Monday, January 19, 2009

Google အကောင့် အခိုးခံရရင်

မနေ့ကသူငယ်ချင်းတစ်ယောက်က ကျွန်တော့ကိုသူ့ Gmail Account အခိုးခံလိုက်ရလို့တဲ့
ဒါနဲ့ကျွန်တော်လည်းလုပ်ပေးလိုက်ပါတယ်။

ကျွန်တော်လုပ်ခဲ့တာလေးတွေပြောပြမယ်နော်

1. gmail login page ကိုသွားလိုက်တယ်။
2. I cannot access my account ကို click လုပ်လိုက်တယ်။



၃။ ပြီးရင် My account has been compromise ကိုရွေးပြီး အောက်ကလင့်ကို click လုပ်လိုက်တယ်။


၎။ ပေါ်လာတဲ့ form မှာ သိတာတွေအကုန်ဖြည့်ရမယ်။
ဖြည့်ရမယ့် data တွေက သုံးတဲ့သူမဟုတ်ရင်သိနိုင်မှာမဟုတ်ပါဘူး။
ရက်စွဲတွေကို မမှတ်မိရင် ခန့်မှန်းခြေရက်ကိုဖြည့်ပေးရမယ်။

၅။ အကုန်ဖြည့်ပြီးရင် နောက်နာရီဝက်လောက်ဆိုရင် ဖြည့်လိုက်တဲ့ mail address ကို password reset link ရောက်လာလိမ့်မယ်။

၆။ Password အသစ်ကိုဖြည့်လိုက်ရင်သုံးလို့ရပါပြီ။

၇။ ဖြစ်နိုင်ရင် Security question နဲ့ Secondary email address ကိုပါပြင်လိုက်စေချင်တယ်။ ကိုယ့်အကောင့်ကိုရသွားတဲ့သူက အဲဒီကနေရသွားတာလဲဖြစ်နိုင်ပါတယ်။

(တစ်ခုသတိထားစေချင်တာက Form ဖြည့်ပြီးပို့တဲ့ အချိန်မှာသုံးတဲ့ IP Address က Google Account (Gmail) ဖွင့်ရင်သုံးနေကျဆိုရင် ပိုကောင်းပါတယ်)

1 comment:

  1. ကျေးဇူးတင်ပါတယ် ။ ဖော်ပြပေးလို့

    ReplyDelete