Thursday, September 6, 2007

Portable Software

Portable Software ဆိုတာဘာတွေလဲဆိုတော့
၁။ ကိုယ်သွားလေရာကို ဥပမာ- USB (Universal Serial Bus) Drive နဲ့ သယ်သွားလို့ရမယ်။

၂။ သုံးမယ့်စက်တိုင်းမှာ သွင်းစရာ(Installation) မလိုဘူး။

၃။ ကိုယ့်ရဲ့ ဆက်တင် (settings) တွေ သုံးခဲ့တဲ့ပုံစံ (history) တွေကိုလည်း USB ထဲမှာပဲထားမယ်။


Portable Software မှဘာအကျိုးကျေးဇူးတွေရနိုင်သလဲ?

၁။ သုံးမယ့်စက်တိုင်းမှာ သွင်းစရာ(Installation) မလိုတဲ့အတွက် အချိန်ကုန်သက်သာမယ်။

၂။ ကိုယ့်ရဲ့ ဆက်တင် (settings) တွေ USB ထဲမှာပဲထားလို့ ခဏခဏပြင်စရာမလိုဘူး။ သုံးခဲ့တဲ့ပုံစံ (history) တွေကိုလည်း USB ထဲမှာပဲထားလို့ ကိုယ်သုံးခဲ့တဲ့ ဝက်ဆိုဒ်တို့ စကားဝှက် (Password) တို့ကိုတခြားလူမသိနိုင်ဘူး။

ဒါကြောင့် အင်တာနက်ကဖီး (Cyber Café) တွေကနေတဆင့်ကြည့်ကြသူများ ကိုယ့်မှာ USB Drive လေးရှိရုံနဲ့အဆင်ပြေစေမှာပါ။

http://www.portableapps.com Portable Software မှာတော်တော်များများရှိပါတယ်။

အောက်မှာအသုံးဝင်တဲ့ ပရိုဂရမ်လေးတွေ ရေးထားပါတယ်။
http://en.wikipedia.org/wiki/List_of_portable_software မှာကြည့်လို့ရပါတယ်။

၁။ Mozilla FireFox Portable ကျွန်တော်တို့သုံးနေတဲ့ Install လုပ်ရတဲ့ Mozilla FireFox နဲ့ သယ်သွားလို့ရတာ မရတာကလွဲရင် ကျန်တာအကုန်တူတူပါဘဲ။

၂။ Opera@USB ဒါလည်းအတူတူပါဘဲ။ ဒါပေမယ့် ဒီဟာက portableapps.com ကမဟုတ်ဘဲ opera.com မှဖြစ်ပါတယ်။ ဒီကနေရယူနိုင်ပါတယ် http://my.opera.com/opera-usb/

၃။ FDM (Free Download Manager) ဒါက Download Manager Software ပါ။ သူကနည်းနည်းထူးခြားတယ်။ အရင်ဆုံးစက်တစ်ခုမှာ Install လုပ်ရမယ်။ ပြီးရင် File>Create Portable Version ကို Click လုပ်၊ ကိုယ်ထားချင်ထားတဲ့ USB Drive ကိုညွှန်းလိုက်။ ပြီးရင် OK ပေါ့။ USB Drive ကိုတိုက်ရိုက်မညွှန်းဘဲ ကိုယ့်ရဲ့စက်ထဲ (hard disk) မှာပဲအရင်ထားပြီး USB Drive ပေါ်ကို Copy လုပ်လည်းရပါတယ်။ ဒေါင်းလုပ်ကိုဒီမှာယူပါ။
http://www.freedownloadmanager.org

၎။ 7-zip Portable
ဖိုင်တွေကိုတော့ Download လုပ်ပြီးပြီ။ USB ထဲထည့်ခါနီး နေရာလွတ် (Free Space) ကလည်းမရှိ ဖိုင်တွေလည်းမဖျက်ချင်ပြန်ဘူး။ ဒါဆိုနောက်ဆုံးနည်းက ဖိုင်ချုံ့တဲ့နည်းပါ။ 7-zip က ဖိုင်တွေကို 7z, zip, tar ဆိုတဲ့ extension တွေအဖြစ်ချုံပေးနိုင်ပါတယ်။ သူ့ရဲ့ချုံ့အားက WinRar ထက်ကောင်းတယ်။ 001, 7z, arj, bz2, cab, cpio, deb, gz, iso, lzh, rar, rpm, tar, z နှင့် zip ဆိုတာတွေကိုလည်းဖြည်ပေးနိုင်ပါတယ်။
ဒီပရိုဂရမ်ကို http://www.portableapps.com မှာရရှိနိုင်ပါတယ်။

၅။ Clamwin-Antivirus Portable
ဒါကတော့ ဗိုင်းရပ်စ်သတ်တဲ့ပရိုဂရမ်ပါ။ ဒီပရိုဂရမ်မှာအားနည်းချက်တော့ရှိတယ်။ အဲဒါကတော့ဖိုင်တွေကို သူအလိုလျောက်စစ်တဲ့နည်းစနစ် Real Time Protection / Scanning မပါဝင်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် စက်တစ်ခုလုံးမှာ Antivirus မသွင်းထားတာထက်စာရင်တော့ တော်ပါသေးတယ်။ နောက်ပြီးအခြားစက်တခုမှာ ဗိုင်းရပ်စ်ဝင်နေပြီး အဲဒီဗိုင်းရပ်စ်က Antivirus သွင်းခွင့်မပေးရင် ဒီပရိုဂရမ်ကအဆင်ပြေစေမှာပါ။
ဒီပရိုဂရမ်ကိုလည်း http://www.portableapps.com မှာရရှိနိုင်ပါတယ်။

No comments:

Post a Comment