Wednesday, March 11, 2009

Hard Disk ပြဿနာတစ်ခု

ကျွန်တော်နဲ့အတူဘာလို့ဖြစ်တာလဲဆိုတာ စဉ်းစားကြည့်ရအောင်။

Hard Disk နှစ်ခုရှိတယ်။
တစ်ခုက ဝင်းဒိုးတင်ထားတယ်။ နောက်တစ်ခုကတော့ data အတွက်သုံးတယ်။

Data အတွက်သုံးတဲ့ Drive က BIOS ထဲမှာပေါ်တယ်။
ဝင်းဒိုးထဲရောက်ရင်မပေါ်ဘူး။
ဒါမျိုးမဖြစ်ခင် တစ်ရက်ကတော့ မီးပျက်သွားပြီး ကွန်ပြူတာပိတ်တာမမှီလိုက်ဘူး။
အဖြေကတော့...


ဝင်းဒိုးတင်ထားတဲ့ Hard Disk က File system error ဖြစ်သွားပြီး Hardware တစ်ချို့ကိုမသိတော့တာပါ။

အရင်ဆုံး command promot ကိုခေါ်လိုက်တယ်။
chkdsk /f /r ဆိုတာကိုရိုက်လိုက်တယ်။
schedule လုပ်မှာလားဆိုတော့ y ကိုနှိပ်ပြီး enter လုပ်လိုက်တယ်။
ပြီးရင် shutdown -r -f -t 0 ဆိုပြီး restart လုပ်လိုက်ပါတယ်။
ဝင်းဒိုးပြန်တက်လာရင် 10 sec အတွင်း key တစ်ခုခုနှိပ်ဖို့ပြောတာ မနှိပ်ဘဲစောင့်လိုက်တယ်။
Error တွေတွေ့တော့ သူ့ဖာသာသူပြင်သွားပါတယ်။

Check Disk စစ်ပြီးတော့ ကျွန်တော့ Hard Disk ကိုပြန်တွေ့ပါပြီ။
တစ်ကယ်လို့ ဒီအဆင့်မှာမှမတွေ့သေးရင် System Restore လုပ်ရအုံးမှာပါ။

No comments:

Post a Comment