Wednesday, June 25, 2008

သူငယ်ချင်း တေဇာရဲ့မွေးနေ့

ဒီနေ့က ၂၄ ရက်နေ့ပါ။
ညနေဖက် ကျောင်းကပြန်ရောက်တော့ တေဇာ ဆီကဖုန်းဆက်တယ်လို့အိမ်ကပြောတယ်။
ဖုန်းဆက်ကြည့်တော့ မှသူ့မွေးနေ့မှန်းသိတာ။ (တော်တော်ကောင်းတဲ့သူငယ်ချင်းနော်)
ဒီတော့ကျွန်တော်လည်း အမြန်ပြေးရတာပေါ့။ (အစားနဲ့ပတ်သက်တော့လဲ...)
အဲဒီပွဲမှာကျွန်တော်နောက်အကျဆုံးဘဲ။ မြေနီကုန်းက YKKO မှာကျွေးတာပါ။ ကျွန်တော်ရောက်တော့ အကုန်စားပြီးနေကြပြီ။
မဘာညာ က တေဇာ အတွက် မွေးနေ့ကိတ်လက်ဆောင်ပေးပါတယ်။ တခြား ဘလော့ဂါတွေလဲများကြီးလာပါတယ်။
ကျွန်တော်သိတာကတော့ မပင့်ဂိုး နဲ့ မဘာညာ ဘဲရှိတယ်။

တေဇာ မွေးနေ့က ၂၅ ရက်နေ့မှပါ။ ကြိုကျွေးထားတာတဲ့။

တေဇာ ယခုမွေးနေ့ မှစ၍ တစ်ဘ၀လုံး လိုချင်သည်များရရှိပါစေ။

1 comment:

  1. မင်္ဂလာပါ

    ရွှေသူငယ်ချင်းများ website မှနှုတ်ခွန်ဆက်သလိုက်ပါတယ်။ Internet ပေါ်မှာတကွဲတပြားဖြစ်နေတဲ့သူငယ်ချင်းတွေအတွက် ရွှေသူငယ်ချင်းများ website ကိုတည်ထောက်လိုက်ပါပြီ။
    ရွှေသူငယ်ချင်းများ website မှာ
    - ဓါတ်ပုံများကိုလွှင့်တင်ခြင်း
    - youtube, google နှင့် အခြားသော website များမှ မိမိနှစ်သက်သော video များကို ဝေမျှခံစားခြင်း
    - web log (blog) များကို ရေးသားခြင်း
    - အဖွဲ့ဝင်များ online ဆွေးနွေးကြခြင်း (online chat function)
    - offline နှီးနှောဖလည်ပွဲများပြုလုပ်ခြင်း (forum function)
    - ၀ါသနာတူအဖွဲ့ငယ်များဖွဲ့စည်းတည်ထောင်ကြခြင်း
    တို့ကို ယခုပင်စတင်ဆောင်ရွက်နိုင်ပါပြီ။ အခြားသော function များကိုလည်း သင့်တော်သလို ထပ်မံထည့်သွင်းသွားမှာဖြစ်ပါတယ်။

    စောင့်မျှော်ကြိုဆိုလျှက်
    ရွှေသူငယ်ချင်းများ
    www.ShweFriends.com

    ReplyDelete