Wednesday, April 8, 2009

Memory Stick တွေကို ဘယ်လိုစစ်မလဲ

ကိုယ့် memory stick ကိုကောင်းမကောင်း check flash ဆိုတဲ့ software နဲ့စစ်လို့ရပါတယ်။


အရင်ဆုံး software ကို ဒီမှာ download လုပ်ပါ။

ရလာတဲ့ zip files ကို ဖြည်လိုက်ရင် အထဲမှာ chkflsh.exe ဆိုတာလေးတွေ့မှာပါ။

ဒါလေးကို run လိုက်ပြီး drive ဆိုတဲ့ box ထဲမှာ ကိုယ့် drive ကိုရှာလိုက်ပါ။



မတွေ့သေးရင် ဘေးမှာရှိုတဲ့ refresh ခလုပ်ကိုနှိပ်လိုက်ပါ။
ဒီ software မှာ test သုံးမျိုးရှိပါတယ်။


1) Temporary Files
2) As logical drive
3) As physical drive

Temporary Files
မှာ read and write speed ကိုဘဲစမ်းလို့ရပါတယ်။

ကျန်တဲ့ နှစ်ခုကိုရွေးထားမှသာ error ရှိမရှိစမ်းလို့ရမှာပါ။

Read Stability Test က drive မှာ error ရှိမရှိနဲ့ read speed ကိုစမ်းပါတယ်။

Logical Drive သို့ Physical Drive ကိုရွေးထားပြီး
Write and Read Test ကို run လိုက်လျှင် စက်ကိုသုံးဖို့ format ပြန်လုပ်ပေးရပါမယ်။

error ရှိနေလျှင် ဘေးက box မှာ အနီရောင်နဲ့ဖော်ပြပေးမှာဖြစ်ပါတယ်။

Low Level Initialization မှာ drive ရဲ့ Partition Information ကိုပြင်လို့ရပါတယ်။

Save Image က Drive ရဲ့ information ကိုသိမ်းဖို့ပါ။

Load Image က save မှတ်ထားတဲ့ drive information ကိုပြန်ခေါ်ဖို့ပါ။

Full Erase ကတော့ Drive တစ်ခုလုံးမှာရှိတဲ့ data အားလုံးကိုဖျက်ပစ်တာပါ။

No comments:

Post a Comment