Monday, April 27, 2009

Google Trick 1

ကျွန်တော်ဒီနေ့မှ private forum တစ်ခုမှာတွေ့လိုက်တာပါ။ bmj69 ကပြောပြထားတာပါ။

အရင်ဆုံး www.google.com ကိုသွားပါ။
find chuck norris ဆိုတာကို ရိုက်ထည့်ပြီးတော့ I'm Feeling Lucky ဆိုတာကိုနှိပ်လိုက်ပါ။
ဘာတွေ့မလဲလို့...

ကျန်သေးတယ်...

Samuel Morse's Birthday Day

ဒီနေ့ Google Home Page မှာ ဘာတွေ့ပါသလဲခင်ဗျာ။

Samuel Morse's Birthday

Google ဆိုတဲ့ စာလုံးနေရာမှာ Dot တွေ Dash တွေဖြစ်နေတယ်။
Dot Dash ဆိုတာနဲ့သိမှာပါ။ Morse Code ဆိုပြီးတော့လေ ဒီတော့ Google ကဘာရေးထားလဲဆိုတာ အောက်က Morse Code Table နဲ့တိုက်ကြည့်ရအောင်





















A



.-






B



-...






C



-.-.







D



-..







E



.







F



..-.







G



--.






H



....






I



..






J



.---






K



-.-






L



.-..






M



--








N




-.






O




---






P




.--.






Q




--.-






R




.-.






S




...






T




-






U




..-






V




...-






W




.--






X




-..-






Y




-.--






Z




--..








0




-----






1




.----






2




..---






3




...--






4




....-






5




.....






6




-....






7




--...






8




---..






9




----.






Fullstop




.-.-.-






Comma




--..--






Query




..--..







ကျန်သေးတယ်...

Saturday, April 25, 2009

mlburmh virus killer

ဟိုနေ့က ပြောထားတဲ့ virus နှစ်ခုထဲက တစ်ခုကိုတော့ killer ရေးပြီးပါပြီ။
mlburmh ဆိုတဲ့ virus အတွက်ပါ။
တစ်ကယ်လို့မနိုင်ရင်လဲပြောပါ။ ကျွန်တော့ရဲ့ virtual os က အခုသုံးနေတဲ့စက်မှာမရှိလို့ မစမ်းဖြစ်သေးပါဘူး။

အောက်မှာဒေါင်းလုပ်ယူလို့ရပါတယ်။
ဒီမှာ download ယူပါ။
Password : leojack

ကျန်သေးတယ်...

Friday, April 24, 2009

Google's Earthday Logos

၂၂ ရက်နေ့က Earthday ဆိုတာလေးပြီးသွားပါပြီ။
Google မှာတင်ခဲ့သမျှပုံလေးတွေပြန်ကြည့်ရအောင်

2009
Google's Earthday Logo


2008
Google's Earthday Logo

2007
Google's Earthday Logo

2006
Google's Earthday Logo

2005
Google's Earthday Logo

2004
Google's Earthday Logo

သူငယ်ချင်းတို့ဆီမှာ တစ်ခြားပုံတွေရှိသေးရင်လဲ ပို့ပေးကြပါ။

ကျန်သေးတယ်...

Wednesday, April 22, 2009

The Earth Day

ဒီနေ့က ဧပြီလ ၂၂ ရက်နေ့ဆိုတော့ ဘာနေ့များဖြစ်မယ်လို့ထင်ပါလဲ။
Google Home Page ကိုသွားကြည့်လိုက်ရင်တော့ သိမယ်လို့ထင်ပါတယ်။
Google ကသူ့ရဲ့ logo ကိုထူးခြားတဲ့နေ့ရှိရင် ပြောင်းထားပေးလို့ပါ။
ဒီနေ့မှာတော့

Earthday

ပုံကိုတင်ထားပါတယ်။

Earthday အကြောင်းကိုပြောရမယ်ဆိုရင်တော့...

၁၉၆၉ ခုနှစ် စက်တင်ဘာလတွင် Seattle,Washington မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ Gaylord Nelson က ၁၉၇၀ ပြည့်နှစ်ကစပြီး ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကို ကြေငြာပြီးစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့မှာ အမေရိကန်နိုင်ငံသား သန်း ၂၀ လောက်က Earthday ကိုပါဝင်ဆင်နွဲခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ဘဲဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာဆိုရင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံက လူပေါင်းသန်း ၂၀၀ လောက်ကပါဝင်ဆင်နွဲခဲ့ကြပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံပေါင်း ၁၈၄ နိုင်ငံအထိပါဝင်ခဲ့ပါတယ်။ အင်တာနက်ပေါ်တွင် Earthday အတွက်လှုပ်ရှားဆောင်ရွက်မှတွေလည်း ရှိလာခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ လူပေါင်းဘီလီယံချီသည်အထိ ပါဝင်ခဲ့ကြပါတယ်။

အခုဆိုရင် ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့နှစ်တွေကထက်ပို၍ ပူပြင်းလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာနှင့်အမျှ ရာသီဥတုဖောက်ပြန်မှုတွေ၊ မုန်တိုင်းဖြစ်ပေါ်မှုတွေတိုးလာပါတယ်။ ဘယ်သူတွေကြောင့်ဖြစ်လာရတာလဲဆိုတော့ ကျွန်တော်တို့လူသားတွေကြောင့်ဖြစ်လာရတာဆိုတဲ့ အဖြေကထင်ရှားနေပါတယ်။
ဒီတော့ ကျွန်တော်တို့ကပဲ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးဖို့တာဝန်ရှိပါတယ်။ ဘယ်လိုထိန်းသိမ်းမလဲ။
ပူနွေးလာခြင်းအဓိက အကြောင်းအရင်းက သစ်တောများပြုန်းတီးမှုကြောင့်ပါ။ ဒီတော့ သစ်ပင်ပြန်စိုက်ရမှာပါ။
ဒီနေ့မှာသစ်ပင်ပြန်စိုက်ရင် ကမ္ဘာကြီးကို ထိန်းသိမ်းရာရောက်တဲ့ အပြင် Earthday ကိုပါဝင်ဆင်နွဲခြင်းဖြစ်ပါတယ်။ ဒီပို့စ်လေးကို ဖတ်ပြီးရင် သစ်ပင်စိုက်ကြရအောင်...


Reference
Wikipedia

ကျန်သေးတယ်...

Sunday, April 19, 2009

ဗိုင်းရပ်စ် နှစ်ခု

ဒီရက်ပိုင်းတော့ အလုပ်ရှုပ်အုံးမှာပါ။
ဗိုင်းရပ်ကောင်းကောင်းလေးတစ်ခုနဲ့ ဗိုင်းရပ်အသစ်လေးတစ်ခုရထားတယ်။
ပထမတစ်ခုက mlburmh (File Size - 75,187 byte) ဆိုတဲ့ ဗိုင်းရပ်စ်ဖိုင်လေးပါ။
သူ့ပုံစံက jpeg ရဲ့ icon ပုံစံကိုယူထားပါတယ်။
သူကတော့ ဝင်ပြီးသွားရင် ရှိသမျှ antivirus တွေကို အလုပ်မလုပ်တော့အောင် ပိတ်လိုက်ပါတယ်။
တော်တော်လေးဆိုးတယ်လို့ပြောရပါတယ်။

နောက်တစ်ခုကတော့ MS-DOS.com (File Size - 319,488 byte) ဆိုတဲ့ Virus ဖိုင်လေးပါ။
မသိရင်တော့ Windows ရဲ့ Application တစ်ခုပေါ့။ တစ်ကယ်ကတော့ Virus အစစ်ပါ။
ဒီဗိုင်းရပ်စ်ကတော့အသစ်ပါ။ VirusTotal မှာသွားစစ်တာ နာမည်ကြီး Antivirus တစ်ခုမှသူ့ကိုမသိပါဘူး။ ဘာလုပ်လဲဆိုတာကိုတော့ ကျွန်တော်သေချာမသိသေးပါဘူး။ သိထားတာတစ်ခုကတော့ သူ့အောက်ထဲမှာ VBS script တစ်ခုပါတယ်ဆိုတာပါဘဲ။

ကျွန်တော့ရဲ့ ဝါသနာအတိုင်း Killer တွေရေးလိုက်အုံးမယ်။

ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီးဆွေးနွေးလိုပါက http://forum.all-channel.com မှာလာဆွေးနွေးနိုင်ပါတယ်။

ကျန်သေးတယ်...

Thursday, April 16, 2009

ထိုင်းသင်္ကြန်ရက်တိုးထားသည်

ထိုင်းသင်္ကြန်ကပုံမှန်ဆိုလျှင် ဧပြီလ ၁၅ ရက်နေ့ကနောက်ဆုံးနေ့ပါ။
ဒါပေမယ့် ထိုင်းမှာ Red Shirt တွေကြောင့် တစ်ချို့နေရာတွေမှာ သင်္ကြန်မလုပ်ဖြစ်လိုက်ဘူး။
နောက်ပြီး နိုင်ငံခြားသားတွေမလာလို့ တစ်ချို့ ဟော်တယ်လုပ်ငန်းတွေ အဆင်မပြေခဲ့ဘူး။

ဒီနေ့ ၁၆ ရက်နေ့မှာ ကြေငြာလိုက်ပါတယ်။
၁၆ ရက်နဲ့ ၁၇ ရက်ကို သင်္ကြန်ရက်အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဒါပေမယ့် ဒီနေ့တော့ ကျွန်တော်တို့နားမှာ ရေပက်တဲ့သူ မတွေ့ပါဘူး။

သတင်းအပြည့်အစုံကို ဘန်ကောက်ပိုစ့် သတင်းစာမှာဖတ်လို့ရပါတယ်

ကျန်သေးတယ်...

Monday, April 13, 2009

Virus (bsp.cmd)

မနေ့က ကျွန်တော်တွေ့လိုက်တာပါ။
စမ်းနေရင်းနဲ့ ကျွန်တော့ စက်ကိုတောင်ကူးသွားပါသေးတယ်။
ဖြေရှင်းလို့ရတဲ့ နည်းကိုတော့ရပါပြီ။





























Virus Information
Virus Name Unknown
Type Rootkit / Trojan
File Size 107,184 bytes
First Detected Date Apr 13 2009
Variant Names kacsde.exe, ff.exe, uret463.exe, bsp.cmd



Virus ကဘာလုပ်သလဲ?
ဘာလုပ်သလဲဆိုတာအခုထိမသိသေးပါဘူး။

Virus ရှိနေကြောင်းဘယ်လိုသိနိုင်သလဲ?
Virus ရှိနေလျှင် ကွန်ပြူတာရှိ drive တစ်ခုခုကိုဖွင့်လိုက်တိုင်း folder window အသစ်တစ်ခုနဲ့တက်လာပါတယ်။
Process တစ်ခု run လိုက်တိုင်း စက်ကတစ်ခါတလေ Hang သလိုဖြစ်သွားပါတယ်။

ဘယ်လိုသတ်မလဲ?
ကျွန်တော် killer ရေးပြီးပါပြီ။
ဒီမှာ download လုပ်ပါ
Password : leojack

ကျန်သေးတယ်...

Wednesday, April 8, 2009

Memory Stick တွေကို ဘယ်လိုစစ်မလဲ

ကိုယ့် memory stick ကိုကောင်းမကောင်း check flash ဆိုတဲ့ software နဲ့စစ်လို့ရပါတယ်။


အရင်ဆုံး software ကို ဒီမှာ download လုပ်ပါ။

ရလာတဲ့ zip files ကို ဖြည်လိုက်ရင် အထဲမှာ chkflsh.exe ဆိုတာလေးတွေ့မှာပါ။

ဒါလေးကို run လိုက်ပြီး drive ဆိုတဲ့ box ထဲမှာ ကိုယ့် drive ကိုရှာလိုက်ပါ။



မတွေ့သေးရင် ဘေးမှာရှိုတဲ့ refresh ခလုပ်ကိုနှိပ်လိုက်ပါ။
ဒီ software မှာ test သုံးမျိုးရှိပါတယ်။


1) Temporary Files
2) As logical drive
3) As physical drive

Temporary Files
မှာ read and write speed ကိုဘဲစမ်းလို့ရပါတယ်။

ကျန်တဲ့ နှစ်ခုကိုရွေးထားမှသာ error ရှိမရှိစမ်းလို့ရမှာပါ။

Read Stability Test က drive မှာ error ရှိမရှိနဲ့ read speed ကိုစမ်းပါတယ်။

Logical Drive သို့ Physical Drive ကိုရွေးထားပြီး
Write and Read Test ကို run လိုက်လျှင် စက်ကိုသုံးဖို့ format ပြန်လုပ်ပေးရပါမယ်။

error ရှိနေလျှင် ဘေးက box မှာ အနီရောင်နဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။

Low Level Initialization မှာ drive ရဲ့ Partition Information ကိုပြင်လို့ရပါတယ်။

Save Image က Drive ရဲ့ information ကိုသိမ်းဖို့ပါ။

Load Image က save မှတ်ထားတဲ့ drive information ကိုပြန်ခေါ်ဖို့ပါ။

Full Erase ကတော့ Drive တစ်ခုလုံးမှာရှိတဲ့ data အားလုံးကိုဖျက်ပစ်တာပါ။

ကျန်သေးတယ်...

Friday, April 3, 2009

Happy Birthday Gmail

Gmail's 5 Years Old Birthday

ကျွန်တော်တို့ Gmail သို့ Google သည် အခု April 3, 2009 မှာ ၅ နှစ်ပြည့်ခဲ့ပါပြီ။
ပထမအစက Feature နဲ့ Function တွေမစုံလင်ပေမယ့်၊ အခုချိန်မှာတော်တော်စုံခဲ့ပါပြီ။

Feature များပိုကောင်းလာပါစေဟု ဆုတောင်းရင်း...
ဆက်လက်၍အောင်မြင်ပါစေဟု ဆုတောင်းရင်း...
အမြဲအလကားပေးပါစေဟု ဆုတောင်းရင်း...

ကျန်သေးတယ်...

Wednesday, April 1, 2009

၂၄ နာရီမီးလာမည်

အခုရက်တွေ မီးခဏခဏ ပျက်လို့ စိတ်မညစ်ပါနဲ့။
(April Fool! တစ်ကယ်လာရင်တော့ ကံပေါ့နော်။)
ရန်ကုန်မြို့တွင် သင်္ကြန်ရက်အတွင်း ၂၄ နာရီမီးပေးထားမယ်လို့ ခိုင်လုံသောသတင်းရပ်ကွက်တစ်ခုမှ သိရပါတယ်။
မြို့တွင်း ၆ မြို့နယ်ဘဲလား။ အကုန်လုံးလားဆိုတာကိုတော့ မသိသေးပါဘူး။ ကျွန်တော်သိရင် ပိုစ့်ထပ်တင်ပေးပါမယ့်။

ကျန်သေးတယ်...