Friday, December 12, 2008

Reflexive Arcade က ဂိမ်းတွေကို အချိန်ကန့်သတ်ချက်မရှိအောင်

Reflexive Arcade က ဂိမ်းတွေကို အချိန်ကန့်သတ်ချက်ရှိအောင် ကျွန်တော်တို့ crack လုပ်ကြည့်ရအောင်

ဘာတွေလိုမလဲ
olly debugger

ကျွန်တော်ကတော့ lavender ဆိုတဲ့ game ကို crack လုပ်ပြထားတယ်။
အောက်မှာပုံတွေကိုလေ့လာကြည့်ပါ။


အရင်ဆုံး olly debugger ကိုဖွင့်လိုက်ပါ။
ပြီးရင် open နှိပ်ပြီး crack လုပ်ချင်တဲ့ game ကိုဖွင့်လိုက်ပါ။
ပြီးရင် ctrl + A တစ်ခါနှိပ်ပြီး analysis လုပ်လိုက်ပါ။

1) Right-Click လုပ်ပြီးအောက်မှာပြထားသလိုရွေးလိုက်ပါ။


2)နောက်ထပ်အသစ်ပေါ်လာတဲ့ window မှာ



3) bad ဆိုတာကိုရှာပါ


4) No unlock code when purchased - bad error for you. ဆိုတာကို Right-Click > Follow in Disassembler


5)အောက်မှာပြထားတဲ့နေရာမျိုးလေးကိုရောက်သွားမယ်။


6) JNZ Short ဆိုတာကို click လုပ် spacebar နှိပ်လိုက် ပြီးရင် ပေါ်လာတဲ့ box ထဲမှာ NOP ဆိုတာရိုက်၊ Fill with NOPs ဆိုတာကို အမှန်ခြစ်ထားပြီး Ok နှိပ်လိုက်


7) ပြီးသွားရင် step 1) ကနေ step 5) ထိပြန်လုပ်ပါ ဒီတစ်ခါမှာ expirein10.txt ဆိုတာကိုရှာပါ။ အောက်မှာပြထားတဲ့နေရာကိုတွေ့ရလိမ့်မယ်။ မတွေ့ရင် အပေါ်ကိုနည်းနည်း scroll လုပ်ပေးပါ။


Test AL,AL ဆိုတဲ့အောက်က JE Short ဆိုတာရယ်။ Test AH အောက် JNZ ဆိုတာကိုပြင်ရပါမယ်။
ကျွန်တော် highlight လုပ်ပြထားပါတယ်။

8) JE Short ကို Right-Click > Assemble >


JNZ ဆိုပြီးပြောင်းလိုက်ပါ။



JNZ Short ကိုတော့ NOP လုပ်လိုက်ပါ။



အောက်မှာပြထားသလိုလေးဖြစ်သွားပါမယ်။



9) Right-Click နှိပ် Copy to executable > All modification


10) box အသစ်တစ်ခုကျလားပြီးမေးရင် Copy All
11) Right-Click နှိပ် Save File
12) Overwrite လုပ်မှာလားဆိုရင် yes (backup file ကို olly က auto လုပ်ပေးလိမ့်မယ် ပူစရာမလိုဘူး)

အခုဆိုရင်ကိုယ့်ဖာသာကိုယ် crack လုပ်ထားတဲ့ ဖိုင်နဲ့ကစားလိုက်တော့။
အင်တာနက်ပေါ်မှာ crack ဖိုင်ရှာရတဲ့ ဒုက္ခတစ်ခုတော့ လျော့သွားပြီပေါ့။

ကျန်သေးတယ်...

Friday, November 14, 2008

Google G1 phone bug

ကျွန်တော်တို့ရဲ့အချစ်တော် google ကထုတ်လိုက်တဲ့ဖုန်းမှာ တော်တော်ဆိုတဲ့ bug တစ်ခုပါလာတယ်။
bug ကတော့သိပ်အဆိုးကြီးမဟုတ်ပါဘူး။ reboot ဆိုတဲ့ စာလုံး message မှာပါသွားရင် ဖုန်းကို reboot လုပ်လိုက်တာပါ။
ကျန်တဲ့ bug တွေကိုတော့ကျွန်တော်လည်းသိပ်နားမလည်ဘူး။
original link

ကျန်သေးတယ်...

How to Killed Gtalk Virus

Virus Information

Type

Worm

First Detected Date

Oct 5 2008

File Size

267,085 bytes

File Version

3.2.12.0

File Name(Main File)

Chrome.exe

MD5 Hash

52e5c8fbe013e98c4b90feeec2da8b33

Which Antivirus Detect it

AntiVir, Avast, AVG, BitDefender, CAT-QuickHeal, eSafe, F-Secure, Fortinet, GData, Ikarus, Kaspersky, McAfee, Panda, Prevx1, SecureWeb-Gateway, Sunbelt, Symantec, TrendMicro

ဘာတွေလုပ်သလဲ?
c:\windows\system32\usnsvc.exe, C:\windows\system32\chrome.exe နှင့် C:\windows\system32\setting.ini ဆိုတဲ့ဖိုင်သုံးခုကို ရေးလိုက်ပါတယ်။
C:\autoexec.bat ဆိုတဲ့ဖိုင်ကိုပြင်ရေးဖို့ကြိုးစားပါတယ်။ (အများအားဖြင့်ကပြင်ရေးလို့မရပါဘူး။ ၀င်းဒိုးက ပေးမပြင်လို့ပါ)

D:\chrome နဲ့ D:\autorun.inf ဆိုတာကိုလည်းရေးလိုက်ပါတယ်။
C: အောက်မဟုတ်တဲ့(flash drive အပါအ၀င်) ဘယ် folder အောက်ကိုမဆို virus file ၀င်ရေးပါတယ်။
ဥပမာ - d:\newfolder ဆိုတာရှိရင် d:\newfolder\newfolder.exe ဆိုပြီးရေးလိုက်မှာပါ။

ပြီးရင် registry editor, folder option, task manager စတာတွေကို သုံးလို့မရအောင်ပိတ်လိုက်ပါတယ်။ command prompt ကို စက္ကန့်ပိုင်းအတွင်းပြန်ပိတ်ပါတယ်။

ဘယ်လိုသတ်မလဲ?
ဘယ်လိုသတ်မလဲဆိုတာကိုကျွန်တော် bat ဖိုင်ရေးပြီးတာကြာပါပြီ။
ဒါပေမယ့် ကျွန်တော်တင်မယ်လုပ်လိုက်တဲ့နေ့မှာဘဲ ဗိုင်းရပ်စ် က upgrade ဖြစ်သွားတယ်။ အဲဒါနဲ့ code တွေနည်းနည်းပြင်ရင်း နောက်ကျသွားတာပါ။ နောက်ပြီးကော်နက်ရှင်ကြောင့်လည်းပါပါတယ်။ ကျွန်တော် blog ရေးမယ်လုပ်လိုက်တိုင်းကျကျသွားတယ်။

ရှင်းရှင်းလေးပါအောက်ကဖိုင်ကိုဒေါင်းလုပ်လုပ်ပါ။
zip ကို ဖြည်ပြီး gtalk.bat ဆိုတာကို run လိုက်ပါ။
http://h1.ripway.com/leojack/Download/Gtalk.zip
ပြီးရင် antivirus တစ်ခုခုကို install လုပ်ပြီး harddisk တစ်ခုလုံးကို scan လုပ်လိုက်ပါ။

Install မလုပ်ချင်ရင်
search ကိုခေါ်လိုက်ပါ။ > all files and folders
> file name မှာ *.exe
> Look in > Local Harddrives
> what size it is? > specify in size မှာ at most ဆိုတာရွေးထားပါ။

ပထမ virus version ဆိုရင် 261 kb ရှိတယ်။

ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 261 kb ဆိုတာတွေက folder ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။

ဒုတိယ virus version ဆိုရင် 482 kb
ဖိုင် size ကိုရိုက်ထည့်ပြီးရှာလိုက်။ ပြီးသွားရင် size နဲ့စီလိုက်ပြီး 482 kb ဆိုတာတွေက camera ပုံလေးတွေဖြစ်နေရင် ဖျက်လိုက်ပါ။

ကျန်သေးတယ်...

Tuesday, October 7, 2008

Fake Antivirus

မနေ့က antivir.com မှာ ထူးခြားတဲ့ သတင်းတစ်ခုတွေ့လိုက်ရတယ်။
ထူးထူးခြားခြား antivirus အတုတစ်ခုအကြောင်းရေးထားတာပါ။
အဲဒီ antivirus က Antivirus XP 2008 ပါ။ သူကဗိုင်းရပ်စ်တွေ စက်ထဲမှာမရှိဘဲနဲ့ စက်ထဲမှာရှိတယ်လို့ပြတယ်။ တစ်ချို့ဗိုင်းရပ်စ် ဖိုင်တွေကို Antivirus Signature နဲ့အတူထည့်ပေးလိုက်ပြီး သူ့ဖာသာသူ virus တွေ create လုပ်ပြီး ဗိုင်းရပ်စ်တွေ့တယ်လို့ပြောတယ်။ အဲဒီဗိုင်းရပ်စ်တွေကို ရှင်းဖို့ဆိုရင် license ၀ယ်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ဒီလိုမျိုး ၀ယ်သုံးမယ်သူမရှိတော့ ပြဿနာမရှိနိုင်ပါဘူး။ ဒါပေမယ့် သူက တစ်ချို့ဗိုင်းရပ်စ်တွေလောက်ပဲကာပေးနိုင်တာဆိုတော့ မသုံးသင့်ပါဘူး။ သုံးလက်စရှိရင်တော့ Uninstall လုပ်လိုက်တော့နော်။ ပြီးရင်စိတ်ချရတဲ့ Antivirus ပြောင်းတင်လိုက်ပါ။
Antivirus XP 2008 ရဲ့ Forge Result ကိုအောက်မှာပြထားပါတယ်။



ကျန်သေးတယ်...

Wednesday, October 1, 2008

Rar File Hosting

အကုန်လုံးက အင်တာနက်ပေါ်မှာ ဖိုင်တွေ share လုပ်ဖို့ hosting တွေအမျိုးမျိုးသုံးကြတယ်။
တစ်ချို့ဆိုဒ်တွေက အလကားရပေမယ် တစ်ချို့ကျတော့ ပိုက်ဆံပေးရတယ်။
အခုပြောပြမယ် ဆိုဒ်ကတော့ အလကားရပြီးတော့ ဖိုင်တစ်ခုကို 350 MB လောက်ထိတင်လို့ရတယ်။
ဖိုင်တစ်ခုကို inactive ဖြစ်တဲ့အချိန် ၂ လ ဆိုရင်တော့ ဖျက်ပစ်ပါတယ်။
ဒီဆိုဒ်မှာမကောင်းတဲ့ အချက်က Rar ဖိုင်တစ်မျိုးဘဲပေးတင်တာပါ။


ကျန်သေးတယ်...

Sunday, September 7, 2008

FoxyProxy ကိုသုံးပြီး ကျော်ကြည့်ရအောင်

ကျွန်တော်တို့ အင်တာနက်ကြည့်လို့ပိတ်ထားတာတွေကို Freedom သုံးပြီးကျော်ကြည့်ကြတယ်။ ဒါပေမယ့် ကျော်ဖို့မလိုတဲ့ ဆိုဒ်တွေကိုဆိုရင် proxy မသုံးဘဲ ဒီတိုင်းကြည့်တာက ပိုမြန်တယ်။ Browser နှစ်ခုခွဲပြီးကြည့်ရင်လည်း အဆင်မပြေဘူး။ အလုပ်ရှုပ်ပါတယ်။ ဒီတော့ …

Firefox မှာ FoxyProxy ဆိုတဲ့ add-on ရှိတယ်။
ကိုယ်ကဘယ်ဆိုဒ်တွေကို ဘယ် Proxy နဲ့ ကျော်ကြည့်မလဲဆိုတာ ကြိုရွေးထားလို့ရတယ်။
နောက်ပြီး ဘာပေါ်လာရင် Proxy ကိုသုံးမယ်ဆိုပြီး ချိန်ထားလို့လဲရတယ်။
ကျွန်တော်က freedom နဲ့ setting ချိန်တာကိုပဲ ပြောပါမယ်။
FoxyProxy Addon သွင်းပြီးရင် Browser ရဲ့ ညာဖက်၊ အောက်ထောင့်မှာ မြေခွေးခေါင်းပုံ ပေါ်လာပါလိမ့်မယ်။
Ctrl + F2 ကိုနှိပ်လိုက်ရင် setting box ကျလာပါလိမ့်မယ်။
Proxies ဆိုတဲ့ tab အောက်မှာ Default ကိုရွေးထားပြီး Edit Selection နှိပ်လိုက်ပါ။
Proxy Detail ကို Click လုပ်လိုက်ပြီး FireFox ရဲ့ Tools > Option > Advance > Network > Settings အောက်ကအတိုင်း ချိန်လိုက်ပါ။


ပြီးရင် Ok.
နောက် Add new proxy ဆိုတာကိုနှိပ်လိုက်ပါ။
အသစ်ပေါ်လာတဲ့ Box မှာ General > Proxy Name ကို Freedom ဆိုပြီးရိုက်ထားလိုက်
Proxy Detail ကို Click လုပ်လိုက်ပြီး Host Name: 127.0.0.1 Port: 8080 ဆိုတာဖြည့်လိုက်ပါ။
အောက်မှာပုံပြထားပါတယ်။


(Port Number က freedom မှာဘယ်လိုချိန်ထားလဲဆိုတာမူတည်ပါတယ်။ Default ကတော့ 8080 ပါ။)
ပြီးရင် ကြိုတင်ပြီးရွေးထားချင်ရင် Patterns > Add New Pattern ကိုနှိပ်ပြီး Pattern Name ရယ် Url Pattern ကိုဖြည့်ထားလိုက်ပါ။White List ကိုရွေးပါ။ ပြီးရင် Ok ပေါ့။
ဥပမာ - Pattern Name: Gmail
Url Pattern : *mail.google.com/*
မရွေးထားချင်ရင် OK လုပ်လိုက်ပါ။ Box တစ်ခုပေါ်လာမယ် Ok ထပ်နှိပ်ပါ။
ကျွန်တော်တို့ မြင်နေကြစာသားလေး
Access Denied
The access to requested URL has been denied
ဆိုတာလေးပေါ်လာတာနဲ့ Proxy ကိုအဲဒီ tab အတွက်သုံးဖို့ ချိန်ရအောင်
၁။ FroxyProxy Option အောက်က AutoAdd tab ကိုနှိပ်လိုက်ပါ။
၂။ Enable ကိုအမှန်ခြစ်ပါ။
၃။ Reload Page ကိုအမှန်ခြစ်ထားပါ။ notify me ကိုအမှန်ခြစ်လိုရင်ခြစ်ပါ။ မခြစ်ထားလဲရပါတယ်။
၎။ Prompt for editing ကိုတော့ ဖြုတ်ထားပါ။
၅။ အောက် Drop Down List Box ထဲမှာ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးလိုက်ပါ။
၆။ Pattern to identify block website ဘေးက Define ကို Click လုပ်ပါ။
၇။ ဘန်းထားရင်ပေါ်လာတဲစာသားထဲက တစ်ကြောင်းလောက်ကိုကူးပြီး ရှေ့နောက် * (ခရေပွင့်) ခံလိုက်ပါ။
ဥပမာ- BaganNet ဆိုရင် *The access to requested URL has been denied*
၈။ အောက် Wild Card ကို ရွေးထားပေးပါ။ ပြီးရင် Ok။ ဆက်တင်ချိန်တာပြီးပါပြီ။
မျက်လုံးလဲညောင်းရောပေါ။ အညောင်းပြေ ပိတ်ထားတဲ့ ဆိုဒ်တွေဖွင့်ကြည့်လိုက်နော်။ ကျော်ဖို့အတွက် freedom ဖွင့်ဖို့လဲမမေ့နဲ့အုံး။

ကျန်သေးတယ်...

Monday, June 30, 2008

svchost.exe

ဒီဗိုင်းရပ်ကအသစ်ပါ သူကို Antivir တစ်မျိုးကလွဲရင် Kaspersky, Norton, AVG စတဲ့ Antivirus တွေကမသိပါဘူး။

ဗိုင်းရပ်ရှိနေတာကို ဘယ်လိုသိနိုင်မလဲ။
USB drive ထည့်လိုက်ပြီး Open လုပ်လိုက်ရင် Message Box တစ်ခုကျလာလိမ့်မယ်။
Message box ထဲမှာ Drive not ready. Drive door may be open ဆိုတဲ စာသားမျိုးကိုတွေ့ရလိမ့်မယ်။

ဘယ်လိုသတ်မလဲ
၁။ taskmanager ကိုဖွင့်လိုက်ပါ။
၂။ Process အောက် image name ကို click တစ်ချက်နှိပ်ပြီး sort လုပ်လိုက်ပါ။
၃။ svchost.exe ဆိုတဲ့ process ကို လိုက်ရှာလိုက်ပါ။ တွေ့ရင် User Name အောက်ကိုကြည့်ပါ။ System, Network Service, Local Service မဟုတ်တဲ့ ဟာကိုလိုက်ရှာလိုက်ပါ။
၎။ End Process ကိုနှိပ်လိုက်ပါ။
၅။ Command Prompt ကိုဖွင့်ပါ။ del %windir%\system32\restore\svchost.exe ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
၆။ Registry Editor ကိုဖွင့်ပါ။ HKey_Local_Machie\software\Microsoft\windows\currentversion\run ကိုသွားပါ။
data ဆိုတဲအောက်က လမ်းကြောင်းမှာ c:\windows\system32\restore\svchost.exe ဆိုတဲ့ value ကို delete လုပ်လိုက်ပါ။
၇။ Command Prompt ကိုဖွင့်ပါ။ del /a:sh *\svchost.exe ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
နောက်ပြီး del /a:sh *\autorun.inf ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
* က ကျွန်တော်တို့ USB drive ရဲ့ Drive letter ပါ။

ကွန်ပြူတာကို restart လုပ်ပြီးရင် ဗိုင်းရပ်မရှိတော့ပါဘူး။

ကျန်သေးတယ်...

မွေးနေ့

ဒီနေ့ကတော့ တစ်ကယ်ထူးခြားတဲ့နေ့ပါ။
ကျွန်တော့သူငယ်ချင်း အောင်စည်ဟိန်း (နော်ဝေ) နဲ့ ကျွန်တော့ အမေတို့ရဲ့မွေးနေ့ဖြစ်ပါတယ်။
ကျွန်တော့ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် အလုပ်ရှုပ်နေလို့ဘာမှ မလုပ်ဖြစ်ပါဘူး။

ကျွန်တော်နဲ့ ကျွန်တော့သူငယ်ချင်းက ၂၀ ပြည့်ပါပြီ။ ကျွန်တော့အမေ အကယ်၍ အသက်ရှိခဲ့ ရင် ၅၀ ရှိပါပြီ။
ဟုတ်ပါတယ် ကျွန်တော့အမေဆုံးတာ ဒီနှစ်ဆို လေးနှစ်ပြည့်ခဲ့ပါပြီ။

သူငယ်ချင်း အောင်စည်ဟိန်း ရောက်ရှိနေသောနေရာ မှာပျော်ရွှင်နိုင်ပါစေ။

ကျန်သေးတယ်...

Wednesday, June 25, 2008

သူငယ်ချင်း တေဇာရဲ့မွေးနေ့

ဒီနေ့က ၂၄ ရက်နေ့ပါ။
ညနေဖက် ကျောင်းကပြန်ရောက်တော့ တေဇာ ဆီကဖုန်းဆက်တယ်လို့အိမ်ကပြောတယ်။
ဖုန်းဆက်ကြည့်တော့ မှသူ့မွေးနေ့မှန်းသိတာ။ (တော်တော်ကောင်းတဲ့သူငယ်ချင်းနော်)
ဒီတော့ကျွန်တော်လည်း အမြန်ပြေးရတာပေါ့။ (အစားနဲ့ပတ်သက်တော့လဲ...)
အဲဒီပွဲမှာကျွန်တော်နောက်အကျဆုံးဘဲ။ မြေနီကုန်းက YKKO မှာကျွေးတာပါ။ ကျွန်တော်ရောက်တော့ အကုန်စားပြီးနေကြပြီ။
မဘာညာ က တေဇာ အတွက် မွေးနေ့ကိတ်လက်ဆောင်ပေးပါတယ်။ တခြား ဘလော့ဂါတွေလဲများကြီးလာပါတယ်။
ကျွန်တော်သိတာကတော့ မပင့်ဂိုး နဲ့ မဘာညာ ဘဲရှိတယ်။

တေဇာ မွေးနေ့က ၂၅ ရက်နေ့မှပါ။ ကြိုကျွေးထားတာတဲ့။

တေဇာ ယခုမွေးနေ့ မှစ၍ တစ်ဘ၀လုံး လိုချင်သည်များရရှိပါစေ။

ကျန်သေးတယ်...

Wednesday, June 11, 2008

Run Shortcut

ကျွန်တော်တို့ run မှာ excel လို့ရိုက်လိုက်ရင် excel ပေါ်လာတယ်။
ကျွန်တော်က gamer ဆိုတော့ game ကို အဲဒီလို ရိုက်လိုက်ရင် ပေါ်လာစေချင်တယ်။
ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော် DOTA နဲ့ နမူနာပြပါမယ်။

အရင်ဆုံး registry editor ကိုဖွင့်ပါ။
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Currentversion\App Paths\ ကိုသွားပါ။
Right-Click ထောက်ပြီး New > Key ကို click လုပ်ပါ။
ပြီးရင် dota.exe ဆိုပြီး နာမည်ပေးလိုက်ပါ။
ညာဖက်က box ထဲက (default) ဆိုတာကို double-click လုပ်ပြီး frozen throne.exe (game ရဲ့ EXE) ကိုညွန်လိုက်ပါ။
ကျွန်တော်က e:\games\war3\frozenthrone.exe ဆိုပြီးထည့်လိုက်တယ်။
registry editor ကိုပိတ်နိုင်ပါပြီ။
ပြီးတော့ run မှာ dota လို့ရိုက်လိုက်ရုံနဲ့ game ကို ကစားလို့ရပါပြီ။
ဘယ် software ကိုမဆိုလုပ်လို့ရပါတယ်။

ကျန်သေးတယ်...