သုံးမှာပါ။
ဒီနည်းက စာကိုဘဲဖွက်လို့ရပါတယ်။
တစ်ကယ်လို့ ဖိုင်ကိုချုံ့ပြီးပေးချင်ရင် winrar ကိုသုံးပါ။ winrar ရဲ့ advance tab အောက်က save files security နဲ့ save files streams ဆိုတာလေးကို check လုပ်ပေးပါ။

ဒီနည်းနဲ့ ကိုယ့်ရည်းစားကို ဘယ်သူမှမရိပ်မိအောင်ချိန်းလို့ရတယ်နော်။

No comments:

Post a Comment