Thursday, February 14, 2008

Valentine နေ့

ဒီနေ့က ဗယ်လင်တိုင်း နေ့နော်။ မြန်မာလိုဆို ချစ်သူများနေ့ပေါ့။
ရည်းစားရှိတဲ့သူတွေက ကိုယ်ချစ်သူကို ချောကလက်တွေ ပန်းသီးတွေ ပေးရင်းစားရင်း။
ပျော်စရာဘဲနော်။
တစ်ကယ့် သမိုင်းကိုပြန်ကြည့်ရင်တော့ ဗယ်လင်တိုင်းနေ့က ပျော်စရာမဟုတ်ဘူး။
ဗယ်လင်းတိုင်းနေ့က St.Valentine ကိုအစွဲပြုပြီးခေါ်တာပါ။
သူက ခရစ်ယာန်တွေကို ရိုမန် အကျဉ်းထောင်ကနေထွက်ပြေးနိုင်အောင်ကူညီမှုနဲ့ သေမိန့် အပေးခံရတယ်။
ထောင်ထဲမှာနေရင်း ထောင်မှူးရဲ့သမီးနဲ့ချစ်သွားတယ်။ သူရဲ့နောက်ဆုံးဆန္ဒမှာ သူချစ်သူဆီစာရေးခွင့်ရလိုမှုသာဖြစ်တယ်။
သူကို သူရဲကောင်းအဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ သူအသတ်ခံရတဲ့နေ့ကို Valentine နေ့အဖြစ်သတ်မှတ်ထားခြင်းဖြစ်တယ်။
ကျွန်တော်တို့အခုလုပ်တာနဲ့တော်တော်လွဲနေတယ်နော်။

ဘာပဲဖြစ်ဖြစ် ဝမ်းနည်းစရာနေ့ထက်စာရင် ပျော်စရာကပိုကောင်းပါတယ်။

1 comment:

  1. အခုတော့ ကျား က မကို နင်းဆီ(တပွင့်။တစည်း)နဲ့ ညစာကျွေးတယ် မ က ကျားကို ချောကလက်ပေးတယ်။
    မတ်လ ၁၄ရက်ကျတော့ ပြောင်းပြန် ဟတ်ဟတ်

    ReplyDelete