Saturday, December 29, 2007

New Year Counter

အခုဆိုရင် new year ရောက်ဖို့


တစ်ကယ်လို့ ဒီ flash ကိုကြိုက်ရင်

<embed type="application/x-shockwave-flash" src="http://h1.ripway.com/leojack/NewYear.swf" pluginspage=" http://www.macromedia.com/go/getflashplayer" height="100" width="210"></embed>

ဆိုပြီးသွင်းလိုက်ရုံပဲ

ကျန်သေးတယ်...

Wednesday, December 26, 2007

လျှို့ဝှက်နည်းနဲ့စာပို့မလား?

ဒီနည်းက NTFS file system မှာသာအလုပ်လုပ်ပါတယ်။ AFS (alternate file steam)လို့ခေါ်တယ်။
ဖိုင်တစ်ခုအောက်ထဲမှာတခြားဖိုင်ကိုဖွက်ထားတာပါ။ တခြား software တွေသွင်းစရာမလိုဘဲ command prompt အောက်ကနေလုပ်လို့ရပါတယ်။

၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ဖိုင်ရှိတဲ့နေရာကိုသွားပါ။

၂။ original file တစ်ခုရွေးပါ။ ဥပမာ- text.txt, picture.bmp, photo.jpg. (ကျွန်တော် text.txt ကိုရွေးလိုက်တယ်။)
၃။ ပြီးရင် command prompt မှာ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်။
၎။ ဖိုင်အသစ်ဖွင့်မှာလားဆိုရင် yes ။ ပြီးရင် ကိုပြောချင်တာတွေရိုက်ထည့်။ ပြီးရင်ဖိုင်ကို ပိတ်လိုက်တော့။
ဖိုင်ဆိုဒ်ကမပြောင်းဘူး။ တွေ့လား။

အဲဒီဖိုင်ကို ပိုချင်တဲ့သူဆီသာပို့လိုက်တော့။

ဘယ်လိုဖွင့်မလဲ?
၁။ အရင်ဆုံး command prompt ကိုဖွင့်လိုက်ပါ။ ပို့လိုက်တဲ့ ဖိုင်ရှိတဲ့နေရာကိုသွားပါ။
၂။ notepad text.txt:hidden.txt ရိုက်ပြီး enter ခေါက်လိုက်ရင်... လျှို့ဝှက်စာလေးပွင့်လာလိမ့်မယ်။

မှတ်ချက်
text.txt နေရာမှာကြိုက်တာသုံးလို့ရပါတယ်။
hidden.txt နေရာမှာ ပို့မယ့်သူနဲ့ လက်ခံမယ်သူ နှစ်ယောက်သာသိထားတဲ့ စကားလုံးမျိုးဆိုရင် ပိုကောင်းပါမယ်။
သူကပြန်ဖွင့်မယ့် password အဖြစ်သုံးမှာပါ။
ဒီနည်းက စာကိုဘဲဖွက်လို့ရပါတယ်။
တစ်ကယ်လို့ ဖိုင်ကိုချုံ့ပြီးပေးချင်ရင် winrar ကိုသုံးပါ။ winrar ရဲ့ advance tab အောက်က save files security နဲ့ save files streams ဆိုတာလေးကို check လုပ်ပေးပါ။

ဒီနည်းနဲ့ ကိုယ့်ရည်းစားကို ဘယ်သူမှမရိပ်မိအောင်ချိန်းလို့ရတယ်နော်။

ကျန်သေးတယ်...

Marry Christmas

အားလုံးကို Marry Christmas ပါ
အမှန်ကမနေ့ကလုပ်ရမှာ။ မနေ့က flash တစ်ခုကို edit လုပ်နေတာ မပြီးသေးတာနဲ့ ....
ရေးလို့ပြီးရော Internet ဆိုင်တွေလဲပိတ်ပြီ။
flash ကိုတင်ထားပေးတယ်။
date ပြောင်းပြီး စမ်းကြည့်ပါလား။


ကျန်သေးတယ်...

Monday, December 24, 2007

စာလုံးသေးသည်ဟုပြောသူများအတွက်

ကျွန်တော့ဘလော့မှာ သုံးထားတဲ့စာလုံးတွေသေးလို့မမြင်ရဘူးလို့ တချို့တွေ(အထူးသဖြင့် j)ပြောပါတယ်။
ဒါဆိုရင် zoom ဆွဲပြီးကြည့်လို့ရပါတယ်။
ctrl + + (zoom in)
ctrl + - (zoom out) လုပ်ပြီးကြည့်ပေးပါ။

ဖတ်ရှုရာတွင်အဆင်ပြေကြပါစေ

ကျန်သေးတယ်...

စာမေးပွဲအောင်စာရင်းထွက်ပါပြီ။

ကျွန်တော်တို့ကျောင်းအောင်စာရင်းမနေ့ညကထွက်ပါတယ်။
အောင်ပါတယ်။ roll no တော့ မပြောတော့ဘူး။
အခန်းရှိလူစာရင်းရဲ့ သုံးပုံနှစ်ပုံ ကျော်တယ်။

ကျန်သေးတယ်...

Saturday, December 22, 2007

ဆိုးတဲ့ကံကတော့ တစ်ကယ်မပြောချင်တော့ဘူး

ဒီ ဒီဇင်ဘာကတော့ တစ်ကယ်ကံအဆိုးဆုံးဘဲ။ ဟိုတစ်ခါကတော့ဖျားတယ်။ အခုတော့ မရှိမဲ့ရှိမဲ့ pen drive လေးတောင်ပျက်သွားတယ်။ ပြန်ဝယ်နိုင်အောင်ကြိုးစားနေပါတယ်။ template ကိုစမ်းကြည့်ဖို့ဘာနဲ့သယ်ရမလဲမသိဘူး။

ကျန်သေးတယ်...

Wednesday, December 19, 2007

Website တစ်ခုအကြောင်း

ဒီနေ့တော့ http://www.network-tools.com/ ဆိုတာနဲ့မိတ်ဆက်ပေးမယ်။
Trace အကြောင်းလေးဘဲ အဓိကပြောမယ်။
ကိုယ့်ဆိုဒ်ကိုလာပြီး cbox မှာလာအော်သွားသူုတွေကို ဘယ်နိုင်ငံကနေသုံးနေတာလဲလို့ ကြည့်နိုင်ပါတယ်။
www.cbox.ws ထဲကို login လုပ်။
Messages ဆိုတဲ့နေရာကိုသွား။
ကိုရှာချင်တဲလူရဲ့ IP address ကို network-tool.com မှာရိုက်ထည့်။ trace ကိုရွေးပြီး submit ကိုနှိပ်လိုက်ရင်တွေ့ပါပြီ။

ကျွန်တော်နှစ်ယောက်ကို စမ်းကြည့်လိုက်တယ်။ တေဇာ(ဘလင့်) ၊ နှင်းပွင့်ဖြူလေး
ခွင့်ပြုတယ်မဟုတ်လား။
တေဇာ ကမြန်မာနိုင်ငံကပါ။
နှင်းပွင့် က ကမ္ဘောဒီယားကပါ။
အဖြေမှန်ရဲ့လား။

တစ်ခုတော့ရှိတယ်။ proxy သုံးပြီးလာသူတွေဆိုရင်တော့မှန်မှာမဟုတ်ဘူး။

ကျန်သေးတယ်...

ကံဆိုးလိုက်တဲ့ကျွန်တော်

ကျွန်တော်အလုပ်တွေ နဲနဲ အားသွားတာနဲ့ ပိုစ့်အသစ်တွေတောင်မရေးရသေးဘူး၊ ဖျားတာပါဘဲ။ ပင်ပန်းလို့ထင်ပါတယ်။ Sunday လောက်ထဲကဖျားတာ ဒီနေ့မှကောင်းတော့တယ်။

ကျန်သေးတယ်...

Sunday, December 16, 2007

Site ကို ပြန်ဖွင့်ထားပါတယ်။

ကျွန်တော်နဲနဲ အလုပ်ရှုပ်နေတာနဲ့ post မတင်ဖြစ်ဘူး။
အိမ်မှာအားရင် X'mas အတွက် template တစ်ခုလုပ်မယ်ဆိုပြီးလုပ်နေတယ်။
template ပြင်ထားလို့ site ကိုပိတ်ထားတာရော ပိုစ့်အသစ်မရှိရင်လာနေကြသူတွေတောင် ကျွန်တော့လိပ်စာကိုမေ့သွားမှာစိုးတာနဲ့ ဆိုဒ်ကို ပြန်ဖွင့်ထားလိုက်ပါတယ်။ ပြင်တာတော့မပြီးသေးဘူး။
Template ကိုအစမ်း offline run ကြည့်တော့ ဘာမှ error မပြပေမယ့်...
တကယ် တင်ကြည့်တော့ error တွေတက်နေတယ်။
ကျွန်တော်ထည့်ထားတဲ့ effect တွေကို mozilla မှာမမြင်ရဘဲ IE မှာသာတွေ့ရတယ်။
ဒါဘာဖြစ်လို့လည်းဆိုတာသိရင်ပြောပြပေးကြပါ။

ကျန်သေးတယ်...

Font လေးတွေကြည့်လို့ကောင်းအောင်

Font တွေကို ကြည့်လို့ပိုကြည်လင်ပြတ်သားနေအောင် WindowXP မှာပြင်လို့ရပါတယ်။
အရင်ဆုံး desktop မှာ right-click လုပ်ပြီး properties ကိုဝင်ပါ။
Appearance Tab အောက်ကိုသွားပြီး Effect ကို click လုပ်ပါ။
Use the following method to smooth ...
ကို check လုပ်ထားပြီး Clear Type ကို Drop down menu မှရွေးပြီး OK နှိပ်လိုက်ပါ။
နောက်ထပ် OK ထပ်နှိပ်လိုက် ရင်...
ဘာတွေကွာသွားလဲဆိုတာ အောက်ကပုံနှစ်ပုံကိုယှဉ်ကြည့်ရင်သိနိုင်ပါတယ်။




မပြင်မီ
ပြင်ပြီး

ကျန်သေးတယ်...