ကျွန်တော်ဟိုတနေ့ကဆို အင်တာနက်ကဖီးမှာ Microsoft Word မရှိလို့ရိုက်ထားတဲ့ပိုစ့်တွေမတင်လိုက်ရဘူး။
တခြားသူတွေဆီမှာလည်း ဒါမျိုးပြဿနာရှိမယ်ထင်တယ်။ ကျွန်တော်အခုအဖြေတွေ့သွားပြီ။ ဆိုင်ကို Install လုပ်ခိုင်းမဲ့အစား ကိုယ့် USB Drive မှာ Portable Application တွေသွင်းထားလိုက်ရုံဘဲ။
Abiword Portable
အားသာချက်
ဒီ Software က 18MB လောက်ဘဲနေရာယူတယ်။ သူ့ပုံစံက Microsoft Word နဲ့တော်တော်တူတယ်။
.abw , .abt, .doc, .html, .mht,.rtf, .txt, .text, .zabw, .odt စတဲ့ extension တွေနဲ့ သိမ်းလို့ရတယ်။
အားနည်းချက်
.doc extension နဲ့ သိမ်းပြီး Microsoft Word မှာဖွင့်လို့ရပေမယ့် Microsoft Word နဲ့သိမ်းထားတဲ့ .doc extension ကိုတော့မဖွင့်နိုင်ဘူး။ Recovery စနစ်မပါဝင်ပါ။
OpenOffice Portable
အားသာချက်
ဒီ Software က Microsoft Office 2003 ရဲ့ ဖိုင်တော်တော်များများကိုဖွင့်ပေးနိုင်တယ်။
Recovery စနစ်ပါသည်။
Open Office Microsoft Office
Text Document = Word
Spread Sheet = Excel
Presentation = Power Point
Database = Access
Drawing က Microsoft Office ရဲ့ Drawing Tools Bar နဲ့တော်တော်ဆင်တယ်။
Save လုပ်နိုင်တဲ့ extension ကလည်းတော်တော်များတယ်။ ချမရေးပြတော့ဘူး။
အားနည်းချက်
189MB အထိနေရာယူတယ်။ 256MB USB Drive ဆိုရင်တောင်သူ့ထည့်ထားရင် တခြားဖိုင်တွေထည့်ဖို့နေရာမရှိတော့ဘူး။ 512MB နှင့်မှအဆင်ပြေလိမ့်မယ်။
ဒီ Software နှစ်ခုလုံးကို http://www.portableapps.com ကနေအခမဲ့ရနိုင်ပါတယ်။
Thursday, September 6, 2007
ကျွန်တော်တို့သုံးနေကြ အင်တာနက်ကဖီးမှာ Microsoft Word မရှိရင်...
Posted by Leojack at 4:33 PM 0 comments
CD Drive တွေကို နာမည်ပြောင်းနည်း
ကျွန်တော်တို့တွေ Hard Disk တွေ USB Drive တွေကိုနာမည်တွေ (Label) အမျိုးမျိုးပေးကြတယ်။
CD Drive ကို နာမည်ပြောင်းတဲ့နည်းတစ်ခုကို ကျွန်တော်အမှတ်မထင် တွေ့ခဲ့ရတယ်။
ဒီနည်းက registry editor သုံးဖို့လိုပါတယ်။
၁။ အရင်ဆုံး startmenu ထဲက run မှာ regedit ဆိုတာရိုက်ထည့်ပြီး registry editor ကိုဖွင့်လိုက်ပါ။
၂။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\DriveIcons ဆိုတာကို ရောက်အောင်သွားလိုက်ပါ။
၃။ DriveIcons ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။
၎။ key အတွက် နာမည်ကို ကိုယ်ပြင်ချင်တဲ့ CD Drive ရဲ့ Drive Letter ဥပမာ- F လို့ပေးလိုက်ပါ။
၅။ F ဆိုတာကို right-click နှိပ်ပြီး new အောက်က key ကိုရွေးလိုက်ပါ။ နာမည်ကို DefaultLabel လို့ပေးလိုက်ပါ။
၆။ DefaultLabel ကိုဘယ်ဖက်မှာရွေးထားပြီး ညာဖက်က (Default) ကို ကလစ် နှစ်ချက်နှိပ်ပါ။
၇။ ပေါ်လာတဲ့ box ထဲမှာ ကိုပြောင်းချင်တဲ့နာမည်ကို ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။
၈။ My Computer ကိုသွားပြီးကြည့်လိုက်ရင် နာမည်ပြောင်းသွားတာတွေ့လိမ့်မယ်။
၉။ တကယ်လို့မပြောင်းရင် ကွန်ပြူတာကို restart ချလိုက်ပါ။
၁၀။ Restart မလုပ်ချင်ရင် Task Manager မှ Explorer.exe ကို Processes အောက်မှာရှာပြီး End Process လုပ်လိုက်ပါ။ Task Manager မှလွဲပြီးကျန်တာအားလုံးပျောက်သွားလိမ့်မယ်။ ပြီးရင် Application အောက်က New Task ကိုနှိပ်လိုက်ပါ။ အသစ်ပေါ်လာတဲ့ box ထဲမှာ explorer.exe ဆိုတာရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။ Files တွေပြန်ပေါ်လာလိမ့်မယ်။ CD Drive နာမည်လည်းပြောင်းသွားလိမ့်မယ်။
Posted by Leojack at 3:47 PM 0 comments
Sunday, September 2, 2007
No post on this day
I am too disappointed to say that x_x
But the computer I used this day have no Microsoft Office and Zawgyi Install.
So I could not post today.
Posted by Leojack at 7:02 PM 0 comments
Sunday, August 26, 2007
ကြော်ငြာကိုကြည့်ပြီး ပိုက်ဆံရမယ့်အစီအစဉ်
အရင်တုန်းကဆို ကြော်ငြာကို click လုပ်ရင် ကြော်ငြာတင်ထားတဲ့လူဘဲ ပိုက်ဆံရတယ်။
အဲဒီလိုကြော်ငြာမျိုးကို click လုပ်တဲ့လူ စိတ်ဝင်စားတဲ့လူ မရှိသလောက်ရှားတယ်။
အခုစနစ်က ကြော်ငြာဖတ်သူကို ပိုက်ဆံပြန်ပေးတဲ့စနစ်ဖြစ်တယ်။ ဒါမျိုးဆိုရင်တော့ စိတ်ဝင်စားမယ်ထင်တယ်။
ဘာတွေလိုသလဲ…
Email Account တစ်ခု နှင့် Paypal Account တစ်ခု ရှိရင်ရပါပြီ။
paypal.com မှာရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဆိုရင်တော့ Proxy သုံးဖို့လိုမယ်။ paypal.com ကမြန်မာ IP ကို ပိတ်ထားလို့။ ဒီလောက်ကတော့ မြန်မာနိုင်ငံသားတွေဘဲ Freedom ရှိတယ်လေ။ ကျော်တာခွတာလောက် အေးဆေး။ Account Name ကို မြန်မာနာမည် မသုံးဖို့နဲ့ နိုင်ငံကိုမြန်မာဟုမရွေးဖို့လိုပါတယ်။ address, state, province, postal-code တို့ကိုတော့ထည့်ချင်တာသာထည့်ပါ။ Credit Card မရှိလည်းပြဿနာမရှိပါဘူး။ Credit Card နဲ့ Verification မလုပ်ဘဲနဲ့ $1000 အထိစုထားလို့ရတယ်။
Paypal Account ရပြီဆိုရင်တော့ အောက်ကပုံကို Click လုပ်ပါ။
Click လုပ်ပြီးရောက်သွားတဲ့ Page မှာ Register လုပ်။
Email Verification လုပ်ပြီးလျှင် Login ကို My Adbux နှိပ်ပြီးလုပ်။ Form မှာလိုတာလေးတွေထပ်ဖြည့်။
ငွေချေတဲ့နည်းမှာ Paypal ကိုသုံးပါ။ Paypal ဆိုတဲ့ဘေးမှာ Paypal မှာ SignUP လုပ်ထားတဲ့ Email ကိုဖြည့်ပါ။
ကြော်ငြာ ကို Browse Ads နှိပ်ပြီးပေါ်လာတဲ့စာမျက်နှာက Link ကိုနှိပ်ပါ။ စာမျက်နှာအသစ်ပေါ်လာပါမယ်။ ပေါ်လာတဲ့စာမျက်နှာကအချိန်ကုန်ပြီး ဒေါ်လာပုံလေးပေါ်လာတဲ့အထိဖွင့်ထားရပါမယ်။ ပုံပေါ်လာပြီဆိုရင်တော့ Page ကိုပိတ်လို့ရပါပြီ။ link မှာအစိမ်းရောင်အမှတ်အသားလေးပြောင်းသွားရင် ဒီ link ကနေ ပိုက်ဆံရပြီးဖြစ်ပါတယ်။ ပိုက်ဆံ 10$ ပြည့်ရင် တစ်ခါ ပို့ခိုင်းလို့ရပါတယ်။
ပိုက်ဆံများများရကြပါစေ။
Posted by Leojack at 8:30 PM 0 comments
Saturday, August 25, 2007
Speeding Up Computer Using Notepad
ဒီနည်းကို Metacafe ကရတာလုပ်ရတာလွယ်ပါတယ်။
အရင်ဆုံး Notepad ကိုဖွင့်ပါ။
mystring=(80000000)
သုည 7 လုံးပါ။
ပြီးရင် ram.vbe ဆိုပြီး save လုပ်လိုက်ပါ။
နောက်ဆုံး Files ကို Run လိုက်ရင်ရပါပြီ။
Posted by Leojack at 12:26 PM 0 comments
Sunday, August 19, 2007
Saturday, August 11, 2007
သူငယ်ချင်း တေဇာ အတွက်
Hidden Unhidden Program
ဒီ Program က Hidden ဖြစ်နေတဲ့ Files Folder တွေမြင်ဖို့ ဖျောက်ဖို့ကို Folder Option ကို Access လုပ်စရာမလိုအောင်လုပ်ထားတာ
Posted by Leojack at 12:55 PM 1 comments
Tweak အတွက် Program
Posted by Leojack at 12:17 PM 0 comments
Sunday, August 5, 2007
ကွန်ပြူတာ speed မြန်နေအောင် ဘယ်လိုလုပ်မလဲ။
ကွန်ပြူတာ speed မြန်နေအောင်
၁။ Defragment ကိုပုံမှန်လုပ်ပါ။
၂။ Registry Cleaning Tools ကိုသုံးပါ။
၃။ Startup Program တွေနဲနိုင်သမျှနဲအောင်ထားပါ။ Startup Program များလေ စက်နှေးလေပဲ။
၎။ prefetch files တွေကို တစ်လတစ်ခါရှင်းပါ။
Startmenu>run မှာ prefetch ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Folder တစ်ခုပွင့်လာလိမ့်မယ်။ အဲဒီ folder ထဲက files တွေအားလုံးကို ဖျက်ပစ်လိုက်၊ ပြီးရင် restart လုပ်လိုက်။
ကွန်ပြူတာ မြန်လာလိမ့်မယ်။
အောက်က Tweak လေး တွေလဲ စမ်းကြည့်ပါအုံး။ (ဒါတွေကို Website တစ်ခုမှာတွေ့တာ။ အကုန်လုံးနီးပါး Registry ပြင်တာတွေပဲ။
note- Registry ကိုပြင်ရန် Startmenu>Run မှာ regedit ကိုရိုက်ပြီးဖွင့်ပါ။
Startmenu ဖွင့်ချိန်မြန်အောင်
HKEY_CURRENT_USER \ Control Panel \ Desktop \ MenuShowDelay ရဲ့ တန်ဖိုး မူလ 400 ကို 5 သို့ 0 ပြောင်းလိုက်ပါ။
Swap File (Page File)
သင့်ရဲ့ကွန်ပြူတာမှာ memory က 512MB အထက်ဆိုရင် Swap File (Page File) ကို disable လုပ်လိုက်ရင်ပိုမြန်လာ လိမ့်မယ်။ ဒါပေမယ့် memory အစားတဲ့ ဂိမ်းတွေဆော့လို့တော့မကောင်းဘူး။
Swap File (Page File) ကို disable လုပ်ရန်
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management က
DisablePagingExecutive ရဲ့တန်ဖိုးကို 0 က 1 ပြောင်းလိုက်ပါ။
Shutdown Speed မြန်အောင်
HKEY_CURRENT_USER\CONTROL PANEL\DESKTOP က
AutoEndTasks တန်ဖိုး 0 ကို 1 ပြောင်း ပြီးရင်
WaitToKillAppTimeout တန်ဖိုး 20000 ကို 3500 ပြောင်း လိုက်ပါ။
shutdown speed မြန်လာတာတွေရလိမ့်မယ်။
Boot တက်တာမြန်အောင်
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction က Enable တန်ဖိုး N ကို Y ပြောင်းပါ။
Write Caching
Write Caching သုံးပြီး စက်ကိုမြန်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် UPS မခံထားရင် မသုံးသင့်ဘူး။ ဘာလို့လဲဆိုတော့ Data ကို RAM ထဲမှာပဲထားပြီး အချိန်တစ်ခု(သို့) RAM ပြည့်သွားမှ ဟာ့ဒစ် ပေါ်ကိုရေးလို့။ မီးပျက်သွားရင် RAM ပေါ်က Data အကုန်သွားပြီ။
Write Caching ကို ဒီလိုလုပ်ပါ။
Device Manager ကိုဖွင့် > Disk Drive အောက်က Hard Disk ကို Right-click လုပ်ပြီး properties ကိုသွားပါ။
Policies Tab အောက်က Enable write caching on the disk ကို tick လုပ်ပါ။ ဒါဆိုရပါပြီ။
MFT (Master Files Table) Size ပြင်ခြင်း
MFT (Master Files Table) Size ပြင်ပြီးတော့လဲ စက်မြန်အောင်လုပ်လို့ရပါတယ်။
HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်မှာ key အသစ် NtfsMftZoneReservation ကို REG_DWORD အနေနဲ့ အသစ်ဖွင့်ပါ။
တန်ဖိုးကို 2 ထားပါ။ MFT (Master Files Table) Size ပြင်ခြင်း ပြီးပါပြီ။
DOS-Program တွေမသုံးဘူးဆိုရင်
HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်က NtfsDisable8dot3NameCreation တန်ဖိုး 0 ကို 1 ပြောင်းလိုက်ပါ။ Speed မြန်လာပါလိမ့်မယ်။
နောက်ထပ်သိရင်ထပ်ရေးပါ့မယ်။
Posted by Leojack at 2:57 PM 0 comments
I will post blog now.
နောက်ကျသွားတယ်။
Blogspot မှာ Member ဝင်ထားတာတော့ကြာပြီ။
Website တစ်ခုစမ်းရေးကြည့်နေတာနဲ့ Blog မရေးဖြစ်ဘူး။
ကျွန်တော့ရဲ့ ဝက်ဆိုက်က http://mystic7.789mb.com
လာလည်နော်။
Posted by Leojack at 2:13 PM 0 comments