Thursday, September 6, 2007

CD Drive တွေကို နာမည်ပြောင်းနည်း

ကျွန်တော်တို့တွေ Hard Disk တွေ USB Drive တွေကိုနာမည်တွေ (Label) အမျိုးမျိုးပေးကြတယ်။
CD Drive ကို နာမည်ပြောင်းတဲ့နည်းတစ်ခုကို ကျွန်တော်အမှတ်မထင် တွေ့ခဲ့ရတယ်။
ဒီနည်းက registry editor သုံးဖို့လိုပါတယ်။


၁။ အရင်ဆုံး startmenu ထဲက run မှာ regedit ဆိုတာရိုက်ထည့်ပြီး registry editor ကိုဖွင့်လိုက်ပါ။

၂။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\DriveIcons ဆိုတာကို ရောက်အောင်သွားလိုက်ပါ။

၃။ DriveIcons ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။


၎။ key အတွက် နာမည်ကို ကိုယ်ပြင်ချင်တဲ့ CD Drive ရဲ့ Drive Letter ဥပမာ- F လို့ပေးလိုက်ပါ။

၅။ F ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။ နာမည်ကို DefaultLabel လို့ပေးလိုက်ပါ။


၆။ DefaultLabel ကိုဘယ်ဖက်မှာရွေးထားပြီး ညာဖက်က (Default) ကို ကလစ် နှစ်ချက်နှိပ်ပါ။



၇။ ပေါ်လာတဲ့ box ထဲမှာ ကိုပြောင်းချင်တဲ့နာမည်ကို ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။

၈။ My Computer ကိုသွားပြီးကြည့်လိုက်ရင် နာမည်ပြောင်းသွားတာတွေ့လိမ့်မယ်။



၉။ တကယ်လို့မပြောင်းရင် ကွန်ပြူတာကို restart ချလိုက်ပါ။

၁၀။ Restart မလုပ်ချင်ရင် Task Manager မှ Explorer.exe ကို Processes အောက်မှာရှာပြီး End Process လုပ်လိုက်ပါ။ Task Manager မှလွဲပြီးကျန်တာအားလုံးပျောက်သွားလိမ့်မယ်။ ပြီးရင် Application အောက်က New Task ကိုနှိပ်လိုက်ပါ။ အသစ်ပေါ်လာတဲ့ box ထဲမှာ explorer.exe ဆိုတာရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ Files တွေပြန်ပေါ်လာလိမ့်မယ်။ CD Drive နာမည်လည်းပြောင်းသွားလိမ့်မယ်။

No comments:

Post a Comment