Thursday, March 26, 2009

Manual DNS သို့ IP Assign လုပ်ခြင်း

ကျွန်တော်ခေါင်းစဉ်တပ်တာ မှားကောင်းမှားနေမယ်နော်။

အခုနည်းက web developer တွေအတွက်အသုံးဝင်မှာပါ။
ကျွန်တော်တို့ site တစ်ခုလုပ်တယ်ဆိုပါတော့
site ကို localhost မှာ run ကြည့်တယ်ပေါ့ဗျာ
ပြီးမှ server ကို ftp ကတစ်ဆင့်တယ်မယ်။ ဒါဆိုရင် တော်တော်များများမှာ အဆင်ပြေတယ်။
ဒါပေမယ့် install လုပ်ထားရမယ့် script ဆိုရင် (ဥပမာ - wordpress) အဆင်မပြေနိုင်တော့ဘူး။
သူက MySQL database ထဲမှာ လင့်ကိုပါသိမ်းလိုက်တာလေ။

အဲဒီတော့ ကျွန်တော်တို့သူ့ကို web sever ပေါ်တင်ပြီးမှ install လုပ်လို့ရမှာပေါ့။

localhost မှာ run ချင်ရင်ရပါတယ်။ ကျွန်တော်တို့ local မှာ အဲဒီဆိုဒ်ကို offline edit လုပ်တုန်းခေါ်မယ်ဆိုရင် နည်းကတော့...

အရင်ဆုံး C:\WINDOWS\system32\drivers\etc\ ကိုသွားပါ။
အဲဒီအောက်မှာ host ဆိုတဲ့ ဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။

Host - Notepad

ဒါမျိုးလေးတွေ့မှာပါ။
ဥပမာ ကျွန်တော်တို့ site က www.mysite.com ဆိုပါတော့
အောက်နားလေးမှာ

127.0.0.1 www.mysite.com ဆိုပြီးထည့်လိုက်ပေါ့။

ဒါဆိုရင် browser မှာ www.mysite.com ဆိုပြီးထည့်လိုက်တာနဲ့ localhost ကိုဘဲ run တော့မှာဖြစ်ပါတယ်။

websever ပေါ်ကိုတင်ပြီး web ကနေ run ချင်ရင်တော့
ခုနက line မှာ
#127.0.0.1 www.mysite.com လို့ပြောင်းလိုက်ရင် web page ကဖိုင်ကိုဖွင့်တော့မှာပါ။

ဒီနည်းကကျွန်တော်တို့လို connection ကိုတစ်ချိန်လုံးမဖွင့်ထားနိုင်သူတွေက အဆင်ပြေမှာပါ။

No comments:

Post a Comment