Monday, October 29, 2007

Window Uninstall လုပ်ခြင်း

Window ကိုပုံမှန်ဆိုရင် Uninstall လုပ်စရာမလိုပါဘူး။ တစ်ခါတစ်လေကျရင် ပထမဝင်းဒိုးကအလုပ်မလုပ်တော့တဲ့အခါမှာ ယာယီအနေနဲ့နောက်ထပ်တစ်ခုတင်ကြပါတယ်။ ပထမ ဝင်းဒိုးကိုပြင်ပြီးရင် ဒုတိယ(ယာယီ)ဝင်းဒိုးကို သုံးစရာမလိုတော့ပါဘူး။ ဒါဆိုရင် နေရာလွတ်တွေအတွက် (သို့) Boot တက်ရင်ဝင်းဒိုးရွေးရတဲ့ ဒုက္ခကိုလည်းရှင်းပြီးသားဖြစ်တာပေါ့။

အောက်ကစာတွေကို သေသေချာချာဖတ်ပြီး နားလည်မှသာလုပ်ပါလို့ပြောချင်ပါတယ်။ လုပ်တာကိုင်တာတစ်ခုခုမှားသွားရင် ပြန်ပြင်ဖို့သိပ်မလွယ်ဘူး။

၁။ အရင်ဆုံးဖျက်ချင်တဲ့ ဝင်းဒိုးမဟုတ်တဲ့ ဝင်းဒိုးကို boot လုပ်လိုက်ပါ။
၂။ ဝင်းဒိုးအတွင်းရောက်လျှင် My Computer (သို့) Folder တစ်ခုခုကို ဖွင့်လိုက်ပါ။
၃။ Tools > Folder Option ကိုဖွင့်ပါ။

Photo Sharing and Video Hosting at Photobucket

၎။ Show Hidden Files and Folder ကိုရွေးပါ။ Hide protected operation system files (recommended) ဆိုတာကို Uncheck အမှန်ခြစ်ဖျောက်လိုက်ပါ။ Yes or No မေးရင် Yes ကိုရွေးပါ။

Photo Sharing and Video Hosting at Photobucket

အခုဆိုရင်အရေးကြီးတဲ့ ဝင်းဒိုးဖိုင်တွေကိုမြင်နေရပါပြီ။
Window ကိုဘယ်လိုတင်ထားခဲ့လဲ ဆိုတဲ့ပေါ်မှမူတည်ပြီး လုပ်ကိုင်ပုံအနည်းငယ်ကွာပါမယ်။

ပထမနှင့်ဒုတိယဝင်းဒိုးကို မတူတဲ့ Partition ပေါ်မှတင်ထားခဲ့ရင်
ဥပမာ- ပထမဝင်းဒိုးကို C မှာတင်ပြီး၊ ဒုတိယဝင်းဒိုးကို D မှာတင်ထားခဲ့ရင်
ဖျက်မယ့်ဝင်းဒိုးရဲ့ Partition အောက်က Windows, Documents and Settings, Program Files ဆိုတဲ့ Folder တွေကို ဖျက်လိုက်ရုံပါပဲ။

တူညီတဲ့ Partition ပေါ်မှာ Overwrite မလုပ်ပဲတင်ထားခဲ့ရင်
ပထမဝင်းဒိုးကိုဖျက်လိုလျှင် Window၊ ဒုတိယဝင်းဒိုးကိုဖျက်လိုလျှင် Window.0 ကိုဖျက်ပါ။
Documents and Settings အောက်ကဆိုလျှင် ပထမဝင်းဒိုးကိုဖျက်လိုပါက Administrator, All User, ဖျက်လိုတဲ့ User နာမည်တွေကိုဖျက်ပါ။ ဒုတိယဝင်းဒိုးကိုဖျက်လိုပါက Administrator.0, All User.0 နဲ့ ဖျက်လိုတဲ့ User နာမည်တွေကိုဖျက်ပါ။

ပြီးလျှင် boot.ini ဆိုတာကိုရှာပြီးဖွင့်လိုက်ပါ။ အများအားဖြင့် C drive အောက်မှရှိတတ်ပါတယ်။
ဒါမျိုးလေးတွေ့ရပါလိမ့်မယ်။ ဒါက Window ကို Partition တစ်ခုထဲမှာ Overwrite မလုပ်ဘဲတင်ထားတာပါ။

Photo Sharing and Video Hosting at Photobucket

ကျွန်တော်ဖျက်ချင်တာက ဒုတိယဝင်းဒိုးဖြစ်တဲ့အတွက်
[operation system] အောက်က
multi(0)disk(0)rdisk(0)partition(1)\WINDOWS.0="Microsoft Windows XP Professional" /fastdetect /NoExecute=OptIn
ဆိုတဲ့စာကြောင်းကိုဖျက်လိုက်ပါမယ်။
ပြီးရင်
default= ဆိုတာကို
multi(0)disk(0)rdisk(0)partition(1)\WINDOWS ပြောင်းလိုက်ပါမယ်။

Operation System မှာပေါ်တဲ့ပုံစံက Boot မလုပ်ခင် ရွေးရတဲ့ပုံစံနဲ့တူပါတယ်။
ဒုတိယဝင်းဒိုးက အပေါ်မှာဖြစ်ပြီး အဲဒီဝင်းဒိုးကိုဖျက်ချင်ရင် Boot.ini မှာ အပေါ်ကစာကြောင်းကိုဖျက်ရမှာပါ။

default ကို ကျန်တဲ့ဝင်းဒိုးရဲ့ လမ်းကြောင်းကိုပေလိုက်ရုံပါဘဲ။

ဒါတွေအားလုံးပြင်ပြီးသွားရင် အဆင့် ၄ မှာပြင်ခဲ့တာတွေကို ပုံမှန်ပြန်ထားလိုက်ပါ။
Do not show hidden files and folder ကိုရွေး Hide operation system files ကို check လုပ်ရုံပါ။

Window Uninstall လုပ်ခြင်းပြီးပါပြီ။

No comments:

Post a Comment